လေဆိပ်လိုက်မပို့တဲ့ ချစ်သူကို တရားစွဲထားတဲ့ အမျိုးသမီး

Funny International News
လေဆိပ်လိုက်မပို့တဲ့ ချစ်သူကို တရားစွဲထားတဲ့ အမျိုးသမီး

နယူးဇီလန်နိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ လေဆိပ်လိုက်ပို့ဖို့ ကတိပေးပြီးမှ ပျက်ကွက်ခဲ့တဲ့ ချစ်သူကို တရားစွဲထားပါတယ်။ သူတို့နှစ်ယောက်က ၆ နှစ်ခွဲကြာ တွဲလာကြတဲ့ ချစ်သူတွေပါ။ အမျိုးသမီးက သူငယ်ချင်းတွေနဲ့အတူ ဂီတဖျော်ဖြေပွဲသွားဖို့ စီစဉ်ထားတာဖြစ်ပြီး သူ့ရဲ့ခွေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ သူ့ချစ်သူကို အိမ်စောင့်ခိုင်းခဲ့တာပါ။ သူ့ချစ်သူကလည်း သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ ချိန်းထားတဲ့နေ့မှာတော့ သူ့ချစ်သူက လေဆိပ်လိုက်ပို့ဖို့ ရောက်မလာခဲ့ပါဘူး။ အဲဒီအတွက် အမျိုးသမီးဟာ လေဆိပ်ကို အငှားယာဉ်နဲ့ သွားခဲ့ရပြီး သူ လက်မှတ်ဖြတ်ထားတဲ့ လေယာဉ်ကိုလည်း မမီတာကြောင့် လေယာဉ်လက်မှတ် ထပ်ဖြတ်ခဲ့ရပါတယ်။ ဒါ့အပြင် ခွေးတွေကို စောင့်ရှောက်ရေးဂေဟာမှာ သွားအပ်ခဲ့ရပါတယ်။ ဒီအတွက် ငွေကြေးအကုန်အကျ များခဲ့တာကြောင့် သူ့ချစ်သူ (ယခုအချိန်တွင် ပြတ်စဲပြီးဖြစ်သည်)ထံမှ နယူးဇီလန်ဒေါ်လာ ၃၀၀၀၀ ( အမေရိကန်ဒေါ်လာ ၁၈၃၈၄) ရရှိလိုမှုနဲ့ တရားစွဲထားတာပါ။

နယူးဇီလန် တရားရုံးကတော့ သူတို့နှစ်ဦးကြား ကတိထားခဲ့တဲ့ကိစ္စမှာ ခိုင်လုံတဲ့ သက်သေရှိ၊ မရှိ ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ အမျိုးသမီးရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ချစ်သူ အမျိုးသားအနေနဲ့ ဒီကိစ္စတွေကို မဖြစ်မနေ ဆောင်ရွက်ပေးရမယ့် တာဝန်ဝတ္တရားမရှိတာကြောင့်ပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...