ကျန်းမာရေးနုနယ်သောမူလမဟာဘုတ်ဇာတာရှင်လေးများ

Astrology
ကျန်းမာရေးနုနယ်သောမူလမဟာဘုတ်ဇာတာရှင်လေးများ

တနင်္ဂနွေသားသမီး မရဏဖွား ။
တနင်္လာသားသမီး မရဏဖွား ။
အင်္ဂါသားသမီး မရဏဖွား ။
ဗုဒ္ဓဟူးသားသမီး သိုက်ဖွား ။
ကြာသပတေးသားသမီး အဓိပတိဖွား ။
သောကြာသားသမီး အထွန်းဖွား ။
စနေသားသမီး ပုတိဖွား ။
ရာဟုသားသမီး အထွန်းဖွား ။

ဒီရှစ်မျိုးကတော့ အလွယ်သာ မှတ်ယူထားကြပါ ။ ကျန်းမာရေး အလွန်နုနယ်ပါသဗျာ ။ တော်တော်ကြီးကို အမည်နဲ့ ထိမ်းတာတောင် စိတ်ချလက်ချမနေရဲတဲ့ ဖွားဇာတာမူလအခံ အားနဲချက်ပါတဲ့ ကလေးတွေပါ ။

နောက်တစ်ခု ထပ်ပြောပါဦးမယ် ။ အောက်ပါဖွားဇာတာလေးတွေဟာလည်း အသက်ရှင်သန်ကြီးပြင်းရေးကို ခက်ခက်ခဲခဲ နဲ့ ပိုးမွေးသလို မွေးယူလာရတတ်တာမို့ မိဘတွေလည်း အတန်အသင့် ပင်ပန်းကြတတ်တဲ့ ဖွားဇာတာလေးတွေပါ ။ အချို့က ငယ်စဉ်ကတည်းက ကျန်းမာရေးအခက်အခဲ ကြုံပြီး အချို့ကတော့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်ကြရတတ်သည့် ဖွားဇာတာရှင်တွေပါ ။
တနင်္ဂနွေသားသမီး သိုက်ဖွား ။
တနင်္လာသားသမီး သိုက်ဖွား ။
အင်္ဂါသားသမီး သိုက်ဖွား ။
ဗုဒ္ဓဟူးသားသမီး ဘင်္ဂဖွား ။
ကြာသပတေးသားသမီး အဓိပတိဖွား ။
သောကြာသားသမီး ပုတိဖွား ။
စနေသားသမီး ရာဇဖွား ။
ရာဟုသားသမီး ပုတိဖွား ။

ဒီရှစ်မျိုးဟာ ကျန်းမာရေးမှာ ဖြစ်ပြီဟေ့ ဆိုရင်လည်း အချိန်ကာလ ကြာမြင့်စွာ ရေရှည်ဆင်နွဲရတဲ့ ကျန်းမာရေး ပြဿနာမျိုးတွေ ပိုမိုဖြစ်လွယ်တတ်ကြသလို ဟိုဟာ အစားထိုးရ ..သည်ဟာအစားထိုးရသည့် ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမှုတွေ စက်ဖြင့်အစားထိုး ကူပံ့ရတာတွေ ကိုလည်း ဖြစ်လွယ်တတ်ကြပါတယ် ။

ဒီဆောင်းပါးတိုလေးကို ကျွန်တော် နှစ်များစွာလေ့လာ သုတေသနပြုပြီးမှ ရေးသားနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

နောင် ..ကျွန်တော် မရှိတော့တဲ့ အချိန်ကာလထိ….ဒီစာစုလေးဟာ နှောင်းပိုင်း ပညာလေ့လာနေသူများအတွက်ပါ အကျိုးကျေးဇူးပြုနိုင်မယ်လို့လည်း ယူဆမိပါတယ် ။

ရေးသားသူ -Crd:ကိုဖုန်း ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...