“မြန်မာနှစ် ၁၃၈၆ ခုနှစ်မှာ အကြွင်းဖွားအလိုက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ”

Astrology
“မြန်မာနှစ် ၁၃၈၆ ခုနှစ်မှာ အကြွင်းဖွားအလိုက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများ”


မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် (ဧပြီ ၁၇ .၂၀၂၄ မှ ဧပြီ ၁၆ .၂၀၂၅ အတွင်း) အကြွင်းဖွားအလိုက် ကြုံတွေ့ရမယ့် အခက်အခဲတွေ ၊ သတိထားရမယ့်ကိစ္စရပ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။
ရိုးရာဗေဒင်ပညာအရ အကြွင်းဖွားဆိုတာ မိမိရဲ့ မြန်မာမွေးနှစ်ကို ၇ နဲ့ စားလို့ ရလာတဲ့မဟာဘုတ်အကြွင်းကို ဆိုလိုတာ ဖြစ်ပြီး ရလာတဲ့ အကြွင်းအလိုက် ဒီတစ်နှစ်မှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ အားပြိုင်ရနိုင်သလဲဆိုတာ သိရမှာပါ။

(၁) ကြွင်းဖွားများ

ဒီတစ်နှစ်တာအတွင်းမှာ ငွေကြေးစီးပွား၊ ဥစ္စာဓနနဲ့ ပတ်သက်လို့ စိတ်တိုင်းမကျတာ၊ စိတ်အခန့်မသင့်တာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ငွေအသုံးအစွဲ လက်လွန်တာ၊ အဆင်အခြင်မဲ့ လုပ်မိတာတွေ များတတ်ပါတယ်။

(၂) ကြွင်းဖွားများ

ဒီနှစ်ထဲမှာ ဘယ်ခရီးပဲ သွားသွား စိတ်အနှောင့်အယှက် ဖြစ်တာ၊ ခရီး မတွင်တာ၊ ခရီးလမ်း ကြန့်ကြာသွားတာ အဖြစ် များတတ်ပါတယ်။ အနားက ချစ်ရသူတွေကြောင့်လည်း ကိုယ့်မှာ စိတ်ညစ်ရ ၊ ပင်ပန်းရတတ်ပါတယ်။

(၃) ကြွင်းဖွားများ

အပျော်အပါး၊ အသွားအလာတွေကြောင့် ကိုယ်စိတ်နှစ်ပါး ပင်ပန်းရတတ်ပြီး ကိုယ့်ပိုင်ဆိုင်မှုတွေ အခိုးခံရတာမျိုး ပျက်စီးဆုံးရှုံးတာမျိုး အနည်းနဲ့အများ ကြုံရတတ်ပါတယ်။ သွေးသားရင်းချာတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။

(၄) ကြွင်းဖွားများ

ဒီနှစ်မှာ မတော်မတရား စွပ်စွဲခံရတာ၊ အငြင်းပွားရတာ၊ ပဋိပက္ခ ဖြစ်ရတာ၊ ခိုက်ရန်ဒေါသတွေကြောင့် ရှင်းရတာ စတဲ့ ပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။ ဘယ်လိုမှ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ကိစ္စတွေလည်း ပေါ်လာနိုင်ပါတယ်။

(၅) ကြွင်းဖွားများ

ဒီတစ်နှစ်တာအတွင်း မီးလန့်တာ၊ အမှုအခင်း၊ ပူပန်သောက ကြီးကြီးမားမား ကြုံရတာမျိုး ဖြစ်လာတတ်ပါတယ်။ ဘာလုပ်လုပ် တခါတည်း အဆင်မပြေဘဲ နှောင့်နှေးဟန့်တားမှု အမျိုးမျိုးတွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။

(၆) ကြွင်းဖွားများ

တစ်နှစ်တာလုံးမှာ မကြာခဏ မေ့လွယ်တာ၊ အာရုံကြော အားနည်းတာတွေ ခံစားရတတ်ပြီး လူမှုရေးပိုင်းမှာ ကိုယ့်ကို အထင်လွဲတာ၊ သံသယ ဝင်တာလည်း ခံရတတ်ပါတယ်။ ကိစ္စတိုင်းကို နှစ်ခါပြန် လုပ်ရတတ်ပါတယ်။

(ဝ) ကြွင်းဖွားများ

အစိုးရ၊ အာဏာပိုင်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆောင်ရွက်ရာမှာ ဝေ့လည်နေတာ၊ မပြီးပြတ်တာ၊ တစ်ခါတည်းနဲ့ မအောင်မြင်တာမျိုး ကြုံရတတ်ပါတယ်။ အကြီးအကဲတွေက ကိုယ့်ကို မကြည်တာလည်း ခံစားရတတ်ပါတယ်။

-ဧက (ဗေဒင်သုတ)

ရေးသားသူ –

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...