ဒီနှစ်ထဲထီပေါက်မှာလား?

Astrology
ဒီနှစ်ထဲထီပေါက်မှာလား?

ပထမဆုံး ထီပေါက်ကိန်းရှိ ၊ မရှိ တွက်ချက်သိလိုသူအနေနဲ့ မိမိရဲ့မြန်မာ မွေးဖွားသက္ကရာဇ်ကို သိရပါမယ် ။တကယ်လို့ မသိသူဖြစ်ခဲ့ရင် “#နှစ်တစ်ရာပြက္ခဒိန်”ဖုန်းဆော့ဝဲလ်ထဲမှာ ရှာဖွေကြည့်ပြီး တွက်ချက်ကြည့်နိုင်ပါတယ် ။

တွက်နည်း ။ ။ မိမိရဲ့မြန်မာမွေးဖွားသက္ကရာဇ် + ထီထိုးမယ့် မြန်မာသက္ကရာဇ် + ထိုးလိုသူရဲ့မွေးနံဂြိုဟ်သက် = ပေါင်းရကိန်းကို {၇ ၊ ၈ ၊ ၁၂}ဂဏန်းသုံးလုံးနဲ့ အဆင့်ဆင့် {÷}ပါ ။ ဂဏန်းသုံးလုံးနဲ့ စားလို့ အကြွင်းကိန်း တူညီခဲ့ရင် အဲဒီနှစ် ထီပေါက်ပါမယ် ။ အကြွင်းမတူရင်တော့ မပေါက်ဖူးလို့ “#ရှေးဟောင်းဗေဒင်ကျမ်းကြီး”ကဆိုထားပါတယ် ။

ဥပမာ…မြန်မာသက္ကရာဇ် ၁၃၄၀ခုနှစ်မှာ မွေးဖွားခဲ့တဲ့တနင်္လာသားသမီးတစ်ယောက်အနေနဲ့ အခုနှစ်ထဲမှာထီပေါက်ကိန်းရှိ ၊ မရှိသိလိုရင်တွက်ရမှာက…

၁၃၄၀ (မွေးသက္ကရာဇ်) + ၁၃၈၆( ထီထိုးမယ့်မြန်မာသက္ကရာဇ် ) + ၁၅နှစ် ( တနင်္လာသားသမီးဂြိုဟ်သက် ) = ပေါင်းရကိန်း (၂၇၄၁)ကို ( ၇ ၊ ၈ ၊ ၁၂) တို့နဲ့ {÷} ပါ ။
(၇)နဲ့ {÷}သော် အကြွင်း ၄ ရပါတယ် ။
(၈)နဲ့ {÷}သော် အကြွင်း ၅ ရပါတယ် ။
(၁၂)နဲ့ {÷}သော် အကြွင်း ၅ ရပါတယ် ။

ဒါကြောင့်မို့….
မြန်မာသက္ကရာဇ် ၁၃၄၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ တနင်္လာသားသမီးအနေနဲ့ ( အကြွင်း ကိန်းဂဏန်း သုံးမျိုးမတူညီတာမို့ )ထီပေါက်ကိန်း မရှိသေးပါဘူး ။ ကျန် နေ့သားသမီးတွေအနေနဲ့ တွက်ချက်လိုပါက တွက်ချက်နိုင်စေဖို့ နေ့သားသမီးအလိုက် ဂြိုဟ်သက်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

တနင်္ဂနွေသားသမီးဂြိုဟ်သက် = ၆ နှစ် ။
တနင်္လာသားသမီးဂြိုဟ်သက် = ၁၅ နှစ် ။
အင်္ဂါသားသမီးဂြိုဟ်သက် = ၈ နှစ် ။
ဗုဒ္ဓဟူးသားသမီးဂြိုဟ်သက်= ၁၇ နှစ် ။
ကြာသပတေးသားသမီးဂြိုဟ်သက်= ၁၉ နှစ် ။
သောကြာသားသမီးဂြိုဟ်သက်=၂၁ နှစ် ။
စနေသားသမီးဂြိုဟ်သက်= ၁၀ နှစ် ။
ရာဟုသားသမီးဂြိုဟ်သက်= ၁၂ နှစ် ။

ရေးသားသူ – သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...