နဝင်းသစ်ပင်မစိုက်စေချင်

Astrology
နဝင်းသစ်ပင်မစိုက်စေချင်

နေအိမ်ရဲ့

အရှေ့မြောက်အရပ်ဘက်မှာ ရှောက်ပင် ၊ ရှားပင် ၊ဖရုံပင် ၊ သံပုရာပင် ၊ သရက်ပင်များ မစိုက်သင့်ပါ ။

အရှေ့အရပ်ဘက်မှာ နံနံပင် ၊ ထနောင်းပင် ၊ ထန်းပင် ၊ထိန်ပင် ၊ တည်ပင် ၊ ပိတောက်ပင်များ မစိုက်သင့်ပါ ။

အရှေ့တောင်ဘက်အရပ်မှာ သီးပင် ၊ ကသစ်ပင် ၊သန်းပင် ၊ သီဟိုဠ်ပင် ၊ ဒဟတ်ပင်များ မစိုက်သင့်ပါ ။

တောင်အရပ်ဘက်မှာ ဗူးပင် ၊ ယင်းမာပင် ၊ ပျဉ်းမပင် ၊ပေါက်ပင် ၊ ပေါက်ပန်းဖြူပင် ၊ ပိန်းပင်များ မစိုက်သင့်ပါ ။

အနောက်တောင်အရပ်ဘက်မှာ ကြံပင် ၊ ကုက္ကိုပင် ၊ ကံကော်ပင် ၊ ကျွန်းပင်များ မစိုက်သင့်ပါ ။

အနောက်အရပ်ဘက်မှာ ဝါပင် ၊ ဝါးပင် ၊ ရဲယို ၊ ရွက်လှပင်များ မစိုက်သင့်ပါ ။

အနောက်မြောက်အရပ်ဘက်မှာ အုန်းပင် ၊ အင်ပင်များ မစိုက်သင့်ပါ ။

မြောက်အရပ်ဘက်မှာ ဇီးပင် ၊ စပယ်ပင် ၊ ဇွန်ပင် ၊ ဇော်စိမ်းပင်များ မစိုက်သင့်ပါ ။

မစိုက်သင့်သောသစ်ပင်များ

ကျွန်တော်တို့ နေအိမ်ရဲ့
အိမ်ခေါင်းရင်းဘက်နဲ့
အိမ်ရှေ့မျက်နှာစာ ဘက်တွေမှာ
အောက်ပါ အပင်တွေကို
မစိုက်သင့်ပါဘူး ။

၁ ။ ဆူးပါတဲ့အပင်များ ။
၂ ။ အဆိပ်ရှိတဲ့အပင်များ ။
၃ ။ အခါးဓာတ်ရှိတဲ့အပင်များ ။
၄ ။ အချဥ်ဓာတ်ရှိတဲ့အပင်များ ။
၅ ။ အစပ်ဓာတ်ရှိတဲ့အပင်များ ။
၆ ။ နွယ်ပါသောအပင်များ ။

အကယ်၍
စိုက်ထားမိရင်…
စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေး
အခက်အခဲ
ရင်ဆိုင် ကြုံတွေ့ရတတ်ပါတယ် ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...