မော်စကိုမှာ ပူတင်နဲ့တွေ့ တဲ့ မိုဒီ၊ ရုရှားနဲ့ အမေရိကန်ကြား ဗျာများတဲ့ အိန္ဒိယ

International News
မော်စကိုမှာ ပူတင်နဲ့တွေ့ တဲ့ မိုဒီ၊ ရုရှားနဲ့ အမေရိကန်ကြား ဗျာများတဲ့ အိန္ဒိယ


ယူကရိန်း ဆေးရုံကို ဒုံးကျည် မှန်ပြီး နောက်တရက်မှာပဲ အပြစ်မရှိတဲ့ ကလေးတွေ thayရတဲ့အတွက် နာကျင် ခံစားရကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ က ရုရှားသမ္မတ ပူတင်ကို ပြောကြားခဲ့ပါတယ်။

မော်စကိုကို လာတဲ့ ခေါင်းဆောင်တယောက်က ဒါမျိုး ပြောလေ့မရှိဘူးလို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒီပြောကြားချက် ထွက်ပေါ်လာပြီးနောက် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက် ဆွေးနွေးဖို့ မရှိကြောင်း ရုရှားဘက်က ပြောဆိုပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး ရအောင် ကူညီဖို့ အိန္ဒိယ အသင့်ရှိကြောင်း စောစောပိုင်းက နရိန္ဒရာမိုဒီ ပြောကြား ခဲ့ပါတယ်။

မော်စကိုကို လာတဲ့ ခေါင်းဆောင်တယောက်က ဒါမျိုး ပြောလေ့မရှိဘူးလို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒီပြောကြားချက် ထွက်ပေါ်လာပြီးနောက် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက် ဆွေးနွေးဖို့ မရှိကြောင်း ရုရှားဘက်က ပြောဆိုပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး ရအောင် ကူညီဖို့ အိန္ဒိယ အသင့်ရှိကြောင်း စောစောပိုင်းက နရိန္ဒရာမိုဒီ ပြောကြား ခဲ့ပါတယ်။

မိုဒီရဲ့ မော်စကိုခရီးကို ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပြစ်တင် ရှုတ်ချခဲ့သလို ယူကရိန်း နယ်မြေ ခိုင်မြဲရေးအတွက် မိုဒီ ပြောသွားတာကိုလည်း မတွေ့ရပါဘူး။

မိုဒီရဲ့ ရုရှား ခရီးစဉ်ကို အနောက်တိုင်း မဟာမိတ်တွေက သတိထား စောင့်ကြည့်နေကြတာပါ။ ဒါဟာ ဇွန်လမှာ သူ တတိယသက်တမ်း ဆက်နိုင်ပြီးနောက် မိုဒီရဲ့ ပထမဆုံး နိုင်ငံခြား ခရီး ဖြစ်ပါတယ်။

မစ္စတာ မိုဒီ ရောက်တဲ့ တနင်္လာနေ့မှာပဲ ယူကရိန်းမှာ ရုရှား ဗုံးကြောင့် အနည်းဆုံး ၄၁ ယောက် သေဆုံးခဲ့ပါတယ်။ ကိဗ်မြို့တော်က ကလေးဆေးရုံကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ ကမ္ဘာအနှံ့ ဝေဖန်ရှုတ်ချကြပါတယ်။

၂၀၁၉ နောက်ပိုင်း ပထမဆုံး ရုရှားကို မိုဒီ ပြန်ရောက်လာချိန်ဟာ ဝါရှင်တန်မှာ နေတိုး ထိပ်သီးဆွေးနွေးပွဲ လုပ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အိန္ဒိယဟာ ရုရှားရော အမေရိကန်နဲ့ပါ နီးစပ်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီးတခု ဖြစ်ပါတယ်။ ဒါကြောင့် မိုဒီရဲ့ ရုရှားခရီးစဉ်ကို ဒေလီက အာဏာပိုင်တွေက နှစ်ပတ်လည် တွေ့ဆုံပွဲလိုပဲ လျှော့ချ ပြောဆိုကြပါတယ်။

အမေရိကန်ကတော့ ဒီခရီးကို စိတ်ပျက်ပုံရပါတယ်။ မိုဒီအနေနဲ့ မော်စကိုက ဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ နယ်မြေ တည်တဲ့ ခိုင်မြဲမှုကို အလေးထားဖို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သယူး မီလာက ဆိုပါတယ်။

ဝါရှင်တန်မှာ အင်္ဂါနေ့က စပြီး ကျင်းပတဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲဟာ ဒုတိယ ကမ္ဘာစစ်အပြီး ဆိုဗီယက်ရုရှားကို တန်ပြန်ဖို့ ဒီစစ်အုပ်စု တည်ထောင်တာ ၇၅ နှစ် ပြည့်တဲ့ အထိမ်းအမှတ် ကျင်းပတာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှား ဝင်သိမ်းတာကိုလည်း နေတိုးနိုင်ငံတွေက ဆန့်ကျင်ကြပါတယ်။ မစ္စတာ မိုဒီက ဆွေးနွေးပွဲ လုပ်ဖို့နဲ့ သံတမန်ရေးအရ စစ်ပြေငြိမ်းအောင် ကြိုးစားဖို့ တောင်းဆိုတာကလွဲပြီး သမ္မတ ပူတင်ကို ပေါ်တင် ဝေဖန်တာမျိုး မလုပ်ဘဲ ရှောင်နေခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ပြီး အထီးကျန်အောင် ကြိုးစားနေချိန်မှာ သမ္မတ ပူတင်ကတော့ တရုတ်၊ အိန္ဒိယ၊ တူရကီ စတဲ့ အရေးကြီးတဲ့ နိုင်ငံတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတွေ လုပ်နေပါတယ်။

အိန္ဒိယနဲ့ ရုရှားဟာ စစ်အေးခေတ်ကတည်းက နီးစပ်တဲ့ ကာကွယ်ရေးနဲ့ မဟာဗျူဟာ ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။ ရုရှားဟာ ခုထိ အိန္ဒိယကို လက်နက် အဓိက ထောက်ပံ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး စစ်တပ်တတပ်ကို ပိုင်ဆိုင်တဲ့ အိန္ဒိယမှာ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတွေနဲ့ နယ်စပ် အငြင်းပွားမှုတွေက နှစ်ရှည် ကြာမြင့်နေပါပြီ။

မိုဒီက ရုရှားကို အလေးပေး ဆက်ဆံတာ အံ့သြစရာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ဒီဆက်ဆံရေးဟာ လက်နက် ဝယ်တာထက် ပိုတယ်လို့လည်း ဆိုပါတယ်။

အဏုမြူ ဓာတ်ပေါင်းဖို အများအပြား တည်ဆောက်ဖို့ နှစ်တွေနဲ့ချီပြီး ရုရှားက အိန္ဒိယကို နည်းပညာ အကူအညီပေးခဲ့ပါတယ်။

ယူကရိန်းစစ် စပြီး အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက်ပိုင်း ကတည်းက အိန္ဒိယက ရုရှားဆီက ဒေါ်လာ ဘီလျံချီ တန်တဲ့ ရေနံတွေကို လျှော့စျေးနဲ့ ဝယ်ခဲ့ပါတယ်။

အဲဒီနောက် ရုရှားနဲ့ အိန္ဒိယကြား ကုန်သွယ်မှုက ဒီနှစ်ပိုင်းအတွင်း ဒေါ်လာ ၆၅ ဘီလျံ ထိ ထိုးတက်လာခဲ့ပေမယ့် ရုရှားက အိန္ဒိယဆီက ပြန်ဝယ်တာကတော့ ၄ ဘီလျံလောက်ပဲ ရှိပါတယ်။

ဒီလို ကုန်သွယ်ရေး မမျှမတ ဖြစ်နေတာကို ဒီခရီးစဉ်မှာ မစ္စတာ မိုဒီ အရေးတကြီး ဆွေးနွေးလိမ့်မယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယမှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့နဲ့ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုတချို့ကို အိန္ဒိယကို ရွှေ့ဖို့ သူအားပေးမယ်လို့ ဆိုပါတယ်။

အရင် နှစ် ၂၀ အတွင်း အမေရိကန် အပါအဝင် အနောက်အုပ်စုနဲ့ အိန္ဒိယ ရင်းနှီးမှုတွေ တည်ဆောက်ခဲ့ကြပြီး ဒါဟာ တရုတ်ရဲ့ အားကြီး ခြိမ်းခြောက်လာမှုကို တန်ပြန်တာလို့ အများက မြင်ကြပါတယ်။

အိန္ဒိယဟာ ကွက်ခေါ် အမေရိကန်ရဲ့ မဟာဗျူဟာ ဆွေးနွေးဘက် သုံးနိုင်ငံထဲမှာလည်း သြစတြေးလျ၊ ဂျပန်တို့နဲ့အတူ ပါပါတယ်။ ဒါဟာ အာရှ ပစိဖိတ်မှာ တရုတ်ရဲ့ သြဇာကြီးလာတာကို တန်ပြန် အုပ်စုဖွဲ့တာလို့ မြင်ကြပါတယ်။

အနောက်တိုင်းရဲ့ ရန်လိုမှုကြောင့် ရုရှားနဲ့ တရုတ်ကြား မဟာဗျူဟာနဲ့ စီးပွားရေး ဆက်ဆံမှုတွေလည်း များလာပါတယ်။ ဒါကို တရုတ်ရဲ့ ပြိုင်ဘက်ကြီး အိန္ဒိယက မမြင်ဘဲ နေမှာ မဟုတ်ပါဘူး။

၂၀၂၀ တုန်းကပဲ လဒက်ဒေသမှာ ရန်ပွဲဖြစ်လို့ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား အနည်းဆုံး လေးယောက် သေဆုံးပြီး တင်းမာမှုတွေ ကြီးခဲ့ပါတယ်။

ရုရှား-တရုတ် ဆက်ဆံရေးကနေ အိန္ဒိယကို ပထုတ်လာမလား စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

အိန္ဒိယရဲ့ လက်နက်ဝယ်ယူမှုကို အမေရိကန်၊ ပြင်သစ်နဲ့ အစ္စရေး စတဲ့ နိုင်ငံတွေဆီကနေ ခွဲဝေ ဝယ်ယူခဲ့ပေမယ့်လည်း ရုရှားပေါ် မှီခိုမှုက ကြီးနေဆဲ ဖြစ်ပါတယ်။ ယူကရိန်းစစ်ကြောင့် လက်နက်ပစ္စည်း တင်ပို့မှု ထိခိုက်လာမလား စိုးရိမ်မှုကလည်း ရှိပါတယ်။

အိန္ဒိယနဲ့ ရုရှားမှာ ကွဲပြားမှုတွေလည်း ရှိပါတယ်။ အိန္ဒိယနိုင်ငံသားတွေကို အလုပ်ပေးမယ်ဆိုပြီး ဖျားယောင်းခေါ်ဆောင်ကာ ရုရှားစစ်တပ်အတွက် ယူကရိန်းမှာ စစ်တိုက်ခိုင်းတာမျိုးတွေ ရှိပါတယ်။ အိန္ဒိယက လေးယောက်လောက်လည်း တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။

ဒါကို အိန္ဒိယဘက်က ဒီခရီးစဉ်မှာ စောဒက တက်ကြပါတယ်။ မစ္စတာမိုဒီကလည်း အိန္ဒိယတပ်သားတွေကို တပ်က ထုတ်ဖို့ ရုရှားဘက်ကို ဖိအားပေးမှာပါ။ ရုရှားမှာ ဝင်တိုက်နေကြတဲ့ အိန္ဒိယတပ်သား ဒါဇင်နဲ့ချီ ရှိအုန်းမယ်လို့ ယူဆရပါတယ်။

သူ့ပြိုင်ဘက် တရုတ်ကို တန်ပြန်ဖို့ အမေရိကန်နဲ့ ရုရှားကို လိုအပ်မှန်း အိန္ဒိယက သိပါတယ်။ ဒါကြောင့် ဘယ်ဘက်ကိုမှ မစော်ကားမိအောင် သတိထားရပ်တည်ဖို့ လိုမှန်း အိန္ဒိယ သိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...