အကြွေးတွေကြေချင်တယ်ဆရာရယ်

Astrology
အကြွေးတွေကြေချင်တယ်ဆရာရယ်

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ
ပိုက်ဆံဆိုတဲ့ ငွေဟာ
ပေါင်းကူးတံတားတစ်စင်း ရယ်ပေါ့ ။

သာရေးပဲဖြစ်ဖြစ်
နာရေးပဲဖြစ်ဖြစ်
နေ့စဥ်နေ့တိုင်း
စား ၊ ဝတ် ၊ နေရေးအတွက်ပဲဖြစ်ဖြစ်
သူနဲ့ကင်းလို့ မဖြစ်နိုင်ပါဘူး ။

ဒီနေရာမှာ
ပြောချင်တာက
ငွေကြေးတန်ဖိုး နိမ့်ကျတာလည်း
နိမ့်ကျတာပေါ့ ။
ဒါက တစ်ပိုင်း။
#အသုံးနဲ့အဖြုန်း ကိုတော့
ဂဃနဏ သိထားရမယ်လို့
ထင်မြင်မိပါတယ် ။

တချို့တချို့လူတွေက
ခေတ်နဲ့အညီ တိုးတက်လာတဲ့
နည်းပညာဇိမ်ခံ ပစ္စည်းတွေကြားမှာ
တစ်နေ့ထက်
တစ်နေ့
ပိုလို့…ပိုလို့
နစ်မွန်းလာ နေတာကို
စိတ်မကောင်းဖွယ်ရာ
တွေ့မြင်နေရပါတယ် ။

ဆိုလိုတာက
ကိုယ့်ရဲ့နေ့စဥ်
ကိုယ့်ရဲ့လစဥ်
ဝင်ငွေဟာ
ကိုယ့် ဖြုန်းတီးပစ်နေတဲ့
ငွေနဲ့မမျှမတ ဖြစ်နေတာကိုပါ ။
ဒီလို ဖြစ်နေသူတွေအဖို့တော့
(ကျန်းမာရေး ကလွဲလို့)
အကြွေးတွေ တနင့်တပိုး
ဖြစ်သွားစေတတ်ပါတယ် ။
တစ်ခြား တစ်ခြား
အကြောင်းအရာ တွေကြောင့်လည်း
အကြွေးတွေ အများကြီး တင်သွားတာ
ရှိတော့ ရှိတာပေါ့လေ ။

ဟုတ်ကဲ့ ။
ကိုယ်ကိုတိုင်ကလည်း
အကြွေးကိုကြေအောင် ဆပ်ချင်စိတ်ရှိရင်
ဆပ်ရင်ကြေနိုင်တဲ့ ငွေကြေးပမာဏရှိရင်
တနည်းနည်းနဲ့
ကိုယ့်မှာတင်နေတဲ့ အကြွေး
#အနည်းနဲ့အများဆိုသလို
တဖြေးဖြေး
ကြေသွားစေမယ့်
#အကြွေးကြေယတြာ ကို
ဖော်ပြ ပေးလိုက်ပါတယ် ။

ပထမဆုံး
ကြက်ဥသုံးလုံးပေါ်ကို
ဆော့ပင်(န်)နဲ့
“ဥုမ်”လို့ရေးပြီး
သင့်တော်မယ့်
​​ခွက်ငယ်ကလေး သုံးခွက်မှာ
ထောင်ပြီး
ထည့်ပါ ။
​ခွက်ငယ်ကလေး သုံးခွက်ကိုတော့
ဘုရားကျောင်းဆောင် အောက်နားမှာ
စားပွဲခုံ တစ်လုံးပေါ်
စီတန်း တင်ပေးထားရပါမယ် ။

ပြီးရင်
ကြက်ဥသုံးလုံးပေါ်ကို
ဖယောင်းတိုင်ငယ်ကလေး
သုံးတိုင် နေ့စဥ်အချိန်မှန်
ထွန်းပေးရင်း
လေးလေးနက်နက်
ဆုတောင်းပေးပါ ။
တင်ရှိနေတဲ့ အကြွေး
တနည်းနည်း တဖုံဖုံနဲ့
ကြေသွား ပါလိမ့်မယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...