သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန် ဘေးဖယ်လိုက်တဲ့ အကြောင်းရင်း ၆ ချက်

International News
သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန် ဘေးဖယ်လိုက်တဲ့ အကြောင်းရင်း ၆ ချက်

ဂျိုးဘိုင်ဒန် တစ်ယောက် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ပါဝင်ရွေးကောက်ယှဥ် ပြိုင်တဲ့မဲဆွယ်မှုကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာတော့ ကမ္ဘာ တဝန်းမှာပါ တုံ့ပြန်မှုတွေ ရှိလာနေပါတယ်။

ဆိုတော့ အောက်က အချက်တွေက ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံတယ်လို့ ဘိုင်ဒန်က ပြောလာပါတယ်။ ဟဲရစ်ရဲ့‘‘အတ္တကင်းပြီး နိုင်ငံချစ်စိတ်ရှိတဲ့လုပ်ရပ်’’ ကြောင့် အခုလိုဆုံးဖြတ်တာလို့လည်း ပြောပါတယ်။

‘‘နိုင်ငံနဲ့ ပါတီအကျိုးစီးပွားအတွက်’’ အခုလို ဆုံးဖြတ်တာဖြစ်တယ်လို့ ဘိုင်ဒန်ကပြောပြီး အခုသီတင်းပတ် နှောင်းပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောတဲ့အခါ အသေးစိတ်ရှင်းပြမယ်လို့လည်း ကတိပေးပါတယ်။

သမ္မတဟာ ဇွန်လနှောင်းပိုင်းတုန်းက သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် ဒေါ်နယ် ထရမ့်နဲ့အတူ စကားရည်လုတုန်းက စွမ်းဆောင်မှုအပေါ် ဒီမိုကရက်ပါတီဝင်တွေရဲ့ မေးခွန်းထုတ်ခံသလို ဖိအားတွေလည်း ရင်ဆိုင်နေရတာပါ။ ထရမ့်ကဆိုရင် ဘိုင်ဒန်ဟာ ‘‘တာဝန်ထမ်းဖို့ မကြံ့ခိုင်ဘူး’’ လို့ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား ကတော့ မစ္စတာ ဘိုင်ဒန်ကို ‘‘နိုင်ငံချစ်စိတ် အမြင့်ဆုံးရှိသူ’’ လို့ ရည်ညွှန်းပါတယ်။ မစ္စတာ ဘိုင်ဒန်ဟာ အိုဘားမားလက်ထက်မှာ ဒုတိယသမ္မတ တာဝန်ထမ်းခဲ့သူပါ။ အိုဘားမားဟာ မစ္စတာ ဘိုင်ဒန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရှိတယ်လို့ဆိုတဲ့ ထိပ်တန်း ဒီမိုကရက်တွေထဲမှာ ပါဝင်တယ်လို့ သတင်းတွေ ဖော်ပြပါတယ်။

ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်ကဆိုရင် ဘိုင်ဒန် နုတ်ထွက် သင့်တဲ့သဘောမျိုး ပြောထားပါတယ်။

ဘိုင်ဒန်ဟာ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ အပါအဝင် အနောက်နိုင်ငံတွေနဲ့ တခြားနိုင်ငံရေး မဟာမိတ်တွေဆီကနေ ချီးကျူးစကားတွေ ရရှိထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာအပါကတော့ ဘိုင်ဒန်ဟာ ‘‘အမေရိကန်ပြည်သူတွေရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက်’’ ခက်ခက်ခဲခဲဆုံးဖြတ်ချက် ချခဲ့တာလို့ မှတ်ချက်ပေးပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...