ရောဂါဆိုးကြီးများကို ပျောက်ကင်းစေသည့်ဂါထာတော်

Astrology
ရောဂါဆိုးကြီးများကို ပျောက်ကင်းစေသည့်ဂါထာတော်

ဂါထာတော်

ဇိနံ ဝန္ဒထ ဂေါတမံ
( ဇိနံ ဝန်ဒထ ဂေါတမံ )
ဇိနံ ဝန္ဒာမ ဂေါတမံ
( ဇိနံ ဝန်ဒါမ ဂေါတမံ )
ဝိဇ်ဇာ စရဏ သမ်ပန်နံ
( ဝိဇ်ဇာ စရဏ သမ်ပန်နံ )
ဗုဒ္ဓံ ဝန္ဒာမ ဂေါတမံ။
( ဗုဒ်ဓံ ဝန်ဒါမ ဂေါတမံ )

မြန်မာပြန်

ငါးမာရ်အောင်မြင် ဂေါတမဘုရားရှင်ကို
သင်တို့ ရှိခိုးကြကုန်လော့။
ငါးမာရ်အောင်မြင် ဂေါတမဘုရားရှင်ကို
ကြည်လင်မြတ်နိုး အကျွန်ုပ်တို့ ရှိခိုးကြပါကုန်စို့။

ဝိဇ္ဇာ ရှစ်ပါး
စရဏ တစ်ဆယ့်ငါးပါးတို့နှင့်ပြည့်စုံ၍
သစ္စာလေးပါးကို ပိုင်းခြားထင်ထင်
သိမြင်တော်မူသော
ဂေါတမနွယ်ဖွားရှင်တော်မြတ်ဘုရားကို
ဝပ်တွားရိုကျိုး လက်စုံမိုး၍
ရှိခိုး ကန်တော့ကြပါကုန်၏
အရှင်ဘုရား။
( မြန်မာပြန်ကို ဆိုစရာ မလိုပါ )

ဆေးရုံဆေးခန်းများက လက်လျှော့သောလူနာများ။
ရက်သတ်မှတ်ခြင်းခံရသော ဝေဒနာရှင်များ။
ရောဂါဆိုးများ ခံစားနေရသူများ။
သေရန်သတ်မှတ်ထားသည့် နေ့ရက်များကို
ဂါထာတန်ခိုးဖြင့် ကျော်ဖြတ်နိုင်ကြောင်း
ရဟန္တာတစ်ပါးဟု ထင်ရှားကျော်ကြားခဲ့သော
ဆရာတော်ကြီးတစ်ပါး၏
လက်ဆင့်ကမ်းပေးအပ်ခဲ့သော
ဂါထာတော်ဖြစ်ပါတယ်။

ဆရာတော်ကြီးကိုယ်တိုင်လည်း
ကု၍မရသော ရောဂါဝေဒနာရှင်များစွာ
ကုသပျောက်ကင်းခဲ့ကြောင်း သိရပါတယ်။
ဝဋ်နာ ကံနာမှလွဲ၍
မပျောက်ကင်းနိုင်သောရောဂါ မရှိကြောင်း
ဆိုပါတယ်။
ယုံကြည်ပါက…
ပိုမိုထိရောက်ပြီး ဂါထာအစွမ်းထက်ပါတယ်။

ဂါထာတော်ကို ပုံမှန်အားလပ်ချိန်တွေမှာလဲ
ရွတ်ဆိုနေပါက ပိုပြီးကောင်းပါတယ်။
အဓိဋ္ဌာန်ကတော့…
တစ်ရက်ကို ပုတီးတစ်ပတ် စိပ်ရမှာပါ။
ပုတီးမစိပ်ခင်…
သောက်တော်ရေတစ်ခွက် ကပ်လှူပါ။
ငါးပါးသီလခံယူပြီး ပုတီးတစ်ပတ်စိပ်ပါ။

ပုတီးစိပ်ပြီးတာနဲ့
သောက်တော်ရေကို ပြန်စွန့်ပြီး သောက်ရမှာပါ။

အဓိဋ္ဌာန်ပြုပုံ

ဘုရားတပည့်တော်သည်…
ယနေ့မှစ၍ တပည့်တော်ခံစားနေရသော
ရောဂါဝေဒနာ ပျောက်ကင်းသည်အထိ
( ဇိနံ ဝန္ဒထ ဂေါတမံ )ဂါထာတော်ကို
နေ့စဉ်ပုတီးတစ်ပတ်
မပျက်မကွက် စိပ်ပါမည်ဘုရား။

ဂါထာတော်၏ တန်ခိုးတော်ဖြင့်…
ရောဂါ အမြန် သက်သာ
ပျောက်ကင်းရပါစေဘုရားဟု အဓိဋ္ဌာန်ပြုပါ။

မှတ်ချက်။

လူနာ မရွတ်နိုင်ပါက လူနာကြားအောင်
ဘေးမှနေ၍ ရွတ်ပေးလို့ ရပါတယ်။
ရေးသားခဲ့သောဆရာတော်များ ၊
ဆရာများလေးစားလျှက်ပါ
ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်များရကြပါစေ

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...