ဘာလုပ် လုပ်အဆင်မပြေရင် မာလာရေစင် ကုလိုလ်လေးလုပ်ကြည့်ပါ

Astrology
ဘာလုပ် လုပ်အဆင်မပြေရင် မာလာရေစင် ကုလိုလ်လေးလုပ်ကြည့်ပါ

မွှေးသောပန်းကိုခွက်တခုထဲသို့
ထည့်ပါ .ရေအပြည့်ထည့်ပါ.
မွှေးသောပန်းမရှိရင် ရေထဲကိုရေမွှေးလေး
ဖြန်းပေးပါ.ပုံထဲကအတိုင်းလေးပါ

မာလာရေစင်လှူတဲ့အခါရွတ်ဖတ်ဆုတောင်းပုံ

ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော
ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ
ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊
မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား
ကျွန်ုပ်မှ အပြစ်များရှိပါက
ကြေအေးပေးပါ
ကျေနပ်ပေးပါ
ခွင့်လွှတ်ပေးပါ
သင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှ နေ၍
မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့်ကပ်လှူပူဇော်ပါသည်

ဘုန်းတော်အနန္တ၊
ကံတော်အနန္တ၊
ဥာဏ်တော်အနန္တ၊
တန်ခိုးတော်အနန္တ၊
မေတ္တာတော်အနန္တ၊
သစ္စာတော် အနန္တ၊
ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော
သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍
အကျွန်ုပ်ကို စောင့်ရှောက်သော ကိုယ်စောင့်နတ်၊
အကျွန်ုပ်ကိုစောင့်ရှောက်သော အစောင့်အရှောက်များနှင့်တကွ
ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊
မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ
သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍
၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ
ဤ မာလာ ရေစင်ကို
အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏
(အလှူခံတော်မှူပါဘုရား)(သုံးကြိမ်)
အစအဆုံး(သုံးကြိမ်) ရွတ်ဆိုရန်

7ရက်တိတိသဒ္ဒါစိတ်ဖြူဖြူနဲ့
ပြုလုပ်ပေးပါထူးခြားလာပါတယ်။
#crd

ရေးသားသူ-ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...