အနှောင်အဖွဲ့ အပူသောက လွတ်မြောက်ငြိမ်းအေးစေသော အဓိဌာန်အစီအရင်

Astrology
အနှောင်အဖွဲ့ အပူသောက လွတ်မြောက်ငြိမ်းအေးစေသော အဓိဌာန်အစီအရင်

လူ့ဘောင်လောကီတွင် သက်ရှိတိုင်း လောကဓံတရား၏ ရိုက်ခတ်မှုကို အနည်းနှင့် အများဆိုသလိုခံကြရလေ့ရှိကြ၏။

လောကဓံဆိုး၏ ကြီးမားသော ရိုက်ခတ်မှုအောက်တွင် ဖြစ်ချင်သည့်ဆန္ဒများမဖြစ်ရ မဖြစ်ချင်သည့်အရာများ ရင်ဆိုင်ဖြေရှင်းကြရ…ရှင်သန်လိုစိတ်ပျောက်ဆုံးသည်ထိ ဖြစ်ကြရသော လူသားများလည်းရှိကြပေသည်။

ကြီးစွာသော ပူပန်မှုဖြင့် ဝဋ်ဆင်းရဲဆန်ဆန် လောကဓံ၏ ရိုက်နှက်မှုကို ခံကြရပေသည်။

ယင်းကဲ့သို့သောအချိန်အခါမျိုးတွင် အမှန်တကယ် အနှောင်အဖွဲ့များမှ ကင်းလွတ်ခြင်း အပူသောကမှ လွတ်မြောက်ခြင်းများအတွက် လောကီအစီအရင်တစ်ခုကို ဖော်ပြပေးပါမည်။

ယခုအစီအရင်တွင် ဘေးမဲ့လှူခြင်းကုသိုလ်၊ ဆောက်တည်ခြင်းသီလနှင့် ပွားများခြင်း ဘာဝနာ သုံးခုရှိပါသည် ။

မည်သူမဆို လုပ်ဆောင်နိုင်သော အဓိဌာန်အစီအရင်တစ်ခုဖြစ်ပါသည်။ အဓိဌာန်ကာလကို ၉ရက်၊ ၁၈ရက်၊ ၂၇ ရက်စသဖြင့် အလျဉ်းသင့်သလို စတင် ဝင်ရောက်နိုင်ပြီး မိမိမွေးနေ့တွင် စတင်ရပါမည်။

(၁) မိမိမွေးနေ့ မနက်ပိုင်းတွင် (အချိန်မလို) တရော်ကင်ပွန်းဖြင့် ခေါင်းဆေးပါ။

ပြီးလျှင် ဈေးထဲမှ ချုပ်နှောင်ထားသော ကဏန်း (သို့) သတ်ရောင်းမည့်ငါး တစ်ခုခုကို (အရေအတွက်မလို) ဝယ်လွှတ်ပါ။ အဓိဌာန်စမည့် မွေးနေ့ပထမနေ့တွင်သာ လိုအပ်ပါသည်။ လွှတ်သောအခါ မိမိလွှတ်သော သတ္တဝါ၏ အသက်ဘေးမှ လွတ်မြောက်ခြင်းကို ခံစားပြီး ငြိမ်းအေးသွားသောဓာတ်ကို ရင်ထဲရောက်ရှိပါစေ။

(၂) အဓိဌာန်ကာလအတွင်း ၅ပါးသီလကို လုံအောင်ထိန်းရပါမည်။

(၃) ပြီးလျှင် ညဘက်(အချိန်မလို) ဘုရားကျောင်းဆောင်ရှေ့တွင် ဘုရားရှိခိုး သီလယူပြီး နမောတေ ဂါထာတော်ကြီးကို ပုတီး ၁ပတ် ရအောင်စိပ်ရပါမည်။

အနက် အဓိပ္ပါယ်ကိုပါ ဆင်ခြင်ရင်း ဂါထာတစ်ပုဒ် ပုတီးတစ်လုံးချ စိပ်ရပါမည်။

ယင်းသို့စိပ်ပြီး ငါးရံမင်းပရိတ်ကို ရွတ်ဖတ်ပူဇော်ရပါမည်။ ပုံမှန် ဖြည်းဖြည်း ရွတ်ဆိုပူဇော်ရင်း အနက်အဓိပ္ပါယ်ကို ဆင်ခြင်ရန်အရေးကြီးလှပါသည်။

“နမောတေဂါထာတော်”

နမောတေ ဗုဒ္ဓဝီရတ္ထု

ဝိပ်ပမုတ်တောသိ သဗ်ဗဓိ

သမ္မာဓ ပဋိပန္နောသ္မိံ

တဿမေ သရဏံဘဝ

ဆင်ခြင်ပွားများရမည့် အနက်အဓိပ္ပါယ်

ဝီရ – ကြီးစွာသော လုံ့လဝီရိယ ရှိတော်မူသော၊ ဗုဒ္ဓ – မြတ်စွာဘုရား။

တေ – အရှင်မြတ်ဘုရားအား၊နမော – လက်စုံမိုး၍ ရှိခိုးခြင်းသည်၊ အတ္ထု – ဖြစ်ပါစေသတည်း။ တွံ – ရှင်တော်ဘုရားသည်၊ သဗ္ဗဓိ – ကိလေသာ စသော ဒုက္ခအနှောင်အဖွဲ့ အမျိုးမျိုးမှ၊ ဝိပ္ပမုတ္တော – အပြီးတိုင် ကင်းလွတ်တော်မူပါပေသည်၊

အသိ – ဖြစ်၏။

အဟံ – ဘုရားတပည့်တော်မှာကား၊ ပဋိပန္နော – ဒုက္ခဆင်းရဲ အခက်အခဲတွင်းသို့ သက်ဆင်း ကျရောက်နေရခြင်းသည်၊အသ္မိ – ဖြစ်နေရပါ၏ အရှင်ဘုရား။

တွံ – အရှင်ဘုရားသည်၊တဿ မေ – အရှင်မြတ်ကို အားထားပူဇော် တပည့်တော်၏၊

သရဏံ – ကိုးကွယ်အားထားရာဟူ၍၊ ဘဝ – ဖြစ်တော်မူပါ အရှင်ဘုရား။

 

ဖော်ပြပါ အဓိဌာန်အစီအရင်ကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အမှုအခင်း အနှောင်အဖွဲ့ စသည့်ကိစ္စများ ပြေလည်အေးချမ်းမှု ရရှိစေပါလိမ့်မည်။

ဘေးမဲ့လှူခြင်း သီလ ဆောက်တည်ခြင်း၊ ဂါထာပရိတ်တော်များ ပွားများခြင်း ဟူသော ကုသိုလ်တရားများဖြင့် ထုံမွှမ်းထားသည့် အဓိဌာန်အစီရင်ကောင်း ဖြစ်ပါသည်။ ကိုယ်တိုင် ကျင့်ကြံ အားထုတ် ဆုတောင်းခြင်းဖြင့် အနှောင်အဖွဲ့ အပူသောကများမှ ကင်းဝေးနိုင်ကြပါစေ…။

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ။
-ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

ရေးသားသူ –  Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...