အဖြူရောင်_ကသိုဏ်း

Astrology Religion
အဖြူရောင်_ကသိုဏ်း

 

.
မြတ်ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကိုယ်တော်တိုင် ချီးမွမ်းတော်မူတဲ့ နှစ်သက်တော်မူတဲ့ ကသိုဏ်းကို ပြောပါဆိုရင် ဤသြဒါတကသိုဏ်းဆိုတဲ့ အဖြူရောင်အဆင်းရှိသော ကမ္မဋ္ဌာန်းပင်တည်း။

ကသိုဏ်း-ဆိုတာ ကသိဏ-ဟူသော ပါဠိမှဆင်းသက်လာသော အဆင်းအာရုံဟူသမျှ ထင်လင်းအောင် ကြည့်ရှုဆင်ခြင်ရသော အလုပ်ပင်တည်း။

(#ကသိုဏ်ဝန်းပြုလုပ်ပုံ)
အဖြူရောင်ကသိုဏ်းဝန်းရဖို့ သစ်သားပြားများကို တွဲဆက်၍ တစ်ပေပတ်လည် အဝိုင်းတစ်ခုရအောင် ပြုလုပ်၍ စည်မျက်နှာပြင်ကဲ့သို့ ချော နု နေပါစေ ထို့နောက် တစ်ပေပတ်လည်ရဲ့ ဘေးအနားမှာ အညိုရောင် ၊ ရွှေဝါရောင် ၊ အနီရောင် ၊ အလယ်တည့်တည့်၌ အဖြူတောက်တောက် အရောင်ကို သုပ်လိမ်းလိုက်ပါက အနေအထားသင့်သော ကသိုဏ်းဝန်းတစ်ခု ရပါပြီ ဘေးပတ်လည် အနားတို့၌ ညို ရွှေ နီ အရောင်တို့သည် ကြည့်ရှုသူ ယောဂီပုဂ္ဂိုလ်အတွက် အဖြူရောင်ရဲ့ အာရုံပေါ်သို့ စိတ်တည်တံ့ဖို့အတွက် အလွန်အားကောင်းစေတဲ့ အစွမ်းသတ္တိအားကြီးစေပါတယ် ရှေးအတိတ်ဘဝတွေက အဖြူရောင်ကသိုဏ်း နိမိတ်ရခဲ့တဲ့သူတွေအဖို့ ထုံးခဲမြင်လိုက်ရရင်ပင် အဖြူပိတ်စမြင်လိုက်ရရင်ပင် နိမိတ်ကို ဖြစ်စွမ်းစေသော စွမ်းအားရှိကြသတဲ့ သို့သော်လည်း လူတိုင်းမှာက ပါရမီရှင်ပဲဖြစ်ဖြစ် ပါရမီအားနည်းသူပဲဖြစ်ဖြစ် ယ္ခုဖော်ပြအပ်သော ကသိုဏ်းဝန်းသည်ကား ပုဂ္ဂိုလ်မရွေး အားထုတ်ပါက နိမိတ်ရလွယ်သော နည်းပင်တည်း။

ကသိုဏ်းမှာ အချို့သောဆရာတို့သည် တထွာခန့်ပြုလုပ်တာလည်းရှိပါတယ် ကျွနိုပ်အနေနဲ့ ဘေးပတ်လည် ညို ရွှေ နီ သုံးရောင် ကာလာ၌ တစ်လက္မအနား တစ်ခုစီချယ်သသည့်အခါ အတွင်းဘက်၌ အဖြူရောင် လွင်ပြင်သည် တထွားခေါ် ကိုးလက္မပဲ ကျန်ရှိတဲ့အတွက် ရှေးဆရာစဥ်ဆက်တို့ ညွှန်းတော်မူတဲ့ နည်းလမ်းကဲ့သို့ သက်ရောက်စေပါတယ်။

(#ကသိုဏ်းအားထုတ်မယ်)
အဖြူရောင်အဝိုင်းပြားကြီးရဲ့ နောက်ကနေ သံနဲ့တွဲဆက်၍ ငုတ်တိုင်တစ်ခုရအောင် ပြုလုပ်၍ မိမိနှစ်သက်သောနေရာ တိတ်စိတ်ရာ စိတ်ငြိမ်ရာတို့၌ ကသိုဏ်းဝန်းကို ငုတ်တိုင်ဖြင့် မြေသို့စိုက်၍ တည့်မတ်စွာထားကာ မိမိရဲ့ ရှေ့တည့်တည့် လေးပေအကွာလောက်ကနေ တင်ပလ္လင်ခွေထိုင်ကာ မပြူးလွန်း မမှိန်လွန်းသော မျက်စိဖြင့်( ဝါ )အနေအထားသင့်သော မျက်စိဖြင့် ထိုကသိုဏ်းအာရုံအား အဖြူရောင် အဖြူရောင် သို့မဟုတ် အဖြူ အဖြူ အဖြူ-ဟု မိမိစိတ်သဏ္ဍာန်မှ သိမှတ် ဆင်ခြင်ပေးရပါမယ် မူလအစမှာတော့ မိနစ် ၃၀ လောက် ဆက်တိုက် အဖြူ အဖြူ မှတ်သိဆင်ခြင်ပေးရပါမယ် မျက်တောင် ခဏခဏ မခတ်ရ တနေ့တာအတွင်း အချိန်အားလပ်တိုင်း အဖြူ အဖြူ စိတ်ထဲက မှတ်ပေးရပါမယ် ပါးစပ်က အသံထွက်အောင် မရွတ်ရပါ စိတ်ထဲကပဲ ရွတ်ဆိုရသောနည်းပင်တည်း အချို့လည်း တနေ့တာအတွင်း ကသိုဏ်းဝန်းကို နံက် တစ်ကြိမ် ညနေ တစ်ကြိမ် အားထုတ်ကြတယ် အဲ့သလိုအားထုတ်နေရင် အချိန်ကြာနိုင်ပါတယ် မိမိက အလုပ်အကိုင်ရှိတယ်ဆိုရင် အလုပ်နားတဲ့အခါ အားတဲ့အခါ နေ့စဥ် ရက်ဆက် အားထုတ်ပေးမယ်ဆိုရင် မကြာခင်မှာ အဖြူရောင်နိမိတ်က ထင်ရှားလာပါမယ် ဒီအဖြူရောင်နိမိတ်ကြီးကို နေ့စဥ်ရက်ဆက် အားထုတ်နေတဲ့ ယောဂီဟာ အဖြူရောင်ကသိုဏ်းဝန်းကို မကြည့်ပဲ မျက်လုံးမှိတ်လိုက်တဲ့အခါ နိမိတ်တကယ်ရတဲ့သူက အဖြူရောင်ကသိုဏ်းဝန်း မကြည့်လည်းပဲ မိမိရဲ့ စက္ခုအာရုံထဲမှာ ပေါ်နေပါလိမ့်မယ် ကသိုဏ်းဝန်းကို ကြည့်ပြီး မျက်လုံးမှိတ်လိုက် စိတ်ထဲကနေ အာရုံနဲ့ ဖော်ကြည့်လိုက် နိမိတ်က ပျောက်သွားလိုက် ရေးတေးတေးပေါ်လာလိုက် အဲ့သလိုဖြစ်နေရင် မျက်လုံးကို ခဏခဏ ပိတ်ပြီး အာရုံကို ဖမ်းယူကြည့်ရှုတာ မလုပ်ပါနဲ့ အတော်အတန်ကြာအောင် ကြည့်ပေးပြီးမှ နိမိတ်အာရုံကို ဖမ်းယူကြည့်ရှုပါလေ ကြာကြာကြည့်တဲ့အခါ ကသိုဏ်းဝန်းကြီးက နှစ်ခုဖြစ်လာတာမျိုးတွေ ကြုံရတတ်ပါတယ် ဒါကြောင့် ဝါးတားတားမဖြစ်အောင် မိမိကိုယ်ကို သတိထားပါလေ

(#နိမိတ်အမျိုးမျိုး)
ယောဂီအနေနဲ့ အဖြူ အဖြူ အဖြူ သိမှတ် ဆင်ခြင်နေရင်းက မိမိသဏ္ဍာန်မှာ ဒီကသိုဏ်းဝန်းအာရုံကြီးက မျက်လုံးတွေမှိတ်ထားလိုက်ရင် နိမိတ်အာရုံကသိုဏ်းဝန်းကြီးဟာ ထင်ရှားလာလိုက် မှိန်သွားလိုက် ပျောက်သွားလိုက်ဆိုရင် အဲ့ဒါ #ဥဂ္ဂဟနိမိတ်-ဟု-ခေါ်ပါတယ်။

ထို့နောက် ယောဂီရဲ့သဏ္ဍာန်မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို သဘောမကျ ဖြစ်လာတော့ ကသိုဏ်းဝန်အပေါ်မှာ စိတ်ကို တည်တံ့အောင်ထားပြီး အားထုတ်လိုက်တော့ စိတ်တွေကလည်းငြိမ် မျက်လုံးမှိတ်လိုက်တယ်ဆိုရင်ပဲ အဖြူရောင်ကသိုဏ်းဝန်းကြီးက ထင်ထင်ရှားရှား ပေါ်နေတော့တယ် အဲ့ဒီနောက်တော့ မူလကသိုဏ်းဝန်း ကြည့်စရာမလိုတော့ပါဘူး မိမိဖာသာ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုတ်၌ ထိုနိမိတ်သည် ထင်ရှား၍ နေပါတယ် အဲ့ဒါဆိုရင် #ပဋိဘာဂနိမိတ်-ဟု-ခေါ်ပါတယ် ထို ပဋိဘာဂနိမိတ်ကြီး ရပြီဆိုတာနဲ့ စိတ်အရည်အသွေးကလည်း အထူးကြည်လင်လာတယ် နီဝရဏတရားဆိုးတွေ မကပ်နိုင်ကြတော့ပဲ ယောဂီရဲ့သဏ္ဍာန်မှာ အဖိုးမဖြတ်နိုင်သော ရတနာထုပ်ကြီး ရလိုက်ဘိသကဲ့သို့ ရှိချေ၏တဲ့ ထို့နောက် မိမိရရှိထားသော နိမိတ်ကသိုဏ်းဝန်းကြီးကို မိမိရဲ့ ၃ ပေအကွာ မိမိထားချင်သော အကွာအဝေးကို မိမိစိတ်ထဲကနေ ဆွဲယူကြည့်ရှုလာနိုင်တယ် အဲသလို မိမိရဲ့အနီးအပါးကို ဆွဲယူကြည့်ရှုနိုင်ပြီဆိုရင် အဲ့ဒါ #ဥပစာသမာဓိ-ဟု-ခေါ်ပါ မြန်မာလိုဆိုရင် မိမိရဲ့ အနီးဝန်းကျင်ပေါ့ ထို့နောက် အဖြူ အဖြူ အဖြူ-လို့- စိတ်က တဆက်တည်း ဣရိယာပုတ်ခိုင်ခိုင်နဲ့ စိတ်တည်ငြိမ်မှုတွေ အရမ်းကောင်းလာပြီဆိုရင် နီဝရဏတရားဆိုးတွေလည်း ပြေးပြီ စိတ်ငြိမ်ပုံက ကျောတုံး ကျောက်တိုင်လို ခိုင်ခံ့လာပါတယ် အဲ့ဒီအဆင့်ကတော့ #အပ္ပနာသမာဓိ-တဲ့- ဈာန်နဲ့ယှဥ်တဲ့ သမာဓိပေါ့ အပ္ပနာသမာဓိ ဈာန်အစဥ်သမာဓိကို ရရင်

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...