သဘာဝဘေးမဲ့တောမှာ ခရီးသွားတွေကို ခြောက်လှန့်ပေးရင် တရုတ်ဇာတ်သမားတွေက ၁ လကို ယွမ် ၅၀၀၀ ရရှိ

International News
သဘာဝဘေးမဲ့တောမှာ ခရီးသွားတွေကို ခြောက်လှန့်ပေးရင် တရုတ်ဇာတ်သမားတွေက ၁ လကို ယွမ် ၅၀၀၀ ရရှိ

တရုတ်နိုင်ငံ၊ လျောင်းနင်ပြည်နယ်မှာ တည်ရှိတဲ့ သဘာဝဘေးမဲ့တောတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုကြောင့် လူစိတ်ဝင်စားမှုများလာနေပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဇာတ်သမားတွေက လူရိုင်းတွေလိုဝတ်ဆင်ပြီး လာရောက်လည်ပတ်ကြသူတွေကို ခြောက်လှန့်နေတာပါ။


လူရိုင်းလို တိရစ္ဆာန်အရေခွံအတုတွေဝတ်ဆင်ကာ မိတ်ကပ်လိမ်းခြယ်ထားတာကိုလည်းတွေ့ရပါတယ်။ သူတို့အားလုံးက သစ်သားလေးနဲ့မြားတွေကို ကိုင်ဆောင်ထားကာ လူရိုင်းတွေလို အော်ဟစ်ပြီးတော့ လာရောက်လည်ပတ်သူတွေကို ခြောက်လှန့်ရတာပါ။


သဘာဝဘေးမဲ့တောက ဝန်ထမ်းတစ်ယောက်ကို Hubei Television မှာ မေးမြန်းတော့ အခုနှစ် ဧပြီလမှာ လူပေါင်း ၁၀၀ ကျော်က ဒီအလုပ်အတွက် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ အတွေ့အကြုံရှိတဲ့ ဇာတ်သမား အယောက် ၂၀ ကို ရွေးချယ်ခဲ့ပြီး ၁ လကို ယွမ် ၅၀၀၀ စီရပြီး ၁ နေ့ကို မနက် ၁၀ နာရီကနေ နေ့ခင်း ၃ နာရီအထိ အလုပ်လုပ်ရတာဖြစ်ပါတယ်။

ကလေးငယ်တွေနဲ့ လာရောက်လည်ပတ်တဲ့သူတွေကတော့ အခုလိုလုပ်ရပ်ကို မနှစ်သက်တာတွေ့ရပါတယ်။ တချို့တွေကတော့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ အွန်လိုင်းမှာ လာရောက်လည်ပတ်သူတွေရဲ့ အစားအစာတွေကို လုတယ်ဆိုတဲ့ ကောလဟာလထွက်ရှိပြီးနောက် သဘာဝဘေးမဲ့တောရဲ့တာဝန်ရှိသူတစ်ဦးက သူတို့ရဲ့ဇာတ်သမားတွေကို အစားအစာကျွေးထားတာဖြစ်ပြီး လာရောက်လည်ပတ်သူတွေပိုင်ဆိုင်တဲ့အစားအစာတွေကို ယူခွင့်မပြုဘူး။ ခြောက်လှန့်ရတဲ့ရည်ရွယ်ချက်က လာရောက်လည်ပတ်သူတွေရဲ့စိတ်ဖိစီးမှုကို လျော့ကျအောင် ကူညီပေးဖို့ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...