လက်ထပ်ရက်မပျက်စေမဲ့ ယတြာ

Astrology
လက်ထပ်ရက်မပျက်စေမဲ့ ယတြာ

ကိုယ်နဲ့
သူနဲ့ကလည်း
အိုကေမှာစိုပြေ ။
နှစ်ဘက်မိဘတွေနဲ့
ဆွေမျိုးအသိုင်းအဝိုင်းအားလုံးကလည်း
သဘောတူ နှစ်ခြိုက် ။

ဒါပေမယ့်…
ဘာကြောင့်မှန်းရယ်မသိ
မင်္ဂလာရက်မြတ်
လက်ထပ်မယ့်ရက်တွေ
သတ်မှတ်လာလိုက်တာ
တစ်ရက်မျှ အတည်မဖြစ်ခဲ့ဘူး ။
အကြောင်းမယ်မယ်ရရ
မရှိပဲ မကြာခဏ ပျက်
အိမ်ထောင်ပြုဖို့အစီအစဥ်တွေပျက်နဲ့
ကြုံနေရတယ် ။

အဲဒီလို
ကြုံနေရတယ်ဆိုရင်တော့
ယတြာက ခက်ခက်ခဲခဲ မဟုတ်ပါဘူး ။
အခုယတွာကိုသာမကွာခဏ
ပြုလုပ်ပေးလိုက်ပါ ။
အဆင်ပြေပြီး
လက်ထပ်ထိမ်းမြားခွင့်
ရရှိသွားပါလိမ့်မယ်ဗျာ။

ယတြာကတော့….
နေအိမ်(သို့)အလုပ်ခန်း(သို့)ဆိုင်ခန်းရဲ့
အရှေ့မြောက်အရပ်မှာစားပွဲတစ်လုံးချပါ။
ပြီးရင်
စားပွဲခုံပေါ်မှာ ပန်းအိုးအနီတစ်လုံးတင်ပါ ။
ရေထည့်ပါ ။
ပြီးရင်
ပန်းအိုးအနီထဲကို
ပန်းအဖြူရောင်ထိုးစိုက်လို့
ထားပေးရင်း
လေးနက်ယုံကြည်စွာ
ဆုတောင်းလိုက်ပါ ။

ရေးသားသူ -သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...