သစ်ပင်များနှင့်ဖုန်းရွှေပညာဆက်စပ်မှု
သစ်ပင်သည် ဖုန်းရွှေပြဿနာများကို ကုစား ဖြေဖျောက်ရာတွင်သုံးနိုင်၏ ။ အဆိပ်မျှားတို့ရန်မှ (အိမ်တွင်း ရေအိမ်ပြင်ပါ) ကာကွယ်ပိတ်ဆို့ရန် သုံး၏ ။ အပင်များ (အတုရော အစစ်ပါ) *ချီ* ဓာတ်ကို ဖန်တီးပြီး အိမ်အနှံ့ ပျံ့နှံ့စေနိုင်သည် ။
အပင်များသည် အိမ်အတွင်း ညီညွတ်မျှတမှု့ ကိုဖြစ်ထွန်းစေသည် ။ အပင်များသည် အသက်ရှင်ခြင်း နှင့် ကြီးထွားခြင်း၏ သရုပ်ကိုဆောင်သည် ။ ၎င်းသည် တိုးတက်ကြီးပွားမှု၏ သင်္ကေတဖြစ်၏ ။ ထို့ကြောင့် ကောင်းသော “ဖုန်းရွှေ”ကို ထွန်းကားစေသည် ။ ယင်းသည် သစ်သားဓာတ် စိုးမိုးသည့်ကာလတွင် မွေးဖွားလျှင် (သို့) မီးဓာတ် စိုးမိုးမည့်ကာလတွင်မွေးလျှင် သင့်ပတ်ဝန်းကျင်တွင် အပင်များရှိနေခြင်းက ပိုကောင်း၏ ။
မည်သို့ပင်ဖြစ်စေကာမူ သစ်သားသည် မြေဓာတ်ကို ချေမှုန်းကာ ရေဓာတ်ကို သတ်စေ၍ အပင်များသည် ထိုဓာတ်ကို စိုးမိုးသည့်ကာလတွင် မွေးသူတွေအတွက်တော့ သိပ့်မကောင်းလှပါ ။ သို့သော် ဖုန်းရွှေပညာတွင် လူတဦးစီ၏ ဇာတာခွင်တခုတည်းဖြင့် သရုပ်မှန်ခွဲမှု့ အဆုံးမသတ်ပါ ။ အလားတူ အရေးကြီးသည်မှာ အိမ်ရဲ့ထောင့်နေ့ရာများတွင် ကိုယ်စားပြုသော ဓာတ်များကို ကြည့်ရန်လည်းလိုသည် ။ မည်သည့် ထောင့်အရပ်တွင် မည်သည့်အပင် စိုက်သင့်သည်ဆိုသော အချက်ကိုလည်း ဂရုစိုက်ရမည် ။
ထင်ရှားတာကတော့ သစ်သားဓာတ် စိုးမိုးသောထောင့်တွင် အပင်စိုက်တာကောင်း၏ ။ ၎င်းတို့သည် အရှေ့နှင့် အရှေ့တောင်အရပ်များဖြစ်သည် ။ မိသားစုနှင့်ဥစ္စာဓနဆိုင်ရာ ထောင့်တွေဖြစ်၏ ။ ထိုနေရာများတွင် အပင်များထားခြင်းသည် စီးပွားဥစ္စာကို ဖြစ်ထွန်းစေပြီး မိသားစု ပျော်ရွှင်သုခကို တိုးတက်စေသည် ။
အပင်စိုက်သည်ဆိုရာတွင်လည်း အပင်အမျိုးစားတော့ အနည်းငယ်ရွေးရမည် ။ ဆူးရှိသောအပင် ရှားစောင်းလက်ပတ်ပင်လို အပင်မျိုးတွေကို အိမ်ထဲမှာမစိုက်ရ ။ အိမ်အပြင်ဘက်မှာတော့ ထိုအပင်မျိုးစိုက်တာကောင်းသည် ။ ဘေးအန္တရာယ် ကာကွယ်ပေးနိုင်၍ဖြစ်သည် ။ အိမ်ထဲတွင်စိုက်သင့်သော အပင်များမှာ ဝန်းဝိုင်းကျယ်ပြန့်သော အရွက်တွေရှိသည့် ငွေရွှင်ဂမုန်းလိုအပင်မျိုး ရေညှိရေမှော်လို အပင်မျိုးတွေဖြစ်၏ ။
ကာလီဖိုးနီးယားပြည်နယ်ရှိ စားသောက်ဆိုင်တစ်ခုသည် အတော်ရောင်းကောင်း၏ ။ လူစည်၏ ။ သို့သော် သူ့ဆိုင်ထဲတွင် ရှားစောင်းလက်ပပ်လို အပင်ကြီးနှစ်ပင်ကို အိုးကြီးနှစ်အိုးနှင့် စိုက်လိုက်သောအချိန်မှစ၍ ဖောက်သည်တွေပျက်ကုန်၏ ။ စီးပွားရေး ကျသွားသည် ။ ထိုအပင်ကြီးတွေ ဖယ်ပစ်လိုက်မှ လူစည်ကားလာပြီး ကံပြန်ကောင်းလာသည် ။
အစိမ်းရောင်အပင်များ
အိမ်တွင်ရှိသော တိုင်လုံးများ ထုပ်တန်းများ ထောင့်စွန်းထွက်သော ထောင့်များမှနေ၍ ထွက်လာသော မကောင်းသော *ချီ* ဓာတ်များကို ဓာတ်ဖျက်ပစ်နိုင်ရန် အကောင်းဆုံးနည်းလမ်းတခုမှာ အစိမ်းရောင် အပင်များစိုက်ခြင်းပင်ဖြစ်၏ ။ အပင်ဆိုရာတွင် အပင်တုကိုလည်းထားနိုင်၏ ။ အရောင်မမှိန်သ၍ထားနိုင်သည် ။ ထိုအပင်များကို မှန်မှန် ဆေးကြောပေးရမည် ။ ဖုန်မတက်စေရ ၊ အပင်တွေညှိုးနွမ်းပုံ သေတော့မည့်ပုံပေါက်လျှင်အသစ်လဲလှယ်ပေးရမည် ။
အရွက်ချွန်ချွန် အပင်တွေထက် အရွက်ဝိုင်းဝိုင်း ဖားဖားရှိသောအပင်များကို ရွေးချယ်စိုက်ပျိုးရမည် ။ မီးဓာတ် စိုးမိုးသည့်ကာလတွင်မွေးသူတွေအတွက် အစိမ်းရောင်အပင်များစိုက်လျှင် ပိုအကျိုးပေးသည် ။ သစ်သားသည်မီးဓာတ်ကိုထုတ်ပေးသောကြောင်ဖြစ်၏ ။ သစ်သားဓာတ်စိုးမိုးသည့် သူများအတွက်လည်း အထောက်အကူပြုနိုင်ပါသည် ။
သင် တိုးတက်စေလိုသောအရာရှိသော ထောင့်တွင် အပင်စိမ်းများကို စိုက်နိုင်သည် ။ ဥပမာ..သင်ကလုပ်ငန်းကိုင်ငန်းတိုးတက်စေခြင်သည်ဆိုပါစို့ ၊ အစိမ်းရောင်အပင်ကို အိမ်၏ မြောက်ဘက်ထောင့်တွင် စိုက်ပါ အပေါ်ထပ်ရော အောက်ထပ်ပါ စိုက်ပါ ။ ဥစ္စာဓန ကြွယ်ဝခြင်သည်ဆိုပါစို့ ။ သင့်အိမ်၏ အရှေ့တောင် ထောင့်တွင် စိုက်ပါ ။
ထိုအခါမျိုးတွင် ကျန်းမာသန်စွမ်းသော *ချီ* ဓာတ်များ ဖန်တီးပေးနိုင်ပြီး လာဘ်လာဘကောင်းများ အလုပ်အကိုင်အခွင့်လန်းကောင်းများ ပွားများလာစေမည် ။
ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။