ငါ့မှာအပြစ် လက်တစ်ဆစ်မျှမရှိဟုဆိုခဲ့သူ မန္တလေး​သူ​မန္တလေး​သားတို့ကိုစောင့်ရှောက်တဲ့ မန္တလေးဘိုးဘိုးကြီးအကြောင်း

Astrology
ငါ့မှာအပြစ် လက်တစ်ဆစ်မျှမရှိဟုဆိုခဲ့သူ မန္တလေး​သူ​မန္တလေး​သားတို့ကိုစောင့်ရှောက်တဲ့ မန္တလေးဘိုးဘိုးကြီးအကြောင်း

သူသည်ကား
မန္တလေး​မြို့အတွက်
မင်းမိန့်ဖြင့် အစောင့်ချခံခဲ့ရသူ
မျိုး​နွယ်​က…….ပုဏ္ဏား​မျိုး
နက္ခတ်​ ဝေဒ​ အတတ်ပညာဖြင့်
မင်းမှုထမ်း​ကြသည့်မျိုးရိုး။
ရှေး​အစဥ်အလာအရ
မင်းတို့၏ အကြံပေး,​အခါပေး။

သူ့မှာညီမနှစ်ယောက်ရှိတယ်။
တစ်ယောက်က​ အရပ်ပုပုခါးကုန်းကုန်းသွားလို့
#ရှင်ကွ
တစ်ယောက်က​ ငယ်စဥ်ကပင်ကျန်းမာရေးကြောင့်
ခန္ဓာ​ကိုယ်အချိုးအစားမသန်စွမ်းသောငြား
ဉာဏ်အားဖြင့်ထက်မြက်သူ။

အိမ်​တွင်းအောင်းလို့
#ဂူတော်ရှင်မမလေး
အနော်ရထာမင်း
စုက္ကတေးကိုတိုက်ဖို့
အချိန်​အခါ​နေရာရွေးပေးခဲ့သူဘိုးဘိုး။
ကျေးဇူးကြီးလှသည်မို့
လူစွမ်းကောင်းဗျတ္တ၏ သားများ…..
လူမမယ်ကလေးဘဝ
ပုပ္ပါးကနေ နန်းတော်တွင်းအလည်ခေါ်လာလျှင်
ဘိုးဘိုးအိမ်တော်မှာပဲ
ဆော့ကစားဖို့
အနော်ရထာကိုယ်တိုင်က…..
အမိန့်ပေးခဲ့သူ။
အနေနီးတော့သံယောဇဥ်ကြီးဆိုသလို
ပုပ္ပါးသူမယ်ဝဏ္ဏ နှင့် သူတို့က
တောသွားလျှင် နားနေ။

မြို့တက်လျှင်ခိုနားဖြင့်
နှစ်အိမ်တစ်အိမ်သဘော
ဆွေမျိုး​မိသားစုများပမာ။
ဘိုးဘိုးကြီး၏စာရေးတော်ကြီး
ကိုးကျောင်းတကာဦးသာနိုး+မဘို့မယ်တို့ကပါ
ရွှေဖျဥ်းညီနောင်တို့မိသားစုနှင့်
စားကြခင်ကြ….ရင်းနှီးကြတယ်။

နက္ခတ်​ဗေဒင်​ကောင်းကင်ကနေလတာရာမြင်ရာမှာ
#တစ်ဖက်ကမ်းခတ်သည့်ဘိုးဘိုးအား
သကျသာကီဝင်​တွေကို
ဝိဋဋူဘသတ်ခဲ့ချိန်က
ပုဏ္ဏားတော်ပညာရှိကြီးက
လူမမယ်မင်းသားခလေးနှစ်ဦးကို
ခိုးယူထိမ်းသိမ်းကာ
ပညာအမွေပေး
မောရိယနန်းဆက်
အသောကမျိုးဆက်ထောင်ပေးသလို။
မင်းမျိုးမဟုတ်သည့်
လူစွမ်းကောင်းဗျတ္တ သားနှစ်ပါးအား
မင်းဖြစ်အောင်မြောက်လျှင်
ခက်ရချည်သား
စိုးရိမ်စိတ်များဖြင့်
သတ်ဖြတ်ဖို့ကြံစည်နေကြရင်း…….။

အကြောင်းတိုက်ဆိုင်လို့
မင်းနှစ်ပါးအသတ်ခံရရာနောက်
သူ၏ စာရေးဦးသာနိုး
သူ၏ ညီမပါ ကွပ်မျက်ခံရပြီး၊
သူ့ကို​ဖမ်း​ဆီးထိမ်းသိမ်းရာမှာလည်း……..
ငါ့မှာအပြစ်လက်တစ်ဆစ်ရယ်မျှမရှိ………
မင်းတို့သတ်လို့သေခဲ့ရလေက၊
ဖြစ်လေရာဘဝ
အပြစ်မဲ့သူဘက်က
#တရားမျှတမှုတောင်းခံလာလျှင်
#ကူညီခွင့်ရပါရစေကွ…… ဟုဆိုကာ
#လောကကိုတိုင်တည်သစ္စာစကားဆိုရင်း
လည်မြိုစင်း၍သတ်ခြင်းခံခဲ့ရလေသူ….

နောက်ဆုံး​တော့
မင်းမိန့်ဖြင့်
မန္တလေး​အရပ်မှာ
အစောင့်အရှောက်ထား
လူတို့ပူဇော်ပသခံယူရ၍
ပိုင်စားစေလို့
အမိန့်​ပေးခံရသူ။
ယနေ့အထိ
အမိန့်ပြန်တမ်းမကျ၊
မြို့ကိုစောင့်ရင်း၊ကူညီနေရသူ။

မန္တလေး​သူ​မန္တလေး​သားတို့
ယုံကြည်လို့မိဘအဖိုးသဖွယ်တိုင်ပင်နေလေရသူ…..
#Credit. to. Owner

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...