ထိုင်းနဲ့လာအိုမှာ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၂၀၀၀၀ thayဆုံးနေရတယ်လို့ ဆို
ထိုင်း၊ လာအိုနိုင်ငံတွေမှာ စားနေကြတဲ့ ရိုးရာဟင်းလျာတစ်ပွဲကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၂၀၀၀၀ ဝန်းကျင် thayဆုံးနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ကွိုင်ပလာ (Koi Pla)ဆိုတာ ငါးအစိမ်းကို အခြေခံထားတဲ့ အသုပ်တစ်မျိုး ဖြစ်ပါတယ်။ ငါးအစိမ်းကို သံပုရာရည် ညှစ်ပြီး အရွက်တွေနဲ့ သုပ်ထားတာပါ။
ကွိုင်ပလာ ငါးသုပ်ထဲမှာ အသုံးပြုထားတဲ့ ငါးဟာ မဲခေါင်မြစ်ဝှမ်းမှာ တွေ့ရတဲ့ ရေချိုငါးတစ်မျိုးဖြစ်ပြီး အမျိုးသားတွေကို သည်းခြေပြွန်ကင်ဆာ ဖြစ်စေနိုင်တဲ့ ကပ်ပါးရောဂါပိုးတွေ ပါဝင်နေတယ်လို့ ထိုင်းနိုင်ငံ ခွန်ကိန်းတက္ကသိုလ်မှ အသည်းရောဂါ ခွဲစိတ်ဆရာဝန် နာရွန်ခွန်တီကွေ့က ပြောပါတယ်။ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှာတင် သည်းခြေပြွန်ကင်ဆာရောဂါကြောင့် သေဆုံးသူ ၂၀၀၀၀ ဝန်းကျင် ရှိနေပါတယ်။
” ကွိုင်ပလာ ငါးသုပ်က ဒီဒေသမှာ ကျန်းမာရေးထိခိုက်စေတဲ့ အရာတစ်ခုပါပဲ။ ဒါပေမဲ့ သစ်ပင်က သစ်ရွက်ကြွေသွားသလို တိတ်တဆိတ် ဖြစ်ပျက်သွားတာကြောင့် ဘယ်သူမှ မသိကြတာပါ”လို့ နာရွန်ခွန်တီကွေ့က ဆိုပါတယ်။ ခွန်တီကွေ့ရဲ့ မိဘနှစ်ပါးလုံးဟာလည်း ဘဝတစ်လျှောက်လုံး ကွိုင်ပလာ ငါးသုပ် စားလာကြသူတွေဖြစ်ပြီး သည်းခြေပြွန်ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့တာပါ။ ဒါကြောင့် ခွန်တီကွေ့က ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသကို မကြာခဏသွားပြီး ကွိုင်ပလာငါးသုပ်ရဲ့ ကျန်းမာရေးအန္တရာယ်အကြောင်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ဘဝတစ်လျှောက်လုံး ကွိုင်ပလာ ငါးသုပ်စားပြီး ကြီးပြင်းလာခဲ့သူတွေကတော့ အစိမ်းသုပ်မစားဘဲ ချက်ပြုတ်စားဖို့ ငြင်းဆန်နေကြဆဲပါပဲ။ တချို့တွေကဆိုရင် ဒီနည်းနဲ့ မသေလည်း တခြားသေစေနိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်လို့ တုံ့ပြန်ပြီး သတိပေးချက်ကို လက်မခံကြပါဘူး။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။