ကြီး ပွား ချမ်း သာ ရန် အတွက် ယတြာ တ ချို့

Astrology
ကြီး ပွား ချမ်း သာ ရန် အတွက် ယတြာ တ ချို့

၁ ။ ရေ ချိုး ခန်း ၊ အိမ် သာ စ သည် တို့ ကို ခြောက် သွေ့ အောင် ၊ သန့် ရှင်း အောင် ထား ရှိ ပါ သို့ မဟုတ် ပါ က ဇာတာ ၌ ပါ ရှိ သော တနင်္လာ ဂြိုလ် နှင့် စနေ တို့ ကို ဖျက် ဆီး ပစ် လိမ့် မည် ။

၂ ။ ည အခါ ၌ စား ကြွင်း စား ကျန် များ ကို ထိမ်း သိမ်း မ ထား ပါ နဲ့ ၊ တနင်္လာ နဲ့ သောကြာ ဂြိုလ် တို့ ကို ဖျက် ဆီး ပစ် လိုက် လိမ့် မည် ။ ( တနင်္လာ – သော ကြာ ပူး ခြင်း သည် ဓန ယုဂ် ဖြစ် ပါ သည် ၊ စာ ရေး သူ)

၃ ။ အိပ် ယာ ထဲ ၌ အစာ မစား ပါ နဲ့ ၊ သော ကြာ ဂြိုလ် ကို ဖျက် ဆီး ပစ် တတ် သည် ၊ အမြဲ အိပ် ယာ ကို သန့် သန့် ရှင်း ရှင်း ၊ သပ် သပ် ရပ် ရပ် ထား ရှိ ပါ ။

၄ ။ နှမ်း ဆီ သို့မဟုတ် ဟင်း ရွက် ဆီ ဖြင့် ဆီ မီး အမြဲ ထွန့် ညှို ထား ပါ ။ ဖြစ် နိုင် လျင် ၂၄ နာ ရီ ထွန်း ညှို ထား ပါ ။ ဖော် ပြ ပါ ဆီ မ ရ ရှိ လည်း ဖြစ် ပါ သည် ။

၁။မဆပ်နိုင်လောက်အောင် ပမာဏများပြားတဲ့ ပိုက်ဆံအကြွေးတွေ တင်နေရင် ဘာလုပ်ကြမလဲ။

မိမိအိမ်ခြံဝင်း အပြင်ဘက်တစ်နေရာ မြက်ခင်းပြင်၊ချုံပုတ်တွေတို့မှာပေါ့လေ သကြားလေးနဲနဲ ဖြူးပြီး ပိုးပုရွက်စာအဖြစ် ဒါနပြုရပါတယ်။ မြန်ချင်ရင်တော့ မိသားစုဝင်အားလုံး လုပ်ရပါတယ်။ ဘယ်လိုမှ ထင်မထားတဲ့ ငွေကြေး အစုလိုက်အပုံလိုက်ကို ရရှိစေပါတယ်။ ပိုး ပုရွက်ဆိတ်များက ရာဟုဂြိုဟ်ကို ကိုယ်စားပြုပြီး ဒီဂြိုဟ်က ငွေကို အစုလိုက်အပုံလိုက် ပေးလို့ဖြစ်ပါတယ်။ ရာဟုက စီးပွားရှာဖွေရာမှာ စွန့်စားရှာဖွေလိုစိတ်နဲ့ လောင်းကစားလုပ်လိုစိတ်ကိုလဲ တွန်းအားပေးတာကြောင့် တော်တော်တော့ သတိထားနိုင်ရပါတယ်။ ဒါကြောင့်လဲ အိမ်ခြံဝင်း အပြင်ဘက်မှာသာ ဒါကို လုပ်ရခြင်း ဖြစ်ပါတယ်။

၂။မိမိက ဆပ်စရာ မဆပ်နိုင်ခဲ့ရင် ဂျုံမှုန့်သန့်သန့်ကို ရေနဲ့နယ်ပါ။ လက်ဖက်ရည်ဆိုင်က ပလာတာ
ထပ်တရာလုပ်ဖို့ နယ်ထားတဲ့ ဂျုံလုံးကိုလည်း ဝယ်ယူနိုင်ပါတယ်။ အီကြာကွေးလုပ်ဖို့ နယ်ထားတဲ့ ဂျုံတော့ မရပါဘူး။ ဆော်ဒါတို့ ဆားတို့ပါတတ်
လို့ပါ။ ဒီဂျုံကို ကုလားပဲလုံးအရွယ် လုံးလိုက်ပြီး

“ဥုံ သီရိဒေဝိယ နမော” လို့ ရွတ်လိုက်ရင်း ရေရှင်ထဲမှာ ငါးစာအဖြစ်ကျွေးရပါတယ်။ တစ်ကြိမ်ကျွေးရင် ၁၀၈ လုံးကျွေးရပါတယ်။ ကုလားပဲလုံး အရွယ်ထက်တော့ မသေးသင့်ပါဘူး။ ၁၀၈ လုံးထက် ပိုတာက ပြဿနာ မရှိပါဘူး။ ဒီလိုမျိုး ကျွေးသွားခဲ့ရင် အလုပ်တွေ ငွေတွေ ဝင်လာပြီး အကြွေးဆပ်နိုင်စေပါတယ်။ ဝင်လာတဲ့ အလုပ်တွေကိုတော့ နိုင်သင့်တာပေါ့လေ။ တစ်ကြိမ်မှာ ၁၀၈ လုံးနဲ့ ကျွေးသွားခဲ့ရင် အံ့လောက်စရာတွေက ပထမတစ်ကြိမ်မှာတင် ကြုံရတာ။ကိုးကြိမ်ပြည့်ခဲ့ရင် ကြုံရတာတွေတော့
အံမခန်း စံစားကြပေတော့ဗျာ….။

ဤလုပ်ဆောင်ရမည့်နည်းလမ်းများကို မသိသေးသူမိတ်ဆွေအသစ်များလည်း သိစေရန် နှင့် ယခင်
သိပြီးသားမိတ်ဆွေများကလည်း သတိရစေရန်
ဆရာဦးမင်းနိုင် ၏ မြန့်မာလောကီပညာသိစရာ စာအုပ်မှပြန်လည်တင်ပေးရခြင်းဖြစ်ပါတယ် ခင်ဗျ။
credit org

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...