စစ်မက်ရန်ဘေး ကင်းဝေကြစေလို

Astrology
စစ်မက်ရန်ဘေး ကင်းဝေကြစေလို

တုတ် ဓါး လှံ သေနတ် မီးပေါက်ဘေး…
လက်နက်ဘေး …
တနည်းအားဖြင့် စစ်မက်ဘေး လို့ ဆိုကြပါစို့….
ဗေဒင်ပညာမှာတော့ … အဆိုပါ ဘေးဥပါဒ်တွေသည် အင်္ဂါဂြိုဟ် နဲ့ သက်ဆိုင်ပါတယ်။ မူလဇာတာ သို့မဟုတ် လက်ရှိရောက်ဆဲ အသက်ပိုင်းတွေမှာ အင်္ဂါဒေါသ သင့်နေခဲ့မယ်ဆိုရင် .. အသေးဆုံးအားဖြင့် မတော်တဆ ထိခိုက်ရှနာ ခိုက်မိတိုက်မိ မျိုးလောက်ကနေ …အကြီးစားအားဖြင့် သွေးထွက်သံယို အနာတရ ၊ ခြေလက်ကိုယ်အင်္ဂါထိခိုက်ခြင်း၊ အသက်သေဆုံးခြင်း အထိ ဖြစ်စေတတ်ပါတယ်။

ဆိုတော့ ဒီခေတ် ဒီကာလ ဒီတိုင်းပြည်အခြေအနေမျိုးမှာတော့ …အဆိုပါ အင်္ဂါဒေါသ သင့်နေသည့် ဇာတာရှင်တွေ ၊ အသက်ပိုင်းခြား ဖြတ်သန်းနေသူတွေ အတွက် တော်တော်ဆင်ခြင် နေုထိုင်ရမည့် ကာလတွေပါပဲ။
အထူးသဖြင့် ဒီနှစ် မြန်မာခုနှစ် ၁၃၈၆ခုနှစ် ထဲမှာ ဆိုရင် အင်္ဂါနေ့ဖွားများ၊ ဗုဒ္ဓဟူးနေ့ဖွားများ ၊ စနေနေ့ဖွားများ ….၊ အဆိုပါ နေ့နံများဖြင့် မှည့်ခေါ်ထားသူများ သည် အထက်ပါ ကံအကျိုးပေးတွေကို ပိုမိုဂရုပြုရပါလိမ့်မယ်။

တစ်လောက မှော်ဘီဘက်မှာ ရဟတ်ယာဉ် မတော်တဆ ပျက်ကျပြီး လေတပ်က အရာရှိအကြီးတန်းတစ်ဦး ဆုံးပါးသွားတာ သတင်းဖတ်လိုက်ရပါတယ်။ အင်္ဂါအစ + ဗုဒ္ဓဟူး အဆုံး အမည်ရှင်ပါပဲ။ သူတင်ပဲလားဆိုတော့ မဟုတ်ပါ။ နှစ်စ ကတည်းက များစွာသော အဆိုပါ အမည်တွဲပိုင်ရှင်တွေ အချို့ ကြိုကြားဆိုသလို … မကောင်းသောကံနဲ့ ရင်ဆိုင်ခဲ့ရတာကို ဖတ်မှတ် သိမြင်နေခဲ့ရပါတယ်။

ကောင်းပြီ ထားပါစို့၊ ခေတ်ကလည်း မကောင်း ၊ မိမိတို့ မူလဇာတာအခြေအနေ နဲ့ လက်ရှိဖြတ်သန်းနေတဲ့ အသက်ပိုင်းခြားကာလတွေကလည်း မကောင်းတဲ့အချင်းအရာ ရှိနေမယ်ဆိုရင် ….
အောက်ပါ သဘာ၀ ယတြာလေးတွေကို တင်ကြိုပြီး လုပ်ထားသင့်ပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖြစ်စေ…
အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းတွင် ဖြစ်စေ…
သို့တည်း မဟုတ် တစ်လ တစ်ခါ လပြည့်နေ့တိုင်းတွင် ဖြစ်စေ…
သံဃာတော်များကို
ဆွမ်း
ဆေး
ဆံချရာတွင် အသုံးပြုနိုင်စေရန်အတွက် ဝတ္ထုပစ္စည်းကိရိယာလေးများ ( သင်တုံးဓါး၊ ဘရိတ်ဓါး၊ ဆံပင်ညှပ်စက်…စသည်ဖြင့် )
အစရှိသော လှုဖွယ် (၃) မျိုးကို …လှုဒါန်းပေးသွားပါ။

တစ်ခုတည်းသော တောင်းဆုအဖြစ် ….
မကောင်းသော လက်နက်ဘေး၊ စစ်မက်ဘေး တို့မှ ကင်းဝေနိုင်ရသည် ဖြစ်ပြီး အသက်ဘေးအန္တရာယ်တို့မှ လွတ်မြောက်နိုင်သည် ဖြစ်ရပါစေ ဟု ဆုတောင်းပါ။
ဒါလေးပါပဲ။
ယုံသည်ဖြစ်စေ
မယုံသည်ဖြစ်စေ….
ကြိုတင်လုပ်ထားပါ။
လက်တွေ့လည်း ဒီကုသိုလ်လေးတွေနဲ့ ….
သေပြီထင်ထားရာက အသက်ရှင်လျှက် ပြန်လာနိုင်ကြသူတွေ၊ စစ်မက်ဘေးကနေ လွတ်မြောက်လာခဲ့သူတွေ ရှိခဲ့ပါပြီ။

အားလုံးပဲ မကောင်းသော စစ်မက်ဘေး တို့မှ ကင်းဝေးနိုင်ကြသည် ဖြစ်ကြပါစေ။
(နောက်ထပ်လည်း …စစ်ဘေးရှောင်ပြည်သူများအတွက် …အသုံးဝင်စေနိုင်မည့် ကောင်းနိုးရာရာ ဆောင်းပါးလေးတွေကို မကြာခဏဆိုသလို ရေးသားတင်ပြပေးသွားပါဦးမယ်ခင်ဗျာ။ )

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...