မြုပ်နေသည့်ငွေကြေးပြန်ရရန်နှင့်စီးပွားရေးပြန်လည်ဦးမော့လာစေရန်ယတြာ

Astrology
မြုပ်နေသည့်ငွေကြေးပြန်ရရန်နှင့်စီးပွားရေးပြန်လည်ဦးမော့လာစေရန်ယတြာ

အခုတခါမှာတော့ ကျွန်တော်တို့ အဘ၀ိဇ္ဇာဒေါက်တာမင်းသိင်္ခရဲ့ ယတြာများစွာထဲကနေမိတ်ဆွေတို့အနေနဲ့ ဘယ်အသက်အပိုင်းအခြားမှာမဆို လုပ်ငန်းကိုင်ငန်း အောင်မြင်မှုမရှိဘဲ ဆုံးရှုံးမှုများကြုံတွေ့နေရရင် ပြုလုပ်ရမယ့် ယတြာတစ်ခုကို တင်ပြပေးလိုက်ပါတယ် ။

တွက်လိုသူရဲ့ရောက်ဆဲအသက်ကိုတည် ၊ (၄) နဲ့ ​ × ပါ ။ ရတဲ့မြှောက်လဒ်အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ ။

ပြုလုပ်ရမယ့်နေ့က တွက်လိုသူရဲ့လက်ရှိရောက်ဆဲအသက်ကို (၇) နဲ့ ÷ ပါ ။

၁ကြွင်းရင် = တနင်္ဂနွေနေ့မှာ လုပ်ရပါမယ် ။
၂ကြွင်းရင် = တနင်္လာနေ့မှာ လုပ်ရပါမယ် ။
၃ကြွင်းရင် = အင်္ဂါနေ့မှာ လုပ်ရပါမယ် ။
၄ကြွင်းရင် = ဗုဒ္ဓဟူးနေ့မှာ လုပ်ရပါမယ် ။
၅ကြွင်းရင် = ကြာသပတေးနေ့မှာ လုပ်ရပါမယ် ။
၆ကြွင်းရင် = သောကြာနေ့မှာ လုပ်ရပါမယ် ။
၀ကြွင်းရင် = စနေနေ့မှာ လုပ်ရပါမယ် ။

ပြုလုပ်ရမည့်အချိန် = နံနက် (၁၀) နာရီ ။

အဲဒီနေ့ နံနက် (၁၀)နာရီမှာ မုန့်လုံးရေပေါ် (၁၀) လုံးတိတိကို မြတ်စွာဘုရားကို ဦးဦးဖျားဖျားလှူဒါန်းပေးပြီး ကျန်ရှိတဲ့ မုန့်လုံးရေပေါ်တွေကိုတော့ အိမ်နီးနားချင်းတွေကို ဝေမျှပေးလိုက်ပါ ။ ဒီယတြာကိုလုပ်ပြီးတာနဲ့ မြုပ်နေတဲ့ငွေကြေး(ရစရာငွေကြေး ၊ အကြွေး)နဲ့ ကျရှုံးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပြီး ဦးမော့လာပါလိမ့်မယ် ။ မကြာခဏ ပြုလုပ်ပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပါတယ် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...