ဗုဒ္ဓဟောသောကမ္ဘာဖြစ်ပုံကမ္ဘာပျက်ပုံ

Astrology Religion
ဗုဒ္ဓဟောသောကမ္ဘာဖြစ်ပုံကမ္ဘာပျက်ပုံ

ကမ္ဘာ(၆)မျိုး

(၁)#သာရကမ္ဘာ = ဘုရားတစ်ဆူပွင့်သော ကမ္ဘာ ။

(၂)#မဏ္ဍဍကမ္ဘာ = ဘုရားနှစ်ဆူပွင့်သော ကမ္ဘာ ။

(၃)#ဝရကမ္ဘာ = ဘုရားသုံးဆူပွင့်သော ကမ္ဘာ ။

(၄)#သာရမဏ္ဍဍကမ္ဘာ = ဘုရားလေးဆူပွင့်သော ကမ္ဘာ’။

(၅)#ဘဒ္ဒကမ္ဘာ = ဘုရားငါးဆူပွင့်သော ကမ္ဘာ ။

(၆)#သုညကမ္ဘာ = ဘုရားမပွင့်သောကမ္ဘာ ။

ကမ္ဘာကပ်(၄)မျိုး

(၁)#အာယုကပ်= ဆယ်နှစ်တမ်း / နှစ်တစ်ရာတမ်း
စသည်အားဖြင့် အသင်္ချယျေသို့တိုင်အောင် အဆင့်
ဆင့်တက်၍အသင်္ချချေမှ အဆင့်ဆင့်ပြန်ဆင်း
သော ၁၀နှစ် / နှစ်၁၀၀တမ်း စသည့် တကန့်တကန့်
ကို “အာယုကပ်တစ်ကပ်”ဟု ခေါ်သည် ။

(၂)#အန္တရကပ်= ဆယ်နှစ်တမ်းမှ အသင်္ချယျေသို့တက်၍ ထိုမှတဖန် ပြန်ဆင်း၍ ဆယ်နှစ်တမ်းသို့
ပြန်ရောက်သည်ကို “အန္တရကပ်”ဟု ခေါ်သည် ။

(၃)#အသင်္ချယျေကပ်= အန္တရကပ် (၆၄)ကြိမ်ပြည့်မြောက်ပါက'”အသင်္ချယျေ”တစ်ကပ်ဖြစ်၏ ။

(၄)#မဟာကပ်= အသင်္ချယျေ (၄)ကပ်ပြည့်သည်ကို “မဟာကပ်တစ်ကပ်”ဟုခေါ်သည် ။ (သို့မဟုတ်) “တစ်ကမ္ဘာ”ဟုလည်းခေါ်၏ ။

ကမ္ဘာ့မဟာပထဝီခြေ

ကမ္ဘာ့ပထဝီမြေထုသည် ယုဇနာနှစ်သိန်းလေး
သောင်း(၂၄၀၀၀၀)အထုရှိသည် ။ ကမ္ဘာမြေကိုခံသော ရေ၏အထုမှာ ယူဇနာလေးသိန်းရှစ်သောင်း(၄၈၀၀၀၀) အထုရှိလျှက် ထိုရေကိုခံသော လေအထုမှာ ယူဇနာကိုးသိန်းခြောက်သောင်း (၉၆၀၀၀၀)ရှိသည် ။

ကမ္ဘာပြုသည်မှ ပျက်သည်အထိ ဖြစ်ပေါ်သော
ကပ်လေးပါးရှိသည် ။ ထို့ကြောင့် ကမ္ဘာ့တစ်ခုကပ်
လေးခုဟု ဆိုသည် ။ လေးကပ်တွင် တစ်ကမ္ဘာ ဖြစ်
သည် ။

ကမ္ဘာ့သက်တမ်းအပိုင်းအခြား

(၁)#သံဝဋ္ဋကပ်= ကမ္ဘာပျက်မိုးရွာသည်မှ မီးလျံ
ပျက်စဲသည်အထိ ။

(၂)#သံဝဋ္ဋဋ္ဌာယီကပ်= မီးလျံပြတ်စဲသည်မှ ကမ္ဘာပြုမိုးရွာသည်အထိ ။

(၃)#ဝိဝဋ္ဋကပ်= ကမ္ဘာပြုမိုးရွာသည်မှ နေ ၊ လ
ပေါ်သည်ထိ ။

(၄)#ဝိဝဋ္ဋဋ္ဌာယီကပ်= နေ ၊ လပေါ်သည်မှ တဖန်
ကမ္ဘာပျက်မိုးရွာသည်အထိ ။

ကမ္ဘာအပြားနှစ်ပါး ဖြစ်တည်ပီး ကမ္ဘာကို ဘုရားပွင့်သောကမ္ဘာ /မပွင့်သောကမ္ဘာအားဖြင့် (၂)မျိုးခွဲခြားထားသည် ။

ဘုရားပစ္စေကဗုဒ္ဓါတို့ မဖြစ်ပွင့်သော ကမ္ဘာသည်
(သုညကမ္ဘာ) ။

ဘုရားပစ္စေကဗုဒ္ဓါတို့ ပွင့်သောကမ္ဘာသည်
(အသုညကမ္ဘာ) ဖြစ်သည် ။

ဘုရားပစ္စေကဗုဒ္ဓါတို့ပွင့်သော အသုညကမ္ဘာကို
ဖြစ်ပွင့်တော်မူသော ဘုရားရှင်အဆူလိုက် ပွင့်တော်
မူပုံကို “သာရကမ္ဘာ”မှ “ဘဒ္ဒကမ္ဘာ”အထိ အထက်
တွင် ဖော်ပြခဲပြီးအတိုင်း ဖြစ်သည် ။

ကမ္ဘာပျက်ခြင်းအကြောင်းအရင်း

ကမ္ဘာသူကမ္ဘာသားတို့သည် ရာဂဒေါသ မောဟလွန်သဖြင့် ရောဂန္တရကပ် / သတ္တန္တရကပ် / ဒုဗ္ဘိက္ခန္တရကပ်တည်းဟူသော ကပ်(၃)ပါး အစဉ်အတိုင်း ကျရောက်ပျက်စီးသည် ။ ထိုသို့ပျက်စီးရာ၌…

(၁)ရာဂလွန်သဖြင့် တေဇောသံဝဋ္ဋဋမီးဖြင့် ပျက်သည် ။

(၂)ဒေါသလွန်သဖြင့် အာပေါသံဝဋ္ဋရေဖြင့် ပျက်သည် ။

(၃)မောဟလွန်သဖြင့် ဝါယောသံဝဋ္ဋလေဖြင့် ပျက်သည် ။

ထိုသို့မီးရေလေတို့ဖြင့် ကမ္ဘာပျက်ရာတွင် ရှေးဦးမီး (၇)ကြီမ် / ခုနှစ်ကြိမ် ဖျက်သည် ။( ၈)ကြိမ်မြောက် / ရှစ်ကြိမ်မြောက်တွင် ရေတစ်ကြိမ်ဖျက်သည် ။

နောက်ဆုံး၌ လေတစ်ကြိမ်ဖျက်သည် ။ ဤသို့ဖြင့် (၆၄)ကြိမ်တိတိ မီး ၊ ရေ ၊ လေတို့ဖြင့် ကမ္ဘာကို ဖျက်
သည် ။

ကမ္ဘာပျက်မည်ကို အနှစ်တစ်သိန်းကပင် လူတို့ကြိုသိသည် ဟုဆိုသည် ။ အကြောင်းမှာ ကာမာဝါစကနတ်က နိုးဆော်သောကြောင့် ဟုဆိုသည် ။ အဆိုပါနတ်သည် ကမ္ဘာပျက်အံ့မည်ကို အနှစ်တစ်သိန်းမှကြို၍ လူတို့ကို သတိပေးသည် ။ ၎င်းသည် လူအများမြင်သာရာတွင် ကိုယ်ထင်ရပ်လျှက်…
“အချင်းတို့….အနှစ်တစ်သိန်းလွန်လျှင် ကမ္ဘာပျက်
မည် ။ သူတော်ကောင်းတရားကို ကျင့်ကြလော့”
စသဖြင့် ကြွေးကြော်သည်ဟု ဆိုသည် ။

ကမ္ဘာဖျက်မိုး

ကမ္ဘာဖျက်မိုးသည် ကုဋေတစ်သိန်းမျှသော
စင်္ကြဝဠာတိုက် အလုံးတခဲနက်လအနှံ့အပြားသည်း
ထန်စွာ ရွာသွန်းလေသည် ။ ( စင်္ကြဝဠာတိုက်တစ်ခု
သည် အဝန်းယူဇနာ သုံးသန်းခြောက်သိန်းတစ်
သောင်းသုံးရာငါးဆယ် (၃၆၁၀၃၅၀)ရှိသည် ။)
ကမ္ဘာဖျက်မိုး ရွာပြီးသည့်နောက် မိုးသာတိမ်လိပ်များတခဲနက် အစိုင်အအုံ့ဖွဲ့နေသော်လည်း ပဲ့တင်ထပ်ထပ်ရိုက်ဟီးထစ်ချုန်းရုံမျှ ထစ်ချုန်းလျှက် မိုးစက်မိုးပေါက်တစ်ပေါက်မျှ မြေသို့မကျပေ ။ မိုးရွာခြင်းအလျဉ်းပြတ်သည် ။ ထိုအခါ ကမ္ဘာတလွှား သက်ရှိသတ္တဝါအားလုံး မီးလွတ်လေလွတ်ရာ အထက်ဘုံများသို့ ရောက်ရှိနေပြီး ဖြစ်သည် ။ (အကျယ် -ဒီဃနိကာယ် ဝိသုဒ္ဓိမဂ်တွင် ရှု)

ကမ္ဘာဖျက်နေ(၇)စင်း

ကမ္ဘာပျက်ချိန်တွင် နေ(၇)စင်းထွက်သည် ။နေ(၇)စင်းတစ်ကြိမ်တည်း ထွက်သည်မဟုတ်ဘဲ တစ်စင်း နှစ်စင်း/သုံးစင်း စသည် ဆင့်ကဲဆင့်ကဲ ထွက်သည် ။ ထိုသို့ ဆင့်ကဲထွက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည် ။

(၁)ပထမနေ တစ်စင်းထွက်သော အခြေနေမှာ ယခုထွက်ရှိသည့်အတိုင်း ပကတိဖြစ်သည် ။ ထူးခြားချက်မရှိပေ ။

(၂)နေ နှစ်စင်းထွက်သောအခါ မြစ်ငယ်(၅၀၀)နှင့်တကွ ချောင်းမြောင်အင်းအိုင်တွင်းရှိ ရေများ
ခန်းခြောက် ပျောက်ပျက်ကုန်ကြသည် ။

(၃)နေသုံးစင်းထွက်သည့်အခါ မြစ်ကြီး(၅)သွယ်၌ရှိသော ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည် ။

(၄)နေလေးစင်းထွက်သည့်အခါ အိုင်ကြီး(၇)အိုင်ရှိ ရေတို့ခန်းခြောက် ပျောက်ပျက်ကုန်ကြသည် ။

(၅)နေငါးစင်ထွက်သောအခါ မဟာသမုဒ္ဒရာအတွင်းရှိ ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည် ။

(၆)နေခြောက်စင်း ထွက်သောအခါ အလုံးစုံသောစင်္ကြာဝဠာ ကုဋေတစ်သိန်းတို့တွင်အခိုးအလျံအတိ ဖြစ်ကုန်သည် ။

(၇)နေခုနှစ်စင်းထွက်သောအခါ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးသည် တခဲနက်မီးဟုန်းဟုန်းတောက်လောင်ကျွမ်းသည် ။ မြေကြီးမြင့်မိုရ်သတ္တဘန်တောင်စင်ခုနှစ်ထပ် / နတ်ပြည်ခြောက်ထပ်တို့မှစ၍ စျာန်သုံးဘုံတိုင်အောင် လောင်ကျွမ်းသည် ။

နေ(၇)စင်းထွက်၍ ကမ္ဘာပျက်မီးလောင်ပြီးသောအခါ စင်္ကြဝဠာတစ်တိုက်လုံးသည် အောက်အထပ်တစ်ဆက်တည်း အမိုက်တိုက် လွှမ်းလျက်ရှိသည် ။ထို့နောက် ကမ္ဘာပြုမိုးကြီး သည်းထန်စွာ ရွာလျက်မီးလောင်ရာဋ္ဌာနအားလုံး ရေဖြင့်ပြည့်စေသည် ။

ကမ္ဘာတည်ခြင်း

ကမ္ဘာပြုမိုးကြီး ရွာသွန်းပြီးနောက် ဖြစ်ပေါ်လာ
သည့်အချင်းအရာများ…

(၁)ကမ္ဘာပြုမိုးကြီး ရွာသွန်းသဖြင့် ရေထုသည်
ဗြဟ္မာ့ဘုံတိုင်အောင် လွှမ်းလျှက်တည်သည် ။ ၎င်း
ရေထုသည် ထိုမှဤမှအချင်းချင်း ပုတ်ခတ်ကြပြီး
ရေအလုံးခိုင်ခံ့လျှက် ခန်းခြောက်ပျောက်ပျက်ကြ
ကုန်သည် ။

(၂)ထိုကဲ့သို ရေများခန်းခြောက် ပျောက်ပျက်ကုန်ကြသောအခါ ရေ၏အပြင်၌ ကြာရွက်ကဲ့သို့
အရသာနှင့်ပြည့်စုံသော မြေဆီမြေနှစ်များ တည်စ
ပြုသည် ။

(၃)ဤသို့ တည်လာသော အဆင်းအနံ့နှင့်ပြည့်စုံ
သော မြေဆီနှစ်သည် နတ်ဩဇာတမျှ အရသာနှင့်
လည်း ပြည့်စုံသည် ။

(၄)ရေးများ ခန်းခြောက်ပျောက်ပျက်ရာတွင်
အနည်းငယ်မျှသော ရေတို့ ကြွင်းကျန်ရစ်သည် ။
ထိုကြွင်းသောရေဖြင့် မြေရေတည်သည် ။ ထိုသို့
မြေရေတည်ရာ၌ ဘုရားဖြစ်ပွင့်ရန် မဟာဗောဓိ
ပေါက်ရာအရပ်သည် ရှေးဦးစွာတည်၍ ကမ္ဘာပျက်
သောအခါတွင်လည်း နောက်ဆုံးမှပျက်သည် ။

(၅)မြေ ရေတည်ဦး ရှေးဦးကကောင်းသော
မက္လင်္ပုဗ္ဗနိမိတ်တို့ ထင်ရှားဖြစ်ကုန်သည် ။ ထင်သောနမိတ်မှာ ဘုရားရှင်အဘယ်မျှ ဤကမ္ဘာတွင် ဖြစ်ပွင့်အံ့သည်ကို ထင်ရှားစေသော ကြာသင်္ကန်းပေါက်ရောက်ခြင်း ဖြစ်သည် ။ ( အကျယ်- မသိုးသင်္ကန်း ၊ ကြာသင်္ကန်းတွင်ရှု)

ကမ္ဘာဦးတွင် နေလထင်ရှားဖြစ်ပေါ်သော နေ့၌ပင် မြင့်မိုရ်စင်္ကြဝဠာ ကျွန်းကြီး ကျွန်းငယ် ဟိမဝန္တာသမုဒ္ဒရာတို့သည် တစ်ပြိုင်နက် ဖြစ်ပေါ်သည် ။ ထိုသို့ ဖြစ်ပေါ်သောနေ့သည် “တပေါင်းလပြည့်””မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့”ပင်ဖြစ်သည် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...