ပဲခူးရေဘေး မနှစ်ကစံချိန်နီးပါး မြင့်တက်လာ

Local News
ပဲခူးရေဘေး မနှစ်ကစံချိန်နီးပါး မြင့်တက်လာ

ရေထဲသွားလာနေသူတွေနဲ့ကယ်ဆယ်ရေးလှေတွေ
၂၀၂၄ ခုနှစ် ပဲခူးရေတက်နေတဲ့အခြေအနေ

၂၀၂၃ခုနှစ်က နှစ်ပေါင်း ၆၀အတွင်း အဆိုးဆုံးရေဘေးကြုံခဲ့တဲ့ ပဲခူးမြို့ဟာ ဒီနှစ်မှာလည်း အလားတူရေတက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်နေပြီလို့ မြို့ခံကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ပဲခူးမြို့မှာ ရေတက်တာ ၃ ရက်ရှိလာပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၄ ပေ ဝန်းကျင်ရောက်နေတယ်လို့ မိုးဇလက ဇူလိုင် ၂၉ ရက် ဒီနေ့မနက်ပိုင်း ထုတ်ပြန်ပါတယ်။

မနှစ်က ပဲခူး‌ရေဘေးမှာ ရေဘေးသင့်ပြည်သူ ၁၃၀၀၀ ကျော်ခန့် ရှိခဲ့တာပါ။

ပဲခူးမြို့ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ ဇိုင်းဂနိုင်း၊ ကျောက်ကြီးစု၊ ခေါင်းဆေးကျွန်း တို့မှာ ရေတက်တာ ပိုများတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

“ရန်ကုန် မန္တလေး အမြန်လမ်းမှာလည်း ရင်ခေါင်းလောက်တက်နေပြီ။ ရွှေနံ့သာဘက်မှာ လည်း ရေဘေးရှောင်နေတဲ့ ဓမ္မာရုံရေထပ်တက်လာလို့ ဘုရားကုန်းပေါ်ကပ်ရပ်နေရတယ်။ ရေသန့်၊ စားစရာတွေမလောက်ဘူး။ ကိုယ့်တစ်မြို့တည်းကြီးနေတာမဟုတ်တော့ မနှစ်ကထက် အလှူရှင်လည်းနည်းတယ်။” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့၊ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့မှာ မြစ် ရေစိုးရိမ်ရေအမှတ်အထက်ကျော်နေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့မှာ နောက်လေးရက် ဆက်တိုက်မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...