မြစ်ကြီးနားရေကြီးမှု – ရပ်ကွက် ၅ ခုထက်မနည်းမှာ ဒေသခံတွေ ပိတ်မိနေ
မြစ်ကြီးနားမြို့က ရေဘေးသင့်သူတွေကို လူမှုကူညီရေးအဖွဲ့တွေ ကူညီ ကယ်ဆယ်မှု
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာဇူလိုင် ၂ ရက် မနက်အစောပိုင်းကစပြီး စိုးရိမ်ရေမှတ်ထက် ပေချီ မြင့်တက်နေရာကနေ ကျဆင်းနေပေမဲ့ ရပ်ကွက် ၅ ခု ထက်မနည်းက ဒေသခံတွေဟာ လက်ရှိအချိန်အထိ ပိတ်မိနေဆဲလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဘီဘီစီကို ပြောပါတယ်။
စီတာပူရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ ဒူကထောင်ရပ်ကွင်၊ ခေမာသီရိရပ်ကွက်နဲ့ မြို့သစ်ဈေးရပ်ကွက်အပြင် ကြက်ပေါင်ရပ်ကွက်က ဒေသခံတချို့ ဒီနေ့ မနက်အစောပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့ဝင်ဆီ ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းခံနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စီတာပူရပ်ကွက်က ကျောင်းတစ်ကျောင်းမှာလည်း ကျောင်းသူကျောင်းသားတချို့နဲ့ ဆရာ၊ ဆရာမတွေအပါအဝင် စုစုပေါင်း အယောက် ၂၀၀ ကျော်ပိတ်မိနေတာကို လာရောက် ကယ်ဆယ်ဖို့ ကူညီရေးအဖွဲ့ကို ဆက်သွယ်လာတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဒါပေမဲ့ ဖုန်းလိုင်း အဆက်အသွယ် မကောင်းတာကြောင့် မြေပြင်အခြေအနေ တိတိကျကျ မသိရနိုင်ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။
“အခု စက်လှေတွေနဲ့ သွားနေပြီ၊။ လူက အရမ်းများတော့ ခေါက်ရေများများနဲ့ ကယ်ထုတ်မှ ရမှာ” လို့ သူကရှင်းပြပါတယ်။
မြစ်ကြီးနားမြို့က မီးသတ်တပ်ဖွဲ့နဲ့ ပရဟိလူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စက်လှေအသုံးပြုပြီး ကယ်ဆယ်ရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်နေကြပေမယ့် စက်လှေနည်းပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။