နိုဝင်ဘာရွေးကောက်ပွဲအတွက် ဘိုင်ဒန်က ဒုသမ္မတ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံ

International News
နိုဝင်ဘာရွေးကောက်ပွဲအတွက် ဘိုင်ဒန်က ဒုသမ္မတ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံ

နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီရဲ့သမ္မတလောင်းနေရာကနေ နုတ်ထွက်ပြီလို့ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာလိုက်ပြီး ပါတီရဲ့ သမ္မတလောင်းအဖြစ် ကမ်မလာဟဲရစ်ကို ရွေးချယ်ဖို့လည်း မစ္စတာဘိုင်ဒန်က ပါတီဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ‘‘ပါတီနဲ့ နိုင်ငံ့အကျိုးအတွက်ဆိုပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို သူ ဝင်မပြိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒါပေမဲ့ ကျန်ရှိနေသေးတဲ့သမ္မတ သက်တမ်း ၆ လကာလကိုတော့ ဆက်ပြီးထမ်းဆောင်မယ်လို့ ဆိုပါတယ်

မစ္စတာ ဘိုင်ဒန်က ဒုတိယသမ္မတ ကမ်မလာဟဲရစ်ကို သမ္မတလောင်းနေရာအတွက် ထောက်ခံလိုက်ပါတယ်
ဟဲရစ်ကတော့ သမ္မတလောင်းနေရာအတွက် ‘‘ထိုက်ထိုက်တန်တန်ရရှိအောင် လုပ်ဆောင်ပြီး အနိုင်ရအောင်လည်း ကြိုးပမ်းမယ်’’၊ ‘‘ဒေါ်နယ် ထရမ့်ကို နိုင်ရေး နိုင်ငံစည်းလုံးဖို့ စွမ်းနိုင်သမျှ ကြိုးပမ်းမယ်’’ လို့လည်း ပြောပါတယ်

မစ္စတာ ဘိုင်ဒန်နေရာမှာ အစားထိုးလာနိုင်ခြေရှိတဲ့ သမ္မတလောင်းအဖြစ် တစ်ပြေးခဲ့ကြတဲ့ အကြီးတန်း ဒီမိုကရက်တွေဖြစ်တဲ့ ဂယ်ဗင် နယူဆန်နဲ့ ပိ ဘုတဂျစ် တို့ကလည်း ဟဲရစ်ကို ထောက်ခံနေကြပါတယ်

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့လတုန်းက မစ္စတာ ထရမ့်နဲ့ပြုလုပ်တဲ့ စကားရည်လုပွဲမှာ စွမ်းဆောင်ရည်ပိုင်း မေးခွန်းထုတ်ခံရပြီးတဲ့နောက်မှာ သမ္မတလောင်းအဖြစ် ဝင်မပြိုင်တော့ဖို့ တိုက်တွန်းတာတွေခံနေရတာပါ

သမ္မတကတော် ဂျေး ဘိုင်ဒန်ကတော့ ‘‘သူ ဘယ်လမ်းကို ရွေးရွေးထောက်ခံမယ်’’ လို့ ပြောထားသလို ‘‘သူ့ကို အယုံကြည်ဆုံးသူအဖြစ် ဆက်ရှိနေမယ်’’ လို့လည်း ပြောထားတဲ့အကြောင်း သူမရဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...