ပြင်သစ်ရွေးကောက်ပွဲမှာ လူများစုနေရာရသူမရှိဘဲ မရေရာမှုဖြစ်ပေါ်ဖွယ်ရှိ

International News
ပြင်သစ်ရွေးကောက်ပွဲမှာ လူများစုနေရာရသူမရှိဘဲ မရေရာမှုဖြစ်ပေါ်ဖွယ်ရှိ

ပြင်သစ်ရွေးကောက်ပွဲမှာ ဘယ်ပါတီအုပ်စုကမှ လူများစုနေရာ မရခဲ့တာကြောင့် လပေါင်းများစွာ နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းရဲ့ အစောပိုင်းတွက်ချက်ခန့်မှန်းမှုတွေအရ လက်ယာယိမ်းတွေက မျှော်လင့်ချက်တွေ ပြည့်မီအောင် မစွမ်းနိုင်ခဲ့ဘဲ လက်ဝဲယိမ်းတွေ က မထင်မှတ်တဲ့ အနိုင်ရမှုတွေရှိနိုင်ကြောင်း ပြသနေပါတယ်။

လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ New Popular Front က အမတ်နေရာတွေမှာ ဦးဆောင်သွားမယ်လို့ မျှော်လင့်ထားကြချိန်မှာပဲ သမ္မတ အီမန်နျူယယ်မက်ခရွန်ရဲ့ ဗဟိုဝါဒီတွေက လွှတ်တော်လူများစုနေရာကို ဆုံးရှုံးသွားပါတယ်။ ဒါနဲ့အတူ ပြင်သစ်နိုင်ငံရေးမှာ လပေါင်းများစွာ ဦးတည်ချက်ပျောက်ကာ မတည်ငြိမ်မှု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အမတ်နေရာ ၅၇၇ နေရာအတွက် ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း New Popular Front က အမတ်နေရာ ၁၈၄-၁၉၈ ၊ မက်ခရွန်ရဲ့ ဗဟိုဝါဒီ အဖွဲ့ Ensemble က ၁၆၀-၁၆၉ ကြား ၊ မရင်းလီပင်းရဲ့ လက်ယာယိမ်း RN အဖွဲ့ က ၁၃၅-၁၄၃ လောက် အနိုင်ရရှိနိုင်ကြောင်း အများအားဖြင့် တိကျမှုရှိတဲ့ စစ်တမ်းတွေက ခန့်မှန်းထားကြပါတယ်။ ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းတွေမှာတော့ လက်ယာယိမ်းတွေက သက်သောင့်သက်သာ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

အရင်က မရှိခဲ့ဖူးတဲ့ နိုင်ငံရေးအနေအထားကြောင့် သူ့အနေနဲ့ တနင်္လာနေ့မှာ ရာထူးမှ နုတ်ထွက်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂါဘရီရယ်အာတယ် က ပြောကြားပါတယ်။

မိမိတို့အနေနဲ့ မနက်ဖြန်ကစပြီး နိုင်ငံရေးသဘောတူညီချက်အသစ်အတွက် အားစိုက်လုပ်ဆောင်ကြရမှာဖြစ်ပြီး အဲဒီနေရာမှာ ရှင်းလင်းတဲ့တန်ဖိုးတွေနဲ့ ပြည်ထောင်စုကိုအာမခံတဲ့ ပြင်သစ်လူမျိုးအားလုံးပါဝင်ရမှာ ဖြစ်ကာ စိတ်ဝမ်းကွဲပြားမှု မရှိအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြောကြားပါတယ်။

ပြင်သစ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သုံးပုံ ၊ နှစ်ပုံ လာရောက်မဲပေးခဲ့ကာ နောက်ဆုံးအကြိမ်ရွေးကောက်ပွဲတုန်းကထက် မဲပေးသူ ၂၀ ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်း သိရပါတယ်။

ရေးသားသူ – စံတော်ချိန်ဒစ်ဂျစ်တယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...