အိမ် ခြံ မြေ များရောင်းချလိုပါက

Astrology
အိမ် ခြံ မြေ များရောင်းချလိုပါက

ရောင်းချလိုသူပိုင်ရှင်၏ ဌာနအရပ်မှ
(ဤမြေခြံတိုက်ကိုရောင်းချတော့မည်ဖြစ်၍
ဤခြံမြေတိုက်နှင့်ပတ်သက်ဆက်စပ်နေသော
ပရလောကသားတို့က သင်တို့နှင့်
ကြောင်းကျိုးဆက်စပ်သော
အရပ်ရှစ်မျက်နှာမှ
ဝယ်ယူပိုင်ဆိုင်ထိုက်တဲ့ ပုဂ္ဂိုလ်များကို
အမြန်ဆုံးဆွဲဆောင်ပေးကြပါခင်ဗျာ/ရှင်

အရောင်းအဝယ်အောင်မြင်ပြီးစီးပါကလည်း
အသင်တို့အားရည်မှန်း၍ရဟန်းသံဃာတို့အား
ဆွမ်းသင်္ကန်းပရိက္ခရာအစုံကပ်လှူပြီး
လေးနက်စွာ အမျှအတမ်းပေးဝေပါမည်ဟု
ခိုင်မာစွာ ကတိပြုပါသည်ခင်ဗျာ/ရှင်
ထိုသို့ ကတိပေးပြီးလျှင်
ထို ကတိစာတမ်းကိုစာရွက်မှာရေး
အဝကျယ်သော ပုလင်းတစ်လုံးမှာပတ်၍
အမွှေးတိုင်ကောင်းကောင်းတစ်တိုင်ကို
နေ့စဥ် နံက်နေထွက် ညနေဝင်မှာထွန်းပေးပါ

ထို စာတမ်းအရကတိသစ္စာနှစ်ကြိမ်ပြုပေးပါ
ဘုရားကျောင်းဆောင်ထက်နိမ့်သောနေရာမှာ
သီးခြား ခုံတစ်လုံးထား၍ အမွှေးတိုင်ထွန်းပါ

နေ့သားအလိုက်(ဌာနအရပ်များမှာ)

တနင်္ဂနွေသားသ္မီး အနောက်မြောက်
တနင်္လါသားသ္မီး မြောက်အရပ်
အင်္ဂါသားသ္မီး အရှေ့မြောက်အရပ်
ဗုဒ္ဓဟူးသားသ္မီး အရှေ့အရပ်
ကြာသပတေးသားသ္မီးတောင်အရပ်
သောကြာသားသ္မီး အနောက်အရပ်
စနေသားသ္မီး အရှေ့တောင်အရပ်

အထက်ပါနည်းအတိုင်း
ဗုဒ္ဓအလိုတော်အရ ယုံကြည်စွာဆောင်ရွက်ပြီး
မိမိရဲ့ တရားမျှတတဲ့အလိုဆန္ဒအတိုင်း
အလျှင်အမြန်ထူးကဲထိုက်တန်စွာအဆင်ပြေပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...