မဟာဘုတ်ကပြောသောကျန်းမာရေးများ

Astrology
မဟာဘုတ်ကပြောသောကျန်းမာရေးများ

မဟာဘုတ်{၁}ကြွင်းသမားဖြစ်ပါက = မရဏ ဗုဒ္ဓဟူးဂြိုလ် ။ လူ လူတစ်ကိုယ်လုံး အားမရှိခြင်း ၊အပင်ပန်းမခံနိုင်ခြင်း ၊ ဝမ်းပျက်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ လိပ်ခေါင်း ၊ အစာအိမ် အူလမ်းကြောင်း ရင်ပြေ့ ၊ ရင်ကယ် ၊ တိုက်ဖိုက် ၊ ခါးနာ ၊ ဒူးနာရောဂါများ ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၂ }ကြွင်းသမားဖြစ်ပါက = မရဏ ကြာသပတေးဂြိုလ် ။ အတွေးအခေါ် ညဏ်ပညာ အာရုံကြောဆိုင်ရာရောဂါများ ၊ အစာအိမ် ဦးနှောက်အမြေးရောင်ခြင်း ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၃} ကြွင်းသမားဖြစ်ပါက = မရဏ သောကြာဂြိုလ် ။ သွားရောဂါ ၊ ခြေထောက်ကြွက်တက်ခြင်း
လေဖြတ်ခြင်း နားကိုက် ၊ နားပြည်ယို ၊ လည်ချောင်း ဆိုင်ရာရောဂါများ ၊ သွေးတိုး ၊ သွေးပေါင်ကျ ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၄ }ကြွင်းသမားဖြစ်ပါက = မရဏ စနေဂြိုလ် ။ အကြောရောဂါများ ၊ ခါးနာ ၊ ခါးကိုက် ၊ ဗိုက်အောင့်ရောဂါများ ၊ ဒူးနာ ၊ နားကိုက်ရောဂါများ ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၅} ကြွင်းသမားဖြစ်ပါက = မရဏ တနင်္ဂနွေဂြိုလ် ။ သားအိမ် ၊ ခေါင်းကိုက်ရောဂါများ ၊ အစာအိမ် ၊ အူလမ်းကြောင်း ၊ ဆီးလမ်းကြောင်းရောဂါများဆီးအောင့် ၊ ဆီးကိုက် ၊ မီးယပ်ရောဂါများ ၊ သားအိမ် ရေအိပ်တည်ခြင်း ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၆} ကြွင်းသမားဖြစ်ပါက = မရဏ တနင်္လာဂြိုလ် ။ ခါးနာခါးကိုက် ၊ နှလုံးရောဂါ ၊ ဗိုက်အောင့်ခြင်း ၊ ကျောရင်အောင့်ခြင်း ဖြစ်တတ်ပါတယ် ။

မဟာဘုတ်{၀}ကြွင်းသမားဖြစ်ပါက = မရဏ အင်္ဂါဂြိုလ် ။ ဆီးရောဂါများ ၊ ကျောက်ကပ် ၊ မျက်စိ အာရုံကြောရောဂါ ၊ သားအိမ် ၊ မီးယပ်ရောဂါ ဖြစ်တတ်ပါတယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...