“၂၀၂၄ နဂါးနှစ်အတွက် ဖုန်းရွှေအစီအမံများ”

Astrology
“၂၀၂၄ နဂါးနှစ်အတွက် ဖုန်းရွှေအစီအမံများ”

၂၀၂၄ ခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရ သစ်သားနဂါးနှစ် ဖြစ်ပါတယ်။ တရုတ်ရိုးရာရာသီခွင်အရ နဂါးဟာ အစွမ်းထက်ဆုံး တိရစ္ဆာန်အဖြစ်သတ်မှတ်ပါတယ်။
နဂါးဟာ ဉာဏ်ပညာ၊ ခွန်အား၊ သတ္တိနှင့် အောင်မြင်မှုကို ကိုယ်စားပြုပြီး သစ်သားဓာတ်ဟာ တီထွင်ဖန်တီးနိုင်မှု လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှုနဲ့ လုပ်ငန်းအသက်မွေးမှုများ တိုးတက်မှုရရန် အခွင့်အလမ်း ပေးနိုင်စွမ်း ရှိပါတယ်။ ၂၀၂၄ မှာ ကံကောင်းမှုအမြင့်မားဆုံပေးဆောင်နိုင်တဲ့အရောင်ကတော့ မြစိမ်းရောင်ဖြစ်ပါတယ်။ ဖုန်းရွှေပညာအရ စွမ်းအင်စီးဆင်းမှုအကောင်းဆုံးဖြစ်စေမဲ့ အစီအရင်တွေကို လိုက်လျောညီထွေ ဖန်တီးပေးရမှာဖြစ်ပါတယ်။

ဖုန်းရွှေပညာမှာ ဓာတ်ကြီးငါးပါးကို ဟန်ချက်ညီအောင် ထိန်းညှိပေးရန် လိုအပ်ပါတယ်။ သစ်သားနဂါးနှစ်ဟာ ကြီးထွားဖွံ့ဖြိုးမှု ချဲ့ထွင်နိုင်မှု တီထွင်ဖန်တီးနိုင်မှု ဆန်းသစ်တီထွင်နိုင်မှု ကျန်းမာရေးတက်ကြွမှုတွေကို ကိုယ်စားပြုပါတယ်။
၂၀၂၄ မှာ ကံကောင်းစေဖို့ ဖုန်းရွှေအထူးအစီအရင်များကို သွားကြပါစို့။

(၁) နဂါးရုပ်ထု – ကံကောင်းခြင်းများကို ဆွဲဆောင်နိုင်စေဖို့ ဧည့်ခန်း၊ထမင်းစားခန်း (သို့) နေအိမ် အလုပ် ဝင်ပေါက်မှာ နဂါးရုပ်ထုကိုထားရှိရမယ်။ သစ်သားဓာတ်လွှမ်းမိုးသောနှစ်ဖြစ်သောကြောင့် သစ်သားဖြင့် လုပ်ထားသောအစိမ်းရောင်နဂါးကို ရွေးချယ်ခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တံခါးမကြီး ဝင်ပေါက် မျက်နှာမူတဲ့လားရာအတိုင်း နေရာချထားခြင်းဖြင့် ကောင်းမွန်သော ချီဓာတ်ကို ကြိုဆိုနေမှာပါ။

(၂) ဝါးပင်- ဝါးပင်ဟာ မည်သည့်အခြေအနေမဆို ကြီးထွားနိုင်ပြီး စိန်ခေါ်မှုတိုင်းကို ရှင်သန်နိုင်သောကြောင့် ကြီးထွားမှု အသက်ရှည်မှု ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။ နေအိမ်၊ ခြံ၊ မြေတို့ရဲ့ အရှေ့အရပ်(သို့) အရှေ့တောင်ဘက်တွင် ဝါးပင်ကို စိုက်ပျိုးထားပါ။

(၃) ကျောက်စိမ်း – ကျောက်စိမ်းဟာ ကံကောင်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းနဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပါပါတယ်။ ဒါကြောင့် ကျောက်စိမ်းကို လည်ဆွဲ လက်ကောက် လက်စွပ် စသဖြင့် လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ပါ။
အထက်ပါ ဖုန်းရွှေအစီအရင် ၃ခုအပြင် –

*ကောင်းမွန်သော အပြုသဘောဆောင်သော စကားများနှင့် နှစ်သစ်ကို စတင်ပါ။
*ကျေးဇူးတင်ထိုက်သောသူများကို ကျေးဇူးအောက်မေ့ဆင်ခြင်ခြင်းကို မိနစ်ပိုင်းမျှ အလေ့အကျင့်ပြုပါ။

*အပြုသဘောဆောင်သော စကားကို ဆိုပါ။

*လုပ်ငန်းနေရာ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရှိပါ။

အထက်ပါ ၄ချက်ကိုလည်း စနစ်တကျ လိုက်နာကျင့်သုံးခြင်းဖြင့် ၂၀၂၄ ခုနှစ် သစ်သားနဂါးနှစ်မှာ ကံကောင်းခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ တိုးတက်မှုများရရှိခြင်း သာယာဝပြောမှု ပျော်ရွှင်မှုများနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်လာပါလိမ့်မယ်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ. .

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...