မြောက်ကိုရီးယားမှာ ရေကြီးလို့ လူထောင်ချီရေဘေးသင့်,’အရေးပေါ် အခြေအနေ’ ကင်ဂျုံအွန်းကြေညာ
မြောက်ကိုရီးယားနိုင်ငံမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းအတွင်း စံချိန်တင် မိုးသည်းခဲ့ပြီး တဲ့နောက် ရေကြီးမှုတွေကြောင့် ထောင်နဲ့ချီတဲ့လူတွေ ရေဘေးသင့်နေပါတယ်။
နိုင်ငံပိုင်မီဒီယာကတော့ အဲဒီကလူပေါင်း ၄,၂၀၀ ကို လေယာဥ် ၁၀ စီးနဲ့ ကူးလာခေါက်ချည် အကြိမ် ၂၀ ပျံသန်း ကယ်ထုတ်ထားတယ်လို့ ပြောပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရေကြီးနေတဲ့သတင်းတွေ
ဓာတ်ပုံတွေမှာတော့ တရုတ်နယ်စပ်နဲ့ကပ်လျက်က မြင်ရတဲ့ ရေကြီးတဲ့နေရာတွေကတော့ ရှင်နီဂျူ နယ်နဲ့ အီဂျူနယ်တို့မှာ အိမ်တွေနဲ့ လယ်ယာစိုက်ခင်းတွေ ရေထဲ မြုပ်နေတာကို မြင်တွေ့ရပါတယ်။
ရေကြီးမှုကို လက်ဇက်ကားနဲ့ ဖြတ်သန်းကြည့်ရှုနေတဲ့ မစ္စတာ ကင်
ဓာတ်ပုံ ပုံစာ,ရေကြီးမှုကို လက်ဇက်ကားနဲ့ ဖြတ်သန်းကြည့်ရှုနေတဲ့ မစ္စတာ ကင်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရေဘေးသင့်ဒေသကို သွားချိန် လက်ဇက်ကားအနက်ရောင်နဲ့ ရေထဲ ဖြတ်သန်းနေတဲ့ဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။
မြောက်ကိုရီးယားမှာ သဘာဝဘေးစီမံရေးမှာ ထိပ်တန်းခေါင်းဆောင်တွေ ရှေ့ဆုံးကနေမြင်ရ လေ့ရှိပေမဲ့ ဒါဟာ မကြုံစဖူး ထူးထူးကဲကဲ မြင်ရတဲ့မြင်ကွင်းလို့ အကဲခတ်တွေက ပြောပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။