၃ ယောက်ပေါင်း အသက် ၂၂၇ နှစ်ရှိတဲ့ အဘိုးအို ၃ ဦးပေါင်းပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆို

International News
၃ ယောက်ပေါင်း အသက် ၂၂၇ နှစ်ရှိတဲ့ အဘိုးအို ၃ ဦးပေါင်းပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆို

အနည်းဆုံး နေအိမ် ၂ လုံး ဖောက်ထွင်းမှုနဲ့ အခြားဖောက်ထွင်းမှု ၁၀ ခုအတွက် သံသယရှိရတဲ့ အသက် ၆၀၊ ၇၀၊ ၈၀ ဝန်းကျင် အဘိုးအို ၃ ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အသက် ၈၈ နှစ်အရွယ် အူမီနို၊ အသက် ၇၀ အရွယ် မတ်ဆုဒါနဲ့ အသက် ၆၉ နှစ်အရွယ် ဝါတာနာဘီတို့ဟာ ထောင်ထဲမှာ ဆုံခဲ့ကြပြီး ဂိုဏ်းဖွဲ့ဖို့ သဘောတူညီခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့မေလက ဟော့ကိုင်ဒိုးကျွန်းရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ဆက်ပိုရိုမြို့မှ နေအိမ်တစ်လုံးကို ဖောက်ထွင်းခဲ့ပြီး ငွေသား ယန်း ၂၀၀ နဲ့ ယန်း ၁၀၀၀၀ တန်ကြေးရှိတဲ့ ဝီစကီပုလင်း ၃ ပုလင်းကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ နောက်တစ်လအကြာမှာလည်း လူမရှိတဲ့ အခြားအိမ်တစ်လုံးကို ဝင်ရောက်ဖောက်ထွင်းပြီး ယန်း ၁ သန်းဝန်းကျင် တန်ကြေးရှိတဲ့ လက်ဝတ်ရတနာတွေကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ တခြားမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ထွင်းမှု ၁၀ ခုမှာလည်း သူတို့အဖွဲ့ ပါဝင်နေတယ်လို့ သံသယရှိနေပါတယ်။

သူတို့ ၃ ယောက်ဟာ တာဝန်ကိုယ်စီ ခွဲယူထားပြီး အူမီနိုက ဖောက်ထွင်းမှုလုပ်၊ မတ်ဆုဒါက ကားမောင်း၊ ဝါတာနာဘီက ခိုးရာပါပစ္စည်းတွေ ထုခွဲရောင်းချပေးတာလို့ ဆိုပါတယ်။ ဖောက်ထွင်းခံရတဲ့ အိမ်ရှင်တစ်ဦးက တိုင်ချက်ဖွင့်ပြီးနောက် ရဲတပ်ဖွဲ့က စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကို စစ်ဆေးပြီး ခိုးရာပါပစ္စည်းတွေကို ခြေရာခံကြည့်ချိန်မှာ အဘိုးအို ၃ ယောက်နဲ့ ဆက်နွှယ်နေကြောင်း သိလိုက်ရလို့ ဂျပန်ရဲတပ်ဖွဲ့ အံ့အားသင့်သွားခဲ့တာပါ။ ရဲတပ်ဖွဲ့က သူတို့ကို စစ်ဆေးဖို့ သွားရောက်ဖမ်းဆီးချိန်မှာ တုန်တုန်ချိချိ ဖြစ်နေကြလို့ ရဲတပ်ဖွဲ့ဝင်တွေက တွဲခေါ်လာခဲ့ရပါတယ်။

ဘာကြောင့် ဖောက်ထွင်းမှုတွေ ကျူးလွန်ရသလဲလို့ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချိန်မှာ စားဝတ်နေရေး ဖြေရှင်းဖို့ အခုလို ကျူးလွန်ရကြောင်း အဘိုးအိုတွေက ထွက်ဆိုခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...