ပီယလာဘတောင်းတိုင်းရ​သောမာတင်္ဂဂါထာတော်

Astrology
ပီယလာဘတောင်းတိုင်းရ​သောမာတင်္ဂဂါထာတော်

ဤမာတင်္ဂဂါထာတော် ကြီးသည်
လောကီဘက်တွင် အလွန်တရာ
အစွမ်းထက်လှသောဂါထာတော် ဖြစ်၍
ရှေးရှေးသော သူ တော် ကောင်းတို့
လျိူ့ဝှက်စွာရွတ်ပွားကြသောဂါထာတော်ပင်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် နေ့စဉ်နံနက်အရုဏ်တက်ချိန် တွင်
(၉) ခေါက် ရွတ်ဖတ်သင့်ပါသည် ။
အလယ်အလတ် (၁၈) ခေါက် ၊
အများဆုံး (၂၇) ခေါက်
နေ့စဉ်မှန်မှန် ရွတ် ဖတ်သင့်ပါ သည် ။
(၂၇) ခေါက် ထက် ပို လာ ပါ က
အနှောက်အယှက်ဝင်တက်ခြင်း ၊
စိတ် လေလွင့်ခြင်း ၊
စိတ်ဂယောက်ဂယက်ဖြစ်တက်ခြင်း ၊
ငိုလားရယ်လား ဖြစ်တက်ခြင်း အစရှိသဖြင့်
ဖြစ်နိုင်ပါ ၍ သတိထားသင့်ပါသည် ။
အခေါက်ရေ များများစားစား
မရွတ်ဖတ်သင့် သောဂါထာလဲ ဖြစ်ပါသည်။

ဤ မာတင်္ဂ ဂါ ထာ တော်အား
( အ ချစ် တော် ကြီး ဂါထာ ) ဟူ ၍ လည်း
သက် မှတ် တော် မူ ခဲ့ ကြ သည် ။

ထို့ပြင် အချိူ့သော လောကီဆရာကြီး များ ၊
ဆရာတော်ကြီးများသည် ဤဂါထာတော်ကိုပင်
ဆွဲငင်အားကောင်းသော(၁၅၀၀)အ ချစ် တော်
ဂါထာတော်ကြီးဟု့ တင်စားခေါ်ဝေါ်ကြသည် ။

ဤ ဂါ ထာ တော် ကြီး ကို
အ ခေါက် ရေ များ များ ရွတ်မိ ပါ က
ဘုမ္မိဣတ္ထိများ ၊ဒေဝီဣတ္ထိများ ၊ဒေဝကုမ္မာရီများ ၊
ဒေဝယုဝတီများ ၊ရုက္ခဒေဝီများ၊ ရုက္ခဣတ္ထိများ ၊
ဥစ္စာစောင့်မိန်းမများ ၊သူယောင်မများ ၊
အဖျက်ဝိဇ္ဇာမများ ရောက်ရှိလာကြတက်သည် ။
ထို သို့ အ ဖျက် အဆီး များ ဝင် လာ နိုင် ၍
ဂါ ထာ ရွတ်ရာ တွင် အ ခေါက် ရေ
မ များ သင့် ဟုဆိုထား ပါသည်
ဤ မာတင်္ဂဂါထာတော်၏အကျိူးအာနိသင်မှာ
တောင်း တိုင်း ရ စေသည် ။

တောင့် တ တိုင်းလည်းပြည့် စုံ စေရ၏ ။ လူမိန်းမ ၊ လူယောက်ျားများအပြင်တောစောင့်နတ် ၊ တောင်စောင့်နတ် များ ဘုမ္မစိုး ၊ရုက္ခစိုးနတ်များ၊အာကာသစိုးနတ်များပါ ချစ် ခင် နှစ်သက် လာ စေ သည် ။

ထို့အပြင်
စုန်း ၊​ကဝေ ၊ အစိမ်းသရဲများ ၊ နာနာဘာဝများ၊
(၃၇) မင်း အတွင်း နတ် အ ပြင် နတ် များ၊ မြေဖုတ်ဘီလူးများ နတ်ဆိုး နတ်ဝါးများပင်
ချစ် ခင် နှစ် သက် လာ စေ ပါ သည် ။

ရှေးအခါက
သာသနာပြုပုဂ္ဂိုလ်၊ အကျော် အမော် များ၊
ဆ ရာ တော် ကြီး များ သည်
ဤ မာတင်္ဂ ဂါ ထာ တော်ဖြင့်
တစ်ဖက်တစ်လမ်း က
သာသနာ ပြုသွားကြခဲ့ဘူးသည် ဟု လည်း
သိမှတ်ခဲ့ရသည်။

”မာတင်္ဂဂါထာတော်”

၁။ ယဒိ ပသန်တိ မံစိတ်တံ ၊
တံ ပသန်တျိ မနောရမ္မံ၊
ယထာ ဥမ္မတ္တကောဝီယ ၊
ဒသနေန မနောရမ္မံ။

၂။ ယယေ ပသန်တိ မံစိတ်တံ ၊
စိတ္တံ ဟောတိပိယံ ပိယံ၊
ပိယေန စိတ္တေန ဟောန္တိ ၊
ဒိသွာမမ ပိယံ ပိယံ။

မှန်ကန်တိကျစွာအသံထွက်နည်း

၁။ ယဒိ ပတ်သန်တိ မံစိတ်တံ ၊
တံ ပက်သန်တိ မနောရမ်မံ၊
ယထာအုမ်မတ်တကောဝီယ
ဒတ်သနေန မနောရမ်မံ
၂။ ယေယေ ပတ်သန်တိ မံစိတ်တံ ၊
စိတ်တံ ဟောတိ ပိယံ ပိယံ၊
ပိယေန စိတ်တေန ဟွန်တိ ၊
ဒိတ်သဝါမမ ပိယံ ပိယံ ။

”မာတင်္ဂဂါထာအား အဓိဋ္ဌာန်ပြုရွတ်ဖတ်နည်း”

အထက်ပါ မာတင်္ဂဂါထာတော်ကို
နံနက် အရုဏ်တက် (၂၇) ခေါက်
(သို့မဟုတ်) ညနေ (၂၇) ခေါက်
အသံလေးလေးမှန်မှန်ရွတ်ဖတ်ပါ။
အမြဲရွတ်ဖတ်ပါက ပြောသမျှအောင် ၊
ကြံသမျှပြီးစီး ၊ လုပ်သမျှဖြစ် ၊
လူချစ်လူခင်ပေါ ၊ ပီယသိဒ္ဓိကောင်း ၊
ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါတယ်။
ကာမေသုကိုရှောင်ကြဉ်နိုင်လေ
ပိုကောင်းလေဟုအဆိုရှိပါတယ်။

အဓိဠာန်ပြု၍ ရွတ်ဖတ်လိုပါက….

ဘုရားတပည့်တော်သည်
ယနေ့ယခု အချိန်ခါမှစ၍ မာတင်္ဂဂါထာကို
တစ်ထိုင်တည်းနှင့် (၂၇)ခေါက်ရအောင်
ရွတ်ဖတ်သရဇ္ဈာယ်ပါမည်ဟု
သစ္စာအဓိဌာန်ပြုပါသည်။

ဤသို့မာတင်္ဂဂါထာတော်ကို
တစ်ထိုင်တည်းနှင့်(၂၇)ရအောင်
ရွတ်ဖတ်သရဇ္ဈာယ်နေစဉ်အတွင်း.
(၂၇)ခေါက်မပြည့်မချင်း
ထိုင်ရာမှ မထပါဘုရား

(၂၇)ခေါက်မပြည့်မှီ
ခြင် ယင် ပုရွတ်ဆိတ်များ
အဟိတ် တိရစ္ဆာန်များကိုက်ခဲပါသော်လဲ
မရိုက်မပွတ်မသတ်ပါဘုရား

(၂၇) ခေါက်မပြည့်မချင်း
နောက်သို့ မလှည့်ကြည့်ပါဘုရား

(၂၇) ခေါက်မပြည့်မချင်း
မည်သူတစ်ဦးတစ်ယောက်က
လှမ်းခေါ်သည်ဖြစ်စေ
ပြန်လှန်၍မထူးပါဘုရား

ဤမှန်ကန်သောသစ္စာအဓိဌာန်ကို
မြတ်စွာဘုရားရှင်၏ရှေ့တော်မှောက်၌
မှန်ကန်သောသစ္စာအဓိဌာန်ကို
ပြုအပ်ပါသည်ဘုရား

ဤသို့သောမှန်ကန်သောသစ္စာအဓိဌာန်ကိုပြု၍ .
(မာတင်္ဂဂါထာတော်ကို)တစ်ထိုင်တည်းနှင့်
(၂၇)ခေါက်ပြည့်အောင် ရွတ်ဖတ်
သရဇ္ဈာယ်ပါမည်ဟူ ၍
အဓိဌာန်ပြု​ပါ၏ဘုရား။
အဓိဌာန် ပြုပါ၏ဘုရား

ထို့နောက် အထက်ပါအတိုင်း/
အဓိဌာန် သစ္စာပြုထားသည့်အတိုင်း
မိမိ ခန္ဓာကိုယ်အား
အနေတော်ထိုင်တတ်သလိုထိုင်၍
ဣရိယာပုတ် တစ်ပါးတည်းဖြင့်
မေတ္တာသုတ်တော်ကို ပုံမှန်အသံ
(မတိုးလွန်းမကျယ်လွန်း)
(မမြန်လွန်းမနှေးလွန်း) သောအသံဖြင့်
တစ်ကြိမ်ပီပီသသရွတ်ဖတ် သရဇ္စျာယ်ပါ။
ရွတ်ဆိုရာ၌လည်း ပါဠိအက္ခရာအဖြတ်အတောက်
မှန်ကန်စွာ ရွတ်တတ်ရပါမည် ။

ထို့နောက်ဆက်လက်၍
မာတင်္ဂဂါထာတော်ကို ရွတ်ဖတ်ပူဇော်ရန်
သစ္စာအဓိဋ္ဌာန် ပြုထားသည့်အတိုင်း တစ်သဝေမတိမ်းလိုက်နာကျင့်သုံး၍
မာတင်္ဂဂါထာတော်ကို တစ်ထိုင်တည်းနှင့် အပြီး
{၂၇-ခေါက်} စေ့အောင် ၊ပြည့်အောင်
ရွတ်ဖတ် သရဇ္စျာယ်ရပါမည်။

ဤသို့လျှင်
မာတင်္ဂဂါထာတော်အား (၂၇) ခေါက်စေ့အောင်
ရွတ်ဖတ် သရဇ္စျာယ်ပြီးနောက်
မိမိအဓိဋ္ဌာန် သစ္စာပြုအပ်သည်နှင့် အညီ
အောင်မြင်ပြီးစီးအောင်ကျင့်ဆောင်ခဲ့ခြင်းကြောင့်
အောက်ပါအတိုင်း ဆုတောင်းအဓိဌာန်ပြုရပါမည်။

ဘုန်းတော် အလွန်တရာ
ကြီးမြတ်တော်မူထသော
အစိန္တယျ သုံးလောကထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားရှင် နှင့် တကွ
ဘုရား၊တရား၊သံဃာရတနာမြတ်သုံးပါးတို့ဘုရား။
– တပည့်တော်သည် ယနေ့ယခု အချိန်အခါ၌
သစ္စာအဓိဠာန်ပြုထားသည်နှင့်အညီ
မာတင်္ဂဂါထာတော်အား တစ်ထိုင်တည်းနှင့်
(၂၇)ခေါက်ပြည့်အောင်
ရွတ်ဖတ်သရဇ္စျာယ်ခဲ့ပါ၏ဘုရား ။
ဤသစ္စာမှန်ကန်ပါက …
– ဤမှန်ကန်သော သစ္စာစကားကြောင့်…..
– ဤမှန်ကန်သော သစ္စာစကား၏
တန်ခိုးတေဇော် အာနုဘော်ကြောင့်
-ရပာန်း ပုဏ္ဏား ၊မိန်းမ ယောင်္ကျား
မင်းမိဖုရား မင်းသမီး မင်းသားကစ
လောကသနင်းပြည့်ရှင်မင်းလည်း ၊
ချစ်ခင်မေတ္တာ ၊ ဂရုဏာဖြင့် ၊
ကြင်နာသနား ၊ ၀မ်းထွက်သားသို့
စိတ်ချစ်ဟုန်လိုက်လာစေသော် ။

-တနေ့ပင်မျှော် အမိသော်ကား ၊တအော်မေ့မေ့
လွန်းစွေ့ပူဆာ မနေသာသာလိုက်၍ရှာလာစေသော် ။
-ပြောသမျှအောင် ၊ကြံသမျှပြီးစီး ၊လုပ်သမျှဖြစ်ပြီး ၊
အောင်မြင်ပါစေ အရှင်ဘုရား

လောကီပညာရှင်တို့က
”မွေးနေ့ကိုဆောင် ၊ အောင်သည်” ဟု
ဆိုခဲ့တဲ့အတိုင်း မိမိမွေးနေ့နံနက် ၉:၄၅ မိနစ်မှ
စတင်၍ အဓိဌာန်ပြုရွတ်ဖတ်ပူဇော်နိုင်ပါသည်။

အဓိဌာန်ရက်ကတော့
{ ၉ရက် ၊ ၂၇ ရက် ၊ ၄၅ရက် ၊ ၁၀၈ရက်
အစရှိသဖြင့် မိမိနိုင်သလို သတ်မှတ်ပါ။
ဆုတောင်းအနေနဲ့ မိမိကြိုက်နှစ်သက်ရာပြင်ဆင်ဆုတောင်းနိုင်ပါသည်။

ယခုရေးသားမှုများသည်
ဗဟုသုတရရှိစေရန်
လေ့လာဆည်းပူးထားသမျှအား
စုစည်းတင်ပြခြင်းဖြစ်သည်။
မူရင်းဆရာ ၊ ဆရာမ များအားလဲ
ရိုသေလေးစားစွာ credit ပေးပါသည်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...