အကြွေးပုံနေတဲ့ အိန္ဒိယအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀၀၀၀ နီးပါးတန်စိန်ကို တွေ့ရှိပြီး သူ့ဘဝပြောင်းလဲသွားခဲ့

International News
အကြွေးပုံနေတဲ့ အိန္ဒိယအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀၀၀၀ နီးပါးတန်စိန်ကို တွေ့ရှိပြီး သူ့ဘဝပြောင်းလဲသွားခဲ့

အိန္ဒိယနိုင်ငံအလယ်ပိုင်းက အကြွေးဆပ်နေရတဲ့ အလုပ်သမားတစ်ဦးဟာ ဒေါ်လာ ၁၀၀၀၀၀ နီးပါးတန်ကြေးရှိ ၁၉.၂၂ ကာရက်ရှိတဲ့ စိန်တစ်လုံးကို တူးဖော်တွေ့ရှိပြီးနောက် သူတို့မိသားစုရဲ့ဘဝက မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။

ရာဂျူ ဂွန်ဆိုတဲ့ အဲ့ဒီအလုပ်သမားက သူ့ရဲ့ဇာတိ Madhya Pradesh ပြည်နယ်မှာ သူ့မိသားစုကို ထောက်ပံ့ဖို့အတွက် အလုက်မျိုးစုံလုပ်ပါတယ်။ လယ်ကွင်းတွေမှာရော စိန်တွင်းတွေမှာပါ အလုပ်လုပ်တဲ့အပြင် ချမ်းသာတဲ့လယ်သမားတွေအတွက် ထွန်စက်မောင်းသမားအဖြစ်လည်း လုပ်ကိုင်ပါတယ်။ သူဟာ တစ်နေ့ကို ၄ ဒေါ်လာရပါတယ်။

ဒါပေမဲ့ သူနဲ့သူ့ညီက တစ်ခါတလေ ၆၉၀ စတုရန်းပေကျယ်ဝန်းတဲ့ အစိုးရမြေကွက်တစ်ခုမှာ ရွှေတူးဖို့ ၁ ရက်ကို ဒေါ်လာ၉.၅၀ ပေးရပါတယ်။ အဲ့ဒီနေရာမှာပဲ သူ့ရဲ့ဘဝကို ပြောင်းလဲသွားစေတဲ့အရာကို ရှာတွေ့ခဲ့ပါတယ်။ ကျောက်တစ်လုံးကို သူတူးဖော်မိခဲ့တဲ့နောက် သန့်စင်ကြည့်လိုက်တော့ သူ့ရဲ့ရင်တွေပေါက်ထွက်မတတ်ခုန်သွားခဲ့ပါတယ်။ ကျောက်က အရမ်းကို တလက်လက်တောက်ပနေခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကျောက်က စိန်ဖြစ်ရမယ်လို့ သူသိခဲ့ပါတယ်။

စိန်မှန်းသိလိုက်တဲ့အခါမှာ သူနဲ့သူ့ညီတို့ ပွေ့ဖက်ပြီး ဝမ်းသာအားရထခုန်ကြပါတယ်။ စိန်တွေ့တာကို သူ့မိသားစုကို ပြောပြဖို့ သူတို့ရဲ့ဆိုင်ကယ်နဲ့အိမ်ကို အပြေးနှင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့မိခင်နဲ့အတူ ဒီစိန်ရဲ့အရည်အသွေးကို အကဲဖြတ်ဖို့ ဒေသတွင်း Panna Diamond Office ကို သွားရောက်ခဲ့ကြပါတယ်။

စိန်အကဲဖြတ်တဲ့သူက စိန်ကို ကိုင်ကြည့်ပြီး ချိန်တွယ်ကြည့်ခဲ့တဲ့အခါမှာ ၁၉.၂၂ ကာရက်ရှိတဲ့ စိန်ဖြူဖြစ်နေခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၉၅၅၀၀ ရှိပါတယ်။

အစိုးရက ဘယ်လိုရှာတွေ့မှုမျိုးကိုမဆို ၁၁.၅ ရာခိုင်နှုန်းနဲ့ အခွန်အနည်းငယ်ယူပြီး ရှာတွေ့တဲ့သူကို ကျန်တဲ့ငွေပမာဏပေးပါတယ်။ Diamond Office က စိန်ကို လေလံမတင်ခင် ဒေါ်လာ ၃၆၀၀၀၀ ထက်ပိုဖို့ စာရင်းတန်ဖိုးကို စောင့်ဆိုင်းရမှာဖြစ်ပြီး အဲ့ဒီနောက်မှ ရာဂျူက ငွေပေးချေမှုကို ရရှိမှာဖြစ်ပါတယ်။

ရာဂျူက ဘဏ်အကောင့်တစ်ခုဖွင့်လိုက်ပြီး ငွေထည့်ဖို့ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေပါတယ်။ သူတို့ရဲ့ဘဝတွေ ထာဝရပြောင်းလဲသွားပြီလို့ သူက ဆိုပါတယ်။ ငွေတွေရရင် သူ ပထမဆုံးလုပ်မှာက ဒေါ်လာ ၆၀၀၀ အကြွေးဆပ်မယ်၊ ပြီးရင် ကလေးတွေ ပညာတက်ဖြစ်အောင်လုပ်မယ်၊ အိမ်ဆောက်မယ်၊ မြေအနည်းငယ်ဝယ်မယ်၊ ထွန်စက်လည်းဝယ်ဖြစ်မယ်လို့ ရာဂျူက ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...