ဗြိတိန်ခြေထောက်မော်ဒယ် နင်းခြေပြီး ထုတ်လုပ်ထားတဲ့ စပျစ်ဝိုင်ကို ပေါင် ၁၀၀ နဲ့ ရောင်းချ

International News
ဗြိတိန်ခြေထောက်မော်ဒယ် နင်းခြေပြီး ထုတ်လုပ်ထားတဲ့ စပျစ်ဝိုင်ကို ပေါင် ၁၀၀ နဲ့ ရောင်းချ

ဗြိတန်ခြေထောက်မော်ဒယ်တစ်ဦးဟာ သူ့ခြေထောက်နဲ့ နင်းခြေပြီး ထုတ်လုပ်ထားတဲ့ စပျစ်ဝိုင်တွေကို တစ်ပုလင်း ပေါင် ၁၀၀ နှုန်းနဲ့ ရောင်းချလျက်ရှိပါတယ်။ သူ့ခြေထောက်နဲ့ နင်းခြေထားတဲ့ စပျစ်သီးတွေကို ဝိုင်ထုတ်ဖို့ လန်ဒန်အခြေစိုက် Renegade Urban ဝိုင်လုပ်ငန်းက ဆက်သွယ်ခဲ့တာလို့ အသက် ၃၀ အရွယ်ရှိတဲ့ မော်ဒယ် အမ်မီလီရေက ဆိုပါတယ်။

ရှေးခေတ် နည်းဟောင်းကို အသုံးပြုပြီး ခြေထောက်နဲ့နင်းခြေ ထုတ်လုပ်ထားတဲ့ ဝိုင်ကိုတော့ Simp လို့ အမည်ပေးထားပါတယ်။ Simp ဝိုင် ထုတ်လုပ်ချိန်မှာ အသက်အန္တရာယ် ကြုံခဲ့ရတယ်လို့ အမ်မီလီရေက ဆိုခဲ့ပြီး သူ့အသက်နဲ့ရင်းပြီး ထုတ်လုပ်ထားရတဲ့ ဝိုင်ပုလင်းကို သူ့ပရိသတ်တွေက ပေါင် ၁၀၀ ပေးပြီး ဝယ်ကြလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

” ပုလင်းတိုင်းက ကျွန်မခြေထောက်နဲ့ သက်ဆိုင်နေတော့ ခြေထောက်ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ စပျစ်သီးတွေကို နင်းရင်း အသက်အန္တရာယ် ကြုံခဲ့သေးတယ်။ အခွံတွေကို နင်းခြေရတော့ အရမ်းချော်တယ်လေ။ အဝကျယ် စည်ပိုင်းပြတ်ထဲမှာ စပျစ်သီးတွေ နင်းခြေနေရင်း ခြေချော်ပြီး လွင့်ထွက်သွားခဲ့တာပါ”လို့ အမ်မီလီရေက ဆိုပါတယ်။

Simp Wine ကို စပိန်နိုင်ငံ ကာတာလန်ဒေသ၊ လက်ဘနွန်နိုင်ငံတွေမှ ထွက်တဲ့ စပျစ်သီးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။ Simp Wine ကို အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတာဖြစ်ပြီး အွန်လိုင်းပေါ်ကနေပဲ မှာယူနိုင်မှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...