(၈)လပိုင်းအတွက်လိုရာပြည့်စေသောအဆောင်

Astrology
(၈)လပိုင်းအတွက်လိုရာပြည့်စေသောအဆောင်

ဩဂုတ်လအတွင်းကိုယ်လိုသောဆန္ဒများပြည့်ဝစေရန်ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်နိုင်သောအဆောင်စီရင်ပြုလုပ်ပုံလေးကိုမေတ္တာနဲ့ဖေါ်ပြပေးလိုက်ပါတယ်။လိုသူဆောင်၍အောင်ပါစေ။

မည်သည့်နေ့မဆိုလဆန်းတစ်ရက်နေ့မှ(၅)ရက်အတွင်းမှာအဆင်ပြေသောတစ်ရက်တွင်စတင်စီရင်တစ်လတာလုံးဆောင်ထားပါ။
မနက်စောစော(၅)နာရီဝန်းကျင်လောက်တွင်ညောင်ပင်ကြီးကြီးတစ်ပင်ကိုသွားပါ။

ညောင်ပင်သို့ရောက်သောအခါ
အမွှေးတိုင်(၃)တိုင်
ဖယောင်းတိုင်(၃)တိုင်ထွန်းညှိ၍
ကောက်ညှင်းပေါင်းအဖြူတစ်ပွဲကိုအုန်းသီးဖြူး၍ညောင်ပင်တွင်ရှိသောရုက္ခစိုးကြီးအားရည်မှန်းကာအောက်ပါရုက္ခစိုးဂါထာကို(၉)ခေါက်ရွတ်ပြီးမေတ္တာပို့သပါ။
#ရုက်ခစိုးဂါထာ
အာကာသဋ္ဌာန ဘူမဋ္ဌာစ
ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ
ဣဒ္ဓိ မန္တောစ ယေဒေဝါ
မံပါလတေု ပတိစ်ဆိတံ ။

ဂါထာရွတ်ဆိုပြီးပက်လက်ကြွေကျနေသောညောင်ရွက်သန်သန့်ရှိက၎င်းညောင်ရွက်ကိုကောက်ယူပါ။
ကြွေကျနေသောညောင်ရွက်မရှိကလက်လှမ်းမှီရာညောင်ရွက်တစ်ရွက်ကိုအဆောင်အဖြစ်ပေးပါဟုခွင့်တောင်းပြီးယူပါ။
၎င်းညောင်ရွက်တွင်ကိုယ်ဖြစ်လိုသောဆန္ဒကိုအတိုဆုံးရေးပါ။

ဥပမာ-ငွေဝင်
ကြွေးရ
အလုပ်ရ (ဖြစ်နိုင်သောအကြောင်းအရာ)စသဖြင့်ရေးပြီးကိုယ်အတွက်အဆောင်အနေဖြင့်ဆောင်ထားပါ။မကြာခဏထုတ်ကြည့်၍ကိုယ်ဖြစ်လိုသောဆန္ဒကိုပြောပြောပေးပါ။
တစ်လအတွင်းသင့်လိုရာဆန္ဒပြည့်အောင်မြင်သွားပါလိမ့်မယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...