ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော

ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော

Astrology
ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော

( ၁ )
လက်ညိုးခြေရင်း
ကြာသပတေးဂြိုလ်ခုံပေါ် မှဲ့
လူကြီးမိဘများ အထက်လူကြီးများရဲ့ အထင်လွဲခြင်းကို ခံရတတ်တယ်
ကိုယ်ကဘယ်လိုပဲ ေကာင်းအောင်နေနေ သူတို့ရဲ့
ငြိုငြင်ခြင်းကို ခံရတတ်တယ် မတရားစွပ်စွဲခံရတတ်တယ်
ဲဂုဏ်သိက္ခာကျခြင်း နာမည်ပျက်ခြင်းတွေ ကြုံရနိုင်တယ်
မှဲ့ထင်ရှားတဲ့နှစ်မှာ မိမိကသာ မဆငိမခြင်ပြုမူခဲ့ရင်
မိမိရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးရတဲ့ထိ အဖြစ်ဆိုးမျိုး ကြုံရနိုင်ပါတယ်

( ၂ )
လက်ခလယ်ခြေရင်း
စနေဂြိုလ်ခုံပေါ် မှ့ဲ
စနေဂြိုလ်ခုံမှာ မှဲ့ရှိနေရင် လူမှုရေးပြသနာတွေ ဖြစ်ရတတ်တယ်
မတော်တဆထိခိုက်မှုမျိုးတွေ ကြုံရနိုင်တယ်
လုပ်ငန်းခွငိမှာလဲ အဆင်မပြေမှုတွေ ကြုံရနိုင်သလို
အိမ်နဲ့အလုပ်မှာ သူခိုးခိုးတာ ခံရနိုင်တယ်
ပယောဂတွေဖြစ်တဲ့ စုန်း နတ် ကဝေ အောက်လမ်း သရဲ
အစရှိသူတို့ရဲ့ ပြုစားခြင်းကိုလဲ ခံရနိုင်ပါတယ်

( ၃ )
လက်သူကြွယ်ခြေရင်း
တနဂ်နွေဂြိုလ်ခုံပေါ် မှဲ့
တနဂ်နွေဂြိုလ်ခုံမှာ မှဲ့ရှိရင်တော့
မိမိက ကျော်ကြားအောင်မြင်နေတဲ့သူဆိုလည်း
အောက်ကို ထိုးကျသွားနိုငိတယ်
အလုပ်မှာ မိမိရဲ့ပတ်ဝန်းကျင်မှာ မကောင်းသတင်းတွေ ထွက်တတ်တယ်
သူများတကာတွေက မိမိမကောင်းကြောင့် သွားပုတ်လေလွင့်
ပြောဆိုနေတတ်တယ် မိမိရဲ့နာမည်ပျက် သိက္ခာကျနိုင်တဲ့
အဖြစ်ဆိုးတွေ ပြသနာတွေ ကြုံရနိုင်ပါတယ်

( ၄ )
လက်သန်းခြေရင်း
ဗုဒ္ဓဟူးဂြိုလ်ခုံပေါ် မှဲ့
ဗုဒ္ဓဟူးဂြိုလ်ခုံမှာ မှဲ့ရှိနေရင်တော့ စီးပွားရေးဂြိုလ်ခုံဖြစ်တဲ့အတိုင်း
မိမိရဲ့စီးပွားရေးမှာ ဆုံးရှုံးမှုတွေ ကြုံရမယ်
မမျော်လင့်ပဲ မိမိရဲ့ငွေကြေးမြုပ်နှံမှုတွေ အရှုံးပေါ်သွားတတ်တယ်
တစ်ပါးသူရဲ့အကူညီမရနိုင်တဲ့အပြင်
မိမိရဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့တောင် ခွဲခွာရတတ်တယ်
လူလိမ်လည်း ခံရနိုငိလို့ အချေးအငှား စပ်တူအလုပ်တွေဆို
သတိထား ရှောင်ရှားသင့်ပါတယ်

( ၅ )
လက်ညိုး လက်မကြား
အင်္ဂါဂြိုလ်ခုံ အဖိုပေါ် မှဲ့
အင်္ဂါဂြိုလ်ခုံပေါ်မှာ မှဲ့ရှိနေရင်တော့
မိမိကို မလိုမုန်းထားသုတွေ ပေါများလာတယ်
ရန်လို ရန်စသူတွေ ရှိလာမယ် တိုက်ခိုက်ခံရမယ်
အမှုအခင်းဖြစ်လို့ တရားရငိဆိုင်ရင် ကိုယ့်ဘက်ကရှုံးတတ်တယ်

( ၆ )
လက်သန်း လက်ဖနောင့်ကြား
အင်္ဂါဂြိုလ်ခုံ အမ ပေါ် မှဲ့
အင်္ဂါဂြိုလ်ခုံအမပေါ်မှာ မှဲ့ရှိရင်
မိမိက သည်းခံလိုစိတ်တွေ လျော့နည်းလာမယ်
ပတ်ဝန်းကျင်က မိမိရဲ့မကောင်းသတင်း အပုတ်ချပြောခံရမယ်
ကိုယ့်ကို ချောက်တွန်းဖို့ ချောင်းမြောင်းနေသူတွေ ရှိနေတတ်တယ်
အပြိုင်အဆိုင်တွေပေါ်ပေါက်လာရင်
မိမိမိက အရှုံးပဲ ဖြစ်နေတတ်တယ်

( ၇ )
လက်ဖနောင့်
တနလင်္ာဂြိုလ်ခုံ မှဲ့
တနလင်္ာဂြိုလ်ခုံပေါ်မှာ မှ့ဲရှိနေရငိ
ရေနဲ့ဒုက္ခရောက်တတ်တယ် ခရီးသွားခြင်းတွေကနေ
အန္တရာယ်ကျရောက်တတ်တယ်
စိတ်ကူး အကြံတွေမှားယွင်းတတ်ပြီး
မိမိဆုံးဖြတ်ချက်ချလိုက်တဲ့အရာတိုင်း တလွဲဖြစ်နေတတ်တယ်
အာရုံကြောအားနည်းနိုင်သလို ဆီးရောဂါပါ ဝင်တတ်ပါတယ်

( ၈ )
လက်မခြေရင်း
သောကြာဂြိုလ်ခုံ မှ့ဲ
သောကြာဂြိုလ်ခုံပေါ် မှဲ့ရှိနေရင်
အချစ်ရေးအဆင်မပြေမှုတွေ ကြုံရလိမ့်မယ်
အရှက်ရတတ်တယ် မိမိကို ကျောရရုံကြံတဲ့သူမျိုးနဲ့ ဆုံရတတ်တယ်
နီးစပ်ရာလူနဲ့လည်း မှားယွင်းချစ်မိသွားတတ်ပါတယ်

#ဇေယန

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...