ရုက္ခစိုးနတ်ကို အကူညီတောင်းခံနည်း

Astrology
ရုက္ခစိုးနတ်ကို အကူညီတောင်းခံနည်း


အလုပ်အကိုင်ခက်ခဲနေသူတွေ လူမူ့ရေးအဆင်မပြေသူတွေ ဘာလုပ်လုပ်အဆင်မပြေသူတွေအတွက် ရုက္ခစိုးထံမှအကူအညီတောင်းခံနည်း ကိုမျှဝေပေးလိုက်ပါတယ်။
ရုက္ခစိုးထံမှ အကူအညီရယူတဲ့နည်းကို လွန်ခဲ့တဲ့အချိန်များစွာက ကျွန်တော်မျှဝေဘူးပါတယ်. ယခု လက်တွေ့စမ်းသက်ပြုလုပ်သူတွေ တော်တော်များများအဆင်ပြေနေတဲ့အတွက်လဲ ဝမ်းသာပါတယ်၊တကယ်လို့ ဆရာသမားတွေစီ ငွေကုန်ခံပြီးအစီအရင်ယတြာသွားမလုပ်နိူင်ရင် ဒီနည်းလေးကိုကိုယ်တိုင်လုပ်ကြည့်ပါ၊ပြုလုပ်ရမည့်ပုံစံက ပထမဆုံး မိမိတို့နဲ့အနီးဆုံးမှာရှိတဲ့ ဗောဓိညောင်ပင်ကိုရှာပါ အဲ့ဒီအပင်မှာရေ၁၀ခွက်/အမွှေးတိုင် ၁၀တိုင်/အလင်းတိုင်10တိုင်/ကွမ်းယာ ၁၀ယါကိုပြင်ပြီး ယခုလိုပြောပါ။
ရုက္ခစိုးနတ်မြတ်အတွက် အလင်းတိုင်များ နံသာတိုင်များ ဆက်ပါသည်။ပြန်လှူဒါန်လိုပါက လှူဒါန်းပြီး လိုရာဆုယူနိူင်ပါသည်။အသုံးပြုလိုပါက အသုံးပြုနိူင်ပါ၏.ဟုပြောပါ ပြီးလျှင် ရုက္ခစိုးဂါထာကို ရွတ်ပါ ဒီရုက္ခစိုးဂါထာကို ၃၇ ခေါက်တိတိရွတ်ပွားပါ။
ရုက်ခစိုးဂါထာ
ဉုံ ယက္ခရုက္ခစိုး နတ်ရုက္ခစိုး
မနိုးစိမ့်စိမ့် မအိပ့်စက်စက်
ကြှနျုပျအား ကောင်းကျိုးချမ်းသာယူဆောင်ပေးလော့။

ပြီးလျှင်မေတ္တာပွားပါ။မေတ္တာသုတ် ရွတ်ဆိုလျှင်ပို၍ ကောင်းပါတယ်၊ရုက္ခစိုးနဲ့တကွ သတ္တဝာအပေါင်းအား အမျှဝေပါ။မိမိအလိုအပ်ဆုံးဆုကို ၁၀ကြိမ်တိတိနူတ်မှ ဖွင့်ဟ၍ ဆုတောင်းပါ။ရက်ပိုင်းအတွင်း ထူးခြားပါတယ်။ အထူးသတိထားရမွာက စီအရင်လုပ်သည့် တပတ်အတွင်း မူးယစ်ရမ်းကားခြင်း/ပြသာနာဖြစ်ခြင်း/ရန်ဖြစ်ခြင်း/ကိုယ့်ကြောင့်သူတပါး မျက်ရည်ပေါက်ကြီးငယ်ကြခြင်းလုံးဝမဖြစ်ပါစေနဲ့၊ သူတပါးစိတ်ညစ်ညူးပါက ဒီအစီအရင်ဟာ မဖြစ်ပါဘူး။
တန်ခိုးနည်းပါးတဲ့ ရုက္ခစိုးစောင့်ရှောက်တဲ့ ဗောဓိပင်မှာ အစီအရင်လုပ်မိရင်တော့ အကျိုးမခံစားရတာဖြစ်တက်ပါတယ်၊ဒါဆို နောက်ထပ် သက်တမ်းရင့်သော ဗောဓိပင်ကိုရှာ၍ ထပ်မံပြုလုပ်ပါ။ဗောဓိပင် ၃ပင်ဓိ ၃ကြိမ်ထိလည်း သေချာအောင် ဆက်တိုက်ပြုလုပ်နိူင်ပါတယ်။တနေ့ထဲမှာ ဗောဓိပင်ကြီး၃ပင်ရှာ၍ ၃ကြိမ်တိတိဆက်တိုက်လုပ်နိူင်ပါတယ်။

ရုက္ခစိုးနတ်နဲ့ပတ်သက်ပြီး နောက်ထက်လေ့လာမိတဲ့အကြောင်းတွေလဲ ပြောခြင်တယ်ဗျ။တကယ်လို့ မိတ်ဆွေမှာ ငွေကြေးအပူမိနေရင် ရုက္ခစိုးထံအကူညီတောင်းနိူင်ပါတယ်။ငွေကြေးရစရာရှိလို့ မရဖြစ်မေလား၊ငွေကြေးကြောင့် စိတ်ပူပင်သောကဖြစ်နေလား၊ငွေတင်မဟုတ်ပါဘူး တခြားအခက်အခဲ အိမ်ထောင်ရေး စီးပွားရေး လူမူ့ရေးပြသာနာတွေကိုလဲ ဒီနည်းနဲ့ ဖြေရှင်းနိူင်ပါသေးတယ်၊ မိမိတို့ရပ်ကွက် မြို့ရွာတွေမှာရှိတဲ့ ဂြိုလ်ပြေနံပြေဘုရားမှ ဗောဓိညောင်ရွတ်၃ရွတ်ကို ရုက္ခစိုးထံခွင့်ပန်၍ ခူးပါ။ပြီးလျှင် ပန်းကန်ပြားပေါ် ညောင်ရွတ်တင်၍ တနေ့အလင်းတိုင်၈တိုင်ထွန်းပါ တတိုင်မီးမငြိမ်းခင် နောက်တတိုင်ဆက်၍ထွန်းပါ။

အရှင်ရုက္ခစိုးနတ်မင်း ဤအလင်းတိုင်လှူဒါန်းပါ၏။အရှင်ရုက္ခစိုးနတ်မင်းသည် ဘေးရန်ကြောင့်ကကြ ဆင်းရဲကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကနြျးမာခမြျးသာပါစေ၊အကြှနျုပျပွုလုပျသော ကုသိုလ်ကောင်းမူ့အားလည်း အမျှပေးဝေပါတယ်၊ သာဓုခေါ်ဆိုပါ။ ပြီးလျှင် ဘယ်နေ့သားသမီးထံမှ ရစရာရှိတဲ့အကြွေးတွေရအောင် ကူညီစောင့်ရှောက်ပါလို့ ဖယောင်းတိုင်လှူတိုင်း ဖယောင်းတိုင်မီးကို စူးစိုက်ကြည့်ပြီးတိုင်တည်ပါ။၇ရက်တိတိထွန်းပါ။ထူးခြားပါတယ်၊တခြားကိစ္စတွေကိုလည်း ဘယ်နေ့သားသမီးစသည်ဖြင့် ဆောင်ရွတ်နိူင်ပါတယ်။

ရေးသားသူ- ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...