အပြိုင်အဆိုင်ကင်းမျောက်မင်းစမတော်ကြီး

Astrology
အပြိုင်အဆိုင်ကင်းမျောက်မင်းစမတော်ကြီး

ဒီစမလေးကတော့
လက်တွေ့မှာအောင်မြင်မူနဲ့အတူ
ထိရောက်မူရှိခဲ့တဲ့
စမ လေးတစ်ခုဆိုရင်မမှားပါဘူး။

မိမိကိုယ်ပဲဖြစ်စေ
မိမိ၏အိမ်သူအိမ်သားပဲဖြစ်စေ
တစ်စုံတစ်ဦးဦးလာရောက်တိုက်ခိုက်တာတွေ
အနှောက်အယှက်ပေးတာ ရန်လိုတာတွေ
အတိုက်အခံ ယှဥ်ပြိုင်ရင်ဆိုင်ရတာတွေ
ပြဿနာအရှာခံရ မနာလိုဖြစ်ခံရတာတွေ
မကောင်းကြံစည်ခံရတာတွေမဖြစ်အောင်လို့
အသုံးပြုခဲ့တဲ့`မက္ကဋလို့ ခေါ်တဲ့
မျောက်မင်း စမ ဖြစ်တယ်

ဒီစမကို ကူးယူ ကပ်လောင်းပြီး
မိမိတို့၏ အိမ်၏အ၀င်ဝ အထွက်ဝ
မိန်းတံခါးအပေါက်ဝရဲ့ အပေါ်မှာ
ချိတ်ဆွဲထားခြင်းသည်လည်း
အတိုက်အခံကင်းဝေးစေတယ်။
(မျောက်မင်းစမအားကပ်လောင်း၍
မိမိတို့၏ ပိုက်ဆံအိပ်ထဲ၌လည်း
ဆောင်ထားနိုင်သည်)

တစ်နည်းအားဖြင့် …
တစ်စုံတစ်ခုခုက မိမိတို့ကို
တကယ်တိုက်ခိုက်နေပြီ
ပြဿနာရှာနေပြီဆိုရင်
မကောင်းတာတွေ လုပ်နေပြီ
အပြိုင်အဆိုင်တွေ ဖြစ်နေပြီဆိုရင်တော့..
မိတ္တူကူးထားသော မျောက်မင်းစမအား
ဖယောင်းတိုင်တွင်ပါတ်၍
မျောက်မင်း၏ မျက်နှာကိုမိမိတို့ကို
တိုက်ခိုက်နှောက်ယှက်သော သူ၏ အရပ်ကို
မျောက်မင်း၏ဦးခေါင်း(မျက်နှာ)မူ၍
တစ်နေ့ကို မနက်၉ နာရီမှာတစ်တိုင်
ည၉နာရီမှာတစ်တိုင်နှုန်း၉ရက်တိတိ
ကြွေပုဂံပြားပေါ်မှာ မတ်စေ့တင်
မတ်စေ့ပေါ်မှာထွန်း၍
ဆုတောင်းပူဇော်ကြည့်ပါ ။

ဘုရားကျောင်းဆောင် ၏ အောက်
ခုံပုလေးနဲ့တင်၍ ထွန်းပါ။
များမကြာခင်အောင်မြင်မယ်ဆိုတာကို
ဧကန်မုချမျက်ဝါးထင်ထင်တွေ့မြင်ရလိမ့်မည် ဖြစ်သည်…။
Credit org

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...