“နိုင်ငံရပ်ခြားခရီးသွားခြင်းအတွက် ဓာတ်လေးပါးယတြာ”

Astrology
“နိုင်ငံရပ်ခြားခရီးသွားခြင်းအတွက် ဓာတ်လေးပါးယတြာ”

နိုင်ငံရပ်ခြားခရီးကိစ္စအတွက် သွားလာပြင်ဆင်ခြင်းပြုသူ များပြားလာသော ယနေ့ခေတ်ကာလအတွက် ကံအားအထောက်အပံ့ကောင်းမွန်စေသော မြန်မာ့ရိုးရာ နိုင်ငံခြားဓာတ်လေးပါးယတြာ အစီအရင်ကို ဖော်ပြပေးပါမည်။

ဤဓာတ်လေးပါးအစီအရင်ကို မလုပ်ဆောင်ခင် မည်သည့်နေ့ဖွားမဆို ဉီးစွာ လုပ်ဆောင်ရမည့် ကုသိုလ်ဒါနတစ်ခု ရှေးဉီး လုပ်ဆောင်ရပေမည်။ မြန်မာ့ရိုးရာ အင်္ဂဝိဇ္ဇာပညာရပ်ကြီး၏ နံတော်စဉ်အရ တနင်္လာနေ့သည် ဘုရားရှင်တောထွက်တော်မူသော အခါတိုင်ဖြစ်သည်။

ထို့ကြောင့် တနင်္လာနေ့တွင် (အချိန်မလို) ရဟန်းသံဃာတစ်ပါးကို ဖိနပ်လှူဒါန်းခြင်း ကုသိုလ်ပြုရပေမည်။
ယင်းနောက်တွင် မိမိရောက်ဆဲအသက်ကို ၄ဖြင့် စားရပါမည်။ အကြွင်း ၄မျိုး ရရှိလာပါလိမ့်မည်။
* ၁ကြွင်းပါက – အန္တောဓာတ် (မီးဓာတ်အုပ်စု)
* ၂ကြွင်းပါက – ဂဗ္ဘေဓာတ် ( မြေဓာတ်အုပ်စု )
* ၃ကြွင်းပါက – စရေဓာတ် ( လေဓာတ်အုပ်စု)
* ဝကြွင်းပါက – ဝံသေဓာတ် ( ရေဓာတ်အုပ်စု)

ယင်းအုပ်စု ၄ခုကို သိမှတ်ထားပြီး မိမိအကြွင်းလိုက် ရောက်ဆဲ ဓာတ်လေးပါးအုပ်စုအတိုင်း ယတြာ လုပ်ဆောင်ရပေမည်။

၁-ခုကြွင်း(မီးဓာတ်) အုပ်စုအသက်ပိုင်းသို့ ကျရောက်နေသူများအဖို့ တနင်္ဂနွေနေ့နှင့် စနေနေ့ မနက် ၆နာရီမှ ၇ ခွဲအတွင်း ဘုရားစေတီ တနင်္ဂနွေထောင့်နှင့် စနေထောင့်တွင် ဖယောင်းတိုင် လိမ္မော်ရောင် ၄တိုင်၊ အမွှေးတိုင် ၄ တိုင်စီလှူဒါန်းပေးရမည်။ ပြီးလျှင် လျှပ်စစ်မီးအလှူဒါနအတွက် ငွေကြေးလှူဒါန်းပြီး လိုရာဆုတောင်းပါ။

၂-ခုကြွင်း (မြေဓာတ်) အုပ်စုအသက်ပိုင်းသို့ ကျရောက်နေသူများအဖို့ တနင်္လာနေ့နှင့် ကြာသပတေးနေ့ မနက် ၆နာရီမှ ၇ခွဲအတွင်း ဘုရားစေတီ တနင်္လာထောင့်နှင့် ကြာသပတေးထောင့်တွင် ပန်းအပွင့် ၂၀ စီ (မည်သည့်ပန်းမဆို) လှူဒါန်းဆုတောင်းရမည်။ ပြီးလျှင် ကျောက်ပြားအလှူဒါနအတွက် ငွေကြေး တတ်အားသရွေ့လှူဒါန်းကာ ဆုတောင်းပေး ရမည်။

၃-ခုကြွင်း ( လေဓာတ်) အုပ်စုအသက်ပိုင်းသို့ ကျရောက်နေသူများအဖို့ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့မနက် ၆နာရီမှ ၇ ခွဲအတွင်း ဘုရားစေတီ အင်္ဂါထောင့်နှင့် ရာဟုထောင့်တွင် ယပ်ဖြူအသေး၆လက်စီလှူဒါန်းပြီး ဘုရားရုပ်ပွားတော် ပလ္လင်ကို အမွှေးနံ့သာပက်ဖျန်း ပူဇော်ပါ။ ဂြိုဟ်တိုင်ကိုလည်း အမွှေးနံသာပက်ဖျန်း ပူဇော်ပြီး ဆုတောင်းပါ။

ဝ-ခုကြွင်း ( ရေဓာတ်) အုပ်စုအသက်ပိုင်း ကျရောက်နေသူများအဖို့ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့မနက် ၆နာရီမှ ၇နာရီခွဲအတွင်း ဘုရားစေတီ ဗုဒ္ဓဟူးထောင့်နှင့် သောကြာထောင့်တွင် ရေ (တစ်ခါသုံးခွက်အသေးဖြင့်) ၁၂ခွက်စီ ကပ်လှူပြီး လိုရာဆုတောင်းပါ။ ပြီးလျှင် ဘုန်းကြီးကုဋီ ရေဆေးသန့်ရှင်းရေး ကုသိုလ်ပြုပါ။

အထက်ပါအတိုင်း နိုင်ငံရပ်ခြားခရီးသွား ဓာတ်လေးပါးယတြာကို အနည်းဆုံး ၃ကြိမ်လုပ်ဆောင်ပေးရပါမည်။

ဥပမာ အသက် ၃၀ပြည့်ပြီး ၃၁ နှစ်အတွင်းရောက်ရှိနေသူတစ်ဉီးသည် ယတြာဆောင်ရွက်မည်ဆိုပါစို့။ အသက် ၃၁ နှစ်ကို ၄ဖြင့်စားပါက ၃ကြွင်းပါမည်။ ထို့ကြောင့် ၃-ကြွင်း လေဓာတ်အုပ်စုယတြာကိုလုပ်ဆောင် ရမည် ဖြစ်ပါသည်။
အထက်ပါအတိုင်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားရန်ကံအခွင့်လမ်းကောင်း ပေါ်ထွန်းခြင်း နိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေချောမွေ့ခြင်းများ ဖြစ်ပေါ်လာပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...