ကမ္ဘာ့အရှည်လျားဆုံး နေရာအမည်

International News Knowledge
ကမ္ဘာ့အရှည်လျားဆုံး နေရာအမည်

“Taumatawhakatangihangakoauauotamateaturipukakapikimaungahoronukupokaiwhenuakitanatahu”

နယူးဇီလန်နိုင်ငံ North Island က ပေ(၁,၀၀၀)အမြင့်ရှိတဲ့ ဒီတောင်ကုန်းရဲ့အမည်ဟာ အက္ခရာ(၈၅)လုံးပါရှိပြီး လက်ရှိအချိန်အထိတော့ ကမ္ဘာပေါ်က အရှည်လျားဆုံးနေရာအမည်အဖြစ် Guinness World Records မှတ်တမ်းဝင်ထားပါတယ်။ ဒေသခံတွေကတော့ Taumata Hill လို့ပဲ အတိုကောက်ခေါ်ကြပါတယ်။

ဒီအမည်ဟာ ကျယ်ပြောလှတဲ့ နယူးဇီလန်ကုန်းမြေတွေကို ဖြတ်သန်းလှည့်လည်သွားလာခဲ့သူ Maori လူမျိုး ထင်ရှားတဲ့ စစ်သည်တော်လည်းဖြစ် စူးစမ်းရှာဖွေသူလည်းဖြစ်တဲ့ Tamatea Urehaea ကို အစွဲပြုပြီးပေးထားတာ ဖြစ်ပါတယ်။ Maori လူမျိုးတွေဟာ သူတို့မျိုးနွယ်စုဝင်ဖြစ်တဲ့ Tamatea ရဲ့ ကြိုးပမ်းအားထုတ်စွန့်စားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီတောင်ကုန်းကို အက္ခရာ(၈၅)လုံးပါတဲ့ အမည်ပေးခဲ့ကြတာ ဖြစ်တယ်။

ဒီစာလုံးတွေရဲ့ အဓိပ္ပါယ်တွေကတော့ Tamatea ရဲ့ တောင်ထွတ်၊ ဒူးခေါင်းကြီးကြီးရှိသောလူ၊ တောင်တက်သမား၊ လျှောဆင်းသူ၊ မြေများကိုဝါးမြိုသူ ခရီးသွား၊ ချစ်ရသူအတွက် ပုလွေမှုတ်သူ စသည်ဖြင့် အကြမ်းဖျင်း ဘာသာပြန်ဆိုနိုင်ပါတယ်။

ရေးသားသူ –လူ့သမိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...