“သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်”

Astrology
“သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်”

ဒါနဲ့ပတ်သက်လို့ နည်းနည်း ပြောချင်တယ်ဗျာ
တချို့ယတြာ ချေတယ်
မထူးတာတွေရှိတယ်
ဟုတ်ပြီဘာကြောင့်မထူးတာလဲ
အဲ့မှာမထူးတဲ့ အကြောင်းရင်းတွေရှိတယ်
ဘာကြောင့်မထူးသလဲ
ပထမ အချက်က
အဲ့လူဟာ ခင်ပွန်းကြီးဆယ်ပါးထဲကတပါးပါးကို
သိလျက်ဖြစ်စေ မသိလျက်ဖြစ်စေ
ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ မရှိပဲနဲ့ဖြစ်စေ
ကာယကံ ဝစီကံ မနောကံ ကံသုံးပါးထဲက
တခုခုနဲ့ စော်ကားမိလို့
အဲ့လိုလူဟာ
ကြိုက်သလောက် တရားထိုင် ပုတီးစိပ်
ဂါထာရွတ် အစီအရင်ယတြာလုပ်
လုပ်နိုင်လို့အခေါက်ပေါင်းတသိန်းလုပ်ဦးမထူးဘူး
ကျနော်လဲ တခါတရံ မရည်ရွယ်ပဲနဲ့
လူကြီးမိဘတွေနဲ့စကားပြောရင်း
ကတောက်ကဆဖြစ်ပြီး
ပြန်အော်ပြောမိတာတွေ ရှိတယ်

အာ့ကြောင့် ကျနော်က တလမှာတခါ
အားလပ်တဲ့အခါဆို တပါတ်တခါ
ကျနော့် မွေးနေ့မှာ
မနက်စောစော ဘုရားတဆူသွားပြီး
တံမြက်စည်းလှည်း ရေသပ္ပါယ်
အဲ့ကုသိုလ်ကို အမျှဝေ
အိမ်ပြန်ရောက်တာနဲ့
ဘုရားကျောင်းဆောင်က ဆင်းတုတော်တွေကို
wettissue လေးနဲ့မျက်နှာတော်သန့်
ရောင်တော်ဖွင့် ရေသပ္ပါယ် ပြီးတာနဲ့
မိဘနှစ်ပါးရဲ့ အဝတ်ဟောင်းတွေကို
လျှော်ဖွပ်မီးပူတိုက်တယ် တလတခါ မိဘနှစ်ပါး
ကြိုက်တတ်တာလေးတွေဝယ်လာ ကန်တော့ပြီး
အဖေအမေ ကျနော် အဖေ အမေတို့နဲ့
လုပ်ငန်းကိစ္စတွေပြောရင်း တခါတရံ
ကတောက်ကဆဖြစ်တဲ့အခါ မရည်ရွယ်ပါပဲနဲ့
ပြန်ပြောမိအော်မိတာတွေရှိပါတယ်

အဲဒါ့ကြောင့်မို့ ကျနော် အဖေ အမေတို့ကို
ကာယကံ ဝစီကံ မနောကံနဲ့
ပြစ်မှားမိခဲ့တာတွေကို ခွင့်လွှတ်ပါလို့
ဝန်ချ ကန်တော့ တောင်းပန် ပါတယ်ဆိုပြီး
ကန်တော့တောင်းပန်တယ်
ဒါကြောင့် ကျနော့်လိုမျိုး
မရည်ရွယ်ပဲနဲ့ပြောမိဆိုမိတဲ့သူများ
ခု ကျနော် ပြောသလို ဖြစ်ဘူးတဲ့သူတွေရှိရင်
ခုပြောခဲ့အတိုင်းလုပ်ကြည့်ပါအကျိုးမယုတ်ပါဘူး

ခင်ဗျားတို့ ကုသိုလ် အများအပြား ရလိမ့်မယ်
လုပ်တဲ့အခါ အာရုံစူးစိုက် ပြီး
ဂုဏ်တော်ဖြစ်ဖြစ်သရဏဂုံဖြစ်ဖြစ်ပွားများလုပ်ပါ
ကဲ ကျနော်တို့လို မရည်ရွယ် ပဲ နဲ့မဟုတ်ပဲ
သိသိနဲ့ ရိုင်းစိုင်းတဲ့သူတွေကတော့
အပေါ်မှာပြောခဲ့တာတွေနဲ့တင်မလုံလောက်ပါဘူး
စနစ်တကျကို ခင်ပွန်းကြီးဆယ်ပါးကို
ကျကျနန ပွဲနဲ့ဘာနဲ့ ဝန်ချ ကန်တော့တောင်းပန်
မိဘနဲ့ ခင်ပွန်းကြီးဆယ်ပါးရဲ့ ဝေယျာဝစ္စတွေကို
အပါတ်စဉ်တိုင်း မိမိမွေးနေ့တွေမှာ
စိတ်ကြည်ကြည်လင်ထားလုပ်ပေးသွားမှရမယ်

သိသိနဲ့ပြစ်မှားလို့မို့လို့ အပြစ်လျော့မလျော့ဆိုတာက
မိမိရဲ့ ကြိုးပမ်းအားထုတ်မှုပေါ်မူတည်ပါတယ်
လုံးလုံးလျားလျားတော့ ရမှာမဟုတ်ဘူး
သံသရာတော့ပါလာမှာပါပဲ
ဒါကြောင့် ခင်ဗျားတို့ ရဲ့ အစီအရင်ယတြာလုပ်တာ
ဂါထာ မန္တာန် မန္တရား ပရိတ်တွေရွတ်တာ
ပုတီးစိပ် တရားထိုင်တာတွေ ထူးချင်ရင်
ခု ကျနော်ရှင်းပြသလိုသာ တပါတ်တခါဖြစ်စေ
တလတခါဖြစ်စေလုပ်ပါ
ဘာအစီအရင်ယတြာမှမလုပ်သူတွေလုပ်ကြည့်ပါ

အကျိုးမယုတ်စေရဘူး
ဆယ်ခါလောက်လုပ်ပြီးရင်ကို ထူးစေရမယ်
အရေးကြီးဆုံးက
တောင်းပန်ကန်တော့ တဲ့ အချိန်မှာကော
ဝေယျာဝစ္စလုပ်တဲ့ခါမှာရော စိတ်ကို
ကြည်ကြည်လင် ညွှတ်ညွှတ်နူးနူးထားပြီးလုပ်ပါ
ဝတ္တရား ကျေပုံစံများ မလုပ်ပါနဲ့
ဒုတိယ အချက်
ပရိတ်ပဌာန်း ဂါထာမန္တာန်မန္တရား ပဲရွတ်ရွတ်
အင်းပဲဆွဲဆွဲ ယတြာ အစီအရင်ပဲလုပ်လုပ်
ပုတီးစိပ် တရားထိုင်တာပဲဖြစ်စေ
စိတ်ကြည်လင်သန့်ရှင်းဖို့နဲ့
အာရုံစူးစိုက်ပြီး စိတ်တည်ငြိမ်ဖို့လိုပါတယ်

ဒီလိုမှမဟုတ်ရင် ထူးသင့်သလောက်မထူးပါ
အရေအတွက်ကအဓိက မဟုတ်ဘူး
အာရုံစူးစိုက်မှုနဲ့ ကြည်လင်သန့်ရှင်းမှုကသာအဓိကပါ
တတိယအချက်
သန့်ရှင်းစင်ကြယ်မှု
သံဃာတော်တွေ ကမ္မဝါဖတ်တဲ့အခါ
သားကြီးငါးကြီး ပဲ အမဲသား စားထားပြီး
မရွတ်ရမဖတ်ရဘူးလို့ မှတ်သားရတယ်
ဒီလိုပဲ ဂါထာ ရွတ် အင်းဆွဲ ယတြာလုပ်တဲ့အခါ
ဘုရားရှိခိုးတဲ့အခါ မပြုလုပ်မီ
မျက်နှာသစ်သွားတိုက် ခြေလက်ဆေးကြောရမယ်

အဝတ်သစ်လေးဝတ်ရမယ်
အရေးကြီးလို့လုပ်ရမယ်ဆို
အဓိဋ္ဌာန်ကြီးတွေလုပ်မယ်ဆို
ရေမိုးချိုး အဝတ်သစ်လေးဝတ်ပြီး လုပ်ရမယ်
ဒါမျိုးတွေလုပ်တဲ့အခါ ဝတ်ရအောင်
အမျိုးသမီးဆို ယောဂီဝတ်စုံလေး
အမျိုးသားဆို ယောဂီရောင်
အညိုရောင်ပုဆိုးလေးနဲ့ချည်သားအင်္ကျီလေး တွေ
နှစ်စုံသုံးစုံ ဝယ်ထားသင့်ပါတယ်

မိတ်ဆွေများအားလုံးထိရောက်စွာလုပ်ကိုင်နိုင်ပြီး
အောင်မြင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျှက်
Credict.

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...