ကန်သမ္မတဟောင်း Donald Trump လူထုတွေ့ဆုံပွဲမှာ သေနတ်နဲ့အပစ်ခံရ

International News
ကန်သမ္မတဟောင်း Donald Trump လူထုတွေ့ဆုံပွဲမှာ သေနတ်နဲ့အပစ်ခံရ

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ လာမယ့်ရွေးကောက်ပွဲအတွက် သူ့ရဲ့ထောက်ခံသူတွေနဲ့စုဝေးပွဲလုပ်ပြီး လူထုထောက်ခံပွဲပြုလုပ်နေစဥ်မှာ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။

CNN သတင်းဌာနရဲ့ဖော်ပြချက်အရ Trump ဟာ စနေနေ့ကကျင်းပခဲ့တဲ့ Pennsylvania ပြည်နယ်၊ Butler မြို့က လူထုတွေ့ဆုံပွဲမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး Trump ဟာ ၎င်းရဲ့ထောက်ခံသူ လူထူကို မိန့်ခွန်းဟောပြောနေတုန်းမှာပဲ သေနတ်သံကိုကြားခဲ့ရပြီး ကိုယ်ရံတော်အေးဂျင့်တွေက လဲကျသွားတဲ့ Trump ကို စင်ပေါ်မှာ မှောက်ခိုင်းပြီးကာကွယ်ပေးကြတယ်လို့ သိရပါတယ်။

ပစ်ခတ်တဲ့သေနတ်သမားဟာ Trump ရှိနေတဲ့ စင်နဲ့မနီးမဝေးမှာရှိတဲ့ အဆောက်အဦပေါ်မှာရှိနေပြီး စင်ရှိရာကို သေနတ်နဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် Trump ဟာ နားအပေါ်ပိုင်းထိခိုက်ဒဏ်ရာရပြီး ပွဲကိုလာရောက်သူ တဦးသေဆုံးကာ နှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်သူလို့ သံသယရှိသူကိုတော့ အမေရိကန် Secret Service က အခင်းဖြစ်နေရာမှာပဲ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

လာမယ့်နိုဝင်ဘာလမှာပြုလုပ်မယ့် ကန်ရဲ့သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Joe Biden ဟာလည်း ၎င်းဟာ နောက်တစ်ကြိမ်ပြန်လည်အရွေးခံရဖို့ကြိုးပမ်းနေသလို Donald Trump ဟာလည်း လာမယ့်ရွေးကောက်ပွဲမှာ အသာစီးရနေလျက်ရှိနေပါတယ်။

ရေးသားသူ –Myanmar Vibrant News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...