ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်း အကျိုး( ၁၁ )ပါး
၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း ။
၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း ။
၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နူးညံ့သောအသားရေနှင့်ပြည့်စုံခြင်း ။
၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း ။
၅။ မျက်နှာအဆင်းကြည်လင်ခြင်း ။
၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း ။
၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း ။
၈။ ပညာဥာဏ်ကြီးခြင်း ။
၉။ အသက်ရှည်ခြင်း ။
၁၀။ မတွေမဝေသေရခြင်း ။
၁၁။ သေပြီးနောက်သုဂတိသို့လားရခြင်း ။
စသောအကျိုး( ၁၁ )ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း ။
{ အင်္ဂုတ္တိုရ် ၊ ဧကာဒသကနိပါတ် }
အနာရောဂါကင်းရခြင်းရဲ့အကြောင်း
မြတ်စွာဘုရား၏သာသနာတော်မှာ မထေရ်မြတ်တစ်ပါး ရှိခဲ့ဘူးပါတယ် ။ ထိုမထေရ်ဟာ အနာရောဂါ ဘယ်လောက်များ ကင်းသလဲဆိုရင်
´´ဟက်ချိုး “ဆိုတဲ့ နှာတောင် မချေဘူးဘူး…တဲ့ ။
ရောဂါကင်းလိုက်ပုံများ
လောကမှာ ဘယ်ဟာမှအကြောင်းလွတ်ပြိး အကျိုးဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး ။
ထိုမထေရ် ရောဂါကင်းရခြင်းရဲ့အကြောင်းကတော့ ဟိုး…အရင်အတိတ်ဘဝတွေက မြတ်စွာဘုရားနဲ့ သံဃာတွေကို ဆေးလှူခဲ့ဘူးတယ်…တဲ့ ။
ကဿပ ဘုရားရှင်လက်ထက်ရောက်ပြန်တော့လည်းကိုလုပ်ရမဲ့ အလုပ်တွေကို ခဏထားပြီးရဟန်းသံဃာတွေရဲ့အသုံးအဆောင်ဖြစ်တဲ့ကျောင်းသန့်ရှင်းရေးတွေ ၊ ပြီးတော့လည်းကုဋီလို့ခေါ်တဲ့ အိမ်သာများကိုလည်း ဆေးကြောပြီး သန့်ရှင်းရေးလုပ်ခဲ့ရတဲ့ ကုသိုလ်ကံတွေရဲ့အကျိုးကြောင့်ဒီဘဝ အနာရောဂါကင်းရခြင်း ဖြစ်ပါတယ် …တဲ့ ။
ဒါကြောင့် အနာရောဂါ ကင်းချင်ပါတယ်ဆိုရင်ဘုရားဝန်း ကျောင်းဝန်း သန့်ရှင်းရေးလုပ်ခြင်း ၊ဆေး လှူဒါန်းခြင်း ၊ အိမ်သာများကို ဆေးကြောခြင်း ၊ စသည်ကုသိုလ်များကို ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ် ။
#Crd: မြန်မာ့ရိုးရာ ဗေဒင်ပညာ မှ ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။