ရန်ကုန်၊ လှိုင်မြစ်ထဲ သမ္ဗန်တိမ်းမှောက်လို့ ပျောက်ဆုံးသူ အချို့ရှိ

Local News
ရန်ကုန်၊ လှိုင်မြစ်ထဲ သမ္ဗန်တိမ်းမှောက်လို့ ပျောက်ဆုံးသူ အချို့ရှိ

ကူညီကယ်ဆယ်ရေး‌တွေ ဆက်လုပ်နေတယ်လို့ဆို

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းကနေထွက်လာတဲ့ ခရီးသည်တင် သမ္ဗန် ၁ စီး လှိုင်မြစ်လယ်မှာ တိမ်းမှောက်လို့ ပျောက်ဆုံးသူအချို့ရှိနေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

အဲဒီသမ္ဗန်ဟာ ဆိပ်ကမ်းကနေ ထွက်လာပြီး မြစ်လယ်အနီးမှာ မနေ့ နက် ၈ နာရီကျော်ကျော် တိမ်းမှောက်ခဲ့တာလို့လည်းဆိုပါတယ်။

သမ္ဗာန်ပေါ်မှာ စုစုပေါင်း လူ ၁၇ ဦး လိုက်ပါလာခဲ့ပေမဲ့ လက်ရှိမှာ ၈ ဦးကို ကယ်ဆယ်ထားပြီးဖြစ်တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အခုတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...