“Fasting Siddhartha” (သို့) “Fasting Buddha” လို့ အမည်တွင်တဲ့ ဗုဒ္ဓဆင်းတုရုပ်ပွားတော်

Knowledge
“Fasting Siddhartha” (သို့) “Fasting Buddha” လို့ အမည်တွင်တဲ့ ဗုဒ္ဓဆင်းတုရုပ်ပွားတော်

“Fasting Siddhartha” (သို့) “Fasting Buddha” လို့ အမည်တွင်တဲ့ ဗုဒ္ဓဆင်းတုရုပ်ပွားတော်ဖြစ်ပါတယ်။ ဉာဏ်အလင်းရရှိဖို့ရာအတွက် ဒုက္ကရစရိယာကျင့်တော်မူနေတဲ့ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားရဲ့ပုံဟန်ကိုလက်ရာမြောက်စွာ ထုလုပ်ပူဇော်ထားတဲ့ ဒီရုပ်ပွားတော်ဟာ ဂန္ဓာရတိုင်း(*Gandhara_ယနေ့ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ နယ်နိမိတ်များအတွင်း ပါဝင်နေသည့် ရှေးခေတ်နယ်မြေဒေသကြီး)အနုပညာရဲ့ အကောင်းမွန်ဆုံး နမူနာတွေထဲကတစ်ခုဖြစ်သလို အစောဆုံးကမ္ဘာရဲ့ အရှားပါးဆုံးနဲ့ အဖိုးထိုက်တန်ဆုံး ရှေးဟောင်းအမွေအနှစ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဒီရုပ်ပွားတော်ကို ဘီစီ(၂)ရာစုကတည်းက ထုလုပ်ခဲ့တာဖြစ်ပြီး (၁၉)ရာစုနှောင်းပိုင်းမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကာ ယနေ့အချိန်မှာတော့ ပါကစ္စတန်နိုင်ငံက Lahore Museum မှာ သိမ်းဆည်းပြသထားရှိပါတယ်။

ဉာဏ်တော်အမြင့်(၃၃)လက်မရှိပြီး မီးခိုးရောင် Gandharan Schist ကျောက်ဖြင့် ထုလုပ်ထားတဲ့ ဒီ Fasting Siddhartha ရုပ်ပွားတော်ဟာ လူသားတို့၏ ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့ရန်အတွက် ဉာဏ်အလင်းရရှိအောင် နည်းလမ်းရှာဖွေတဲ့တိုက်ပွဲမှာ ဗုဒ္ဓရဲ့ သူရဲကောင်းဆန်မှုကို အကောင်းဆုံးပုံဖော်ထုဆစ်ထားနိုင်တဲ့ ရုပ်ပွားတော်တစ်ဆူဖြစ်တယ်လို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

ရေးသားသူ –လူ့သမိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...