၂၄ နာရီအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၂၂ ရှိ

Local News
၂၄ နာရီအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၂၂ ရှိ

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ဇူလိုင် ၉ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ၂၄ နာရီအတွင်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၂၂ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ လူနာအသစ် ၁၁၅ ယောက်ထဲမှာ ၂၂ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာပါ။

လူနာတွေရဲ့ အခြေအနေကတော့ သက်သာတယ်လို့လည်း ဆိုပါတယ်။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့တဲ့ သာကေတမြို့နယ်ထဲက စာသင်ကျောင်းတချို့က ရေကန်တွေကိုလည်း အုပ်ချုပ်ရေးနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေက ကလိုရင်းခတ်ပေးနေတယ်လို့လည်း သိရပါတယ်။

“အသုပ်တို့၊ မုန့်ဟင်းခါးဆိုင်တွေက မနက်ဖြန်အထိ ပိတ်မယ်။ ရက် ထပ်တိုးမတိုး မသိသေးဘူး။ ဒီနေ့ည ကြေညာမယ် ထင်တယ်။ ရောဂါဖြစ်တာတွေ သိပ်မကြားရတော့ဘူး။ ရပ်ကွက် ဆေးပေးခန်းက မနက်ပိုင်းတွေ ဖွင့်ပေးနေသေးတယ်။ စဖြစ်တုန်းက တစ်လမ်းကို နှစ်ယောက်-သုံးယောက်လောက်ဖြစ်ခဲ့တာ” သာကေတမြို့နယ် အနော်မာရပ်ကွက် ဒေသခံတစ်ယောက်က ပြောပါတယ်။

ဇူလိုင် ၁၀ ရက်အထိ ရောဂါပျောက်ကင်းတဲ့လို့ ဆေးရုံဆင်းခွင့်ရတဲ့ လူနာပေါင်း ၂၁၇ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

ဇွန် ၂၃ ရက်ကစပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တဲ့ တာမွေမြို့နယ်မှာ ရောဂါဖြစ်ပွားသူ ၁၄ ယောက်ရှိပြီး ပြန်ကောင်းလာသူ ၉ ယောက်၊ ဆေးကုသမှုခံယူနေရသူ ၅ ယောက်ရှိတယ်လို့ မြို့နယ်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီကနေ သိရတယ်လို့ စစ်ကောင်စီရဲ့ နေ့စဉ်ထုတ် သတင်းစာတွေကနေ သိရပါတယ်။

သာကေတ မြို့နယ်အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲက မြို့နယ် အချို့မှာတော့ ဇွန်လ ကုန်ပိုင်းမှာ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့တယ်လို့ ဇူလိုင် ၇ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...