နတ်တွေ_သိကြားတွေဝိဇ္ဇာတွေက_စောင့်ရှောက်တယ်ဆိုတာ…..

Astrology Religion
နတ်တွေ_သိကြားတွေဝိဇ္ဇာတွေက_စောင့်ရှောက်တယ်ဆိုတာ…..

၁။ သူနဲ့ပဌာန်းဆက်ရှိတဲ့ လူတွေကို
ဆိုင်ရာနတ်တွေက စောင့်ရှောက်တယ်။

၂။ ကျေးဇူးရှိဖူးတဲ့ သူတွေကို
ဆိုင်ရာနတ်တွေက စောင့်ရှောက်တယ်။

၃။ သာသနာအကျိုး ဘာသာအကျိုး
သာသာရေး အမှန်တကယ်လုပ်တဲ့ သူတွေကို သိကြားမင်းနဲ့ သူ့အပေါင်းအပါတွေက
သာသနာစောင့်နတ်တွေက စောင့်ရှောက်တယ်။ တာ၀တိံသာက သိကြားမင်း ဘိုးတော် မာဃဆိုတဲ့ သိကြားမင်းက စောင့်ရှောက်တာပါတဲ့။ ဒါကလည်း သူက ဘုရားရှင်ကို ဂတိပေးခဲ့လို့ပါတဲ့။

၄။ #ငါးပါးသီလ လုံခြုံတဲ့သူ ၊
မိဘကိုလုပ်ကျွေးတဲ့ သူတွေကိုလည်း
နတ်တွေက စောင့်ရှောင့်ကြပါတယ်။
နတ်တွေက လူလူချင်းလှူဒါန်းတဲ့
သူတွေကို ပိုသဘောကျတယ်ဆိုပဲ။
( လူပုဂ္ဂိုလ်ကို လှုဒါန်းခဲ့သည်ရှိသော်လို့ ဟောတာထင်ပါတယ် )
ဆင်းရဲတဲ့သူတွေကို လှူဒါန်းခြင်း၊
မကျန်းမာချို့တဲ့ တဲ့သူများကို လှူဒါန်းပေးကမ်းခြင်းတို့ကို လုပ်တဲ့သူတွေကို
ပိုမိုသဘောကျပါတယ်တဲ့။ အဲ့လို လှူဒါန်းမှုပြုတဲ့ လူမျိုးတွေကိုလည်း စောင့်ရှောင့်ကူညီတယ်ဆိုပဲ။

၅။ ဝိဇ္ဇာတွေကတော့ ပဌာန်းဆက်ရှိတဲ့သူ၊
တပည့်တော်ခဲ့ဖူးသူ၊ အထက် ဝိဇ္ဇာတွေက တာ၀န်ပေးခံရလို့၊ ဝိဇ္ဇာအကျင့်ကို ဝီရိယစိုက်ပြီး ကျင့်ကြံနေသူ၊ အဲလိုလူမျိုးတွေကို စောင့်ရှောက်ရပါတယ်တဲ့။
အဲဒီမှာ ပြောစရာရှိတာက နတ်တွေက

အသားငါး တအားအစားကြူးတဲ့သူဆိုရင် မကပ်နိုင်လို့ ယူဇနာတစ်ရာကနေ စောင့်ရှောင့် ကြည့်ရှု့ရတယ်ဆိုပဲ။
မိမိသိသလို (၇) ရက်သားသမီးများ
သိရှိနိုင်ရန် မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

Credit ဖားအောက်ဆရာတော်ကြီး

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...