သေနည်းသင်တန်းတက်ထားပါ
ဘဝသံသရာမှာ မျောပါနေကြတဲ့
သူသူငါငါ သတ္တဝါတွေအတွက်
thayနည်းသင်တန်းကို ပြောပြမယ်။
thayနည်းသင်တန်း တက်ထားဖို့ လိုပါတယ်။
ဒါ အရေးကြီးဆုံးပဲ။
လူတိုင်းတစ်နေ့မှာ…မုချ thayရမှာ မလွဲဘူး။
ကြောက်ဖို့ မလိုပါဘူး။
ကြောက်လို့လည်း မရဘူး။
ကြိုတင် ပြင်ဆင်ထားလို့ရအောင်
thayနည်းသုံးမျိုး ပြောပြမယ်နော်…
၁။ငါတော့…ဒီတောင်က မကျော်တော့ဘူး လို့
ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင်
အနားမှာ ဘယ်သူမှ မလာစေနှင့်။
မိမိတစ်သက်တာအတွင်း
ပြုလုပ်ဘူးတဲ့ အလှူတွေကို စဉ်းစားကြည့်။
ဒါနကို လူတိုင်း လုပ်ဘူးကြတာချည်းပဲ။
တန်ဖိုး နည်းတာ
များတာ
လိုရင်း မဟုတ်ဘူး။
ဒုဋ္ဌဂါမဏိ မင်းကြီးလို
မိမိစိတ် အကြည်လင်ဆုံး
အကျေနပ်ဆုံး
အလှူတစ်ခုကိုပဲ ဆင်ခြင်နေ။
၂။ဒါမှမဟုတ်
ကိုယ်ရှုမှတ်နေကျ ဘာဝနာ တစ်ခုခုကို
နှလုံးသွင်းနေ။
ဒါမှ မဟုတ်ရင်လဲ
(၃)ရောဂါက ပြင်းထန်လို့
ဆေးတွေလွန်နေလို့
သတိမရတစ်ချက် ရတစ်ချက်
ကယောင်ကတမ်း ဖြစ်တယ်ပဲ ထား
သတိရလာတာနဲ့
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံသရဏံ ဂစ်ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ ရွတ်နေ။
ဒါက လူတိုင်း ရပြီးသားပါ။
ဒီ( ၃ )နည်း တစ်နည်းနည်းနှင့်
thayရင်အနည်းဆုံး နတ်ပြည်ရောက်မှာ သေချာပါတယ် ။
ကျေးဇူးရှင်နယ်ခြားတောင်တန်း သာသနာပြုဆရာတော်ဘုရားကြီး အရှင်ဥတ္တမသာရ ။
ရေးသားသူ – သာထက်ဇော်(မကွေး)
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။