နေပယ်မြို့ ရေအောက်ကြမ်းပြင်ကနေ ရှေးဟောင်းရိုမန်စံအိမ်ရဲ့ ကြမ်းခင်းကျောက်ပြား တွေ့ရှိ

International News
နေပယ်မြို့ ရေအောက်ကြမ်းပြင်ကနေ ရှေးဟောင်းရိုမန်စံအိမ်ရဲ့ ကြမ်းခင်းကျောက်ပြား တွေ့ရှိ

ရှေးဟောင်း ရိုမန်စံအိမ်ရဲ့ ကြမ်းခင်း ကျောက်စီကားချပ်ကို နေပယ်မြို့ ရေအောက်ကြမ်းပြင်ကနေ တွေ့ရှိခဲ့ပါတယ်။ အဲဒီကျောက်စီကားချပ်ဟာ ပင်လယ်ပြင်ကို အပေါ်စီးက မြင်ရတဲ့ ကမ်းဘေးစံအိမ်မှာ ကြမ်းခင်းအဖြစ် အလှဆင်ထားတဲ့ စကျင်ကျောက်ပြား ဖြစ်လိမ့်မယ်လို့ အီတလီယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Campi Flegrei Archaeological Park ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရိုမန်အင်ပါယာနှောင်းပိုင်းကာလမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဘိုင်အဲမြို့မှာ တည်ဆောက်ထားတဲ့ ကမ်းဘေးစံအိမ်တွေထဲမှာ ရောမစစ်ဗိုလ်ချုပ် ဂျူလီးယက်ဆီဇာ၊ နီရိုးဘုရင်တို့ရဲ့ စံအိမ်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ရာတွေဟာ bradyseism လို့ခေါ်တဲ့ ဘူမိဗေဒဖြစ်စဉ် ( မြေပြင်နိမ့်ဝင်ခြင်း (သို့) မြင့်တက်ခြင်း) ကြုံတွေ့ခဲ့ပါတယ်။

ကနဦး သုတေသနပြုလုပ်မှုအရ အဲဒီစံအိမ်ရဲ့ကြမ်းခင်းဟာ မညီမညာပုံသဏ္ဍာန်ရှိပြီး အသုံးပြုပြီးသား စကျင်ကျောက်တွေကို ပြန်လည်အသုံးပြုထားတာလို့ ဖော်ပြနေပါတယ်။ အဲဒီနည်းစနစ်ဟာ ၃ ရာစုကနေ ၅ ရာစုကြား အသုံးများလေ့ရှိပါတယ်။

ကြမ်းခင်းစကျင်ကျောက်ပြား ကွဲအက်နေတာဟာ အခန်းနံရံပြိုကျပြီး ကြမ်းခင်းပေါ်ကျလို့ ဖြစ်မယ်လို့ Campi Flegrei Archaeological Park ဖေ့ဘွတ်ခ်စာမျက်နှာက ဖြည့်စွက်ဖော်ပြထားပါတယ်။ ရေအောက်ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ကြမ်းခင်းကျောက်ပြားတွေကို ထပ်မံစုဆောင်းလျက်ရှိပါတယ်။ တချို့ကျောက်ပြားတွေကိုတော့ ဖယ်ရှားပြီး မြေပြင်ပေါ်မှာ ဆေးကြောသန့်ရှင်းမှုတွေ လုပ်ဆောင်နေပါတယ်။ သူတို့ဟာ ကြမ်းခင်းတစ်ခုလုံးကို ပြန်ခင်းပြီး ပုံဖော်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...