A , AB . B .O ဆိုသောသွေးများအကြောင်း

Astrology
A , AB . B .O ဆိုသောသွေးများအကြောင်း

Aသွေး

စိတ်ခံစားချက်များကို သူတစ်ပါးမြင်သာအောင် ဖွင့်ဟပြောဆိုနိင်ခွင့် မရှိခဲ့တဲ့ အချိန်တွေ အရမ်းများပါတယ် ။
🅰️မိမိ စိတ်တိုင်းမကျတဲ့အချိန်တွေရှိလာခဲ့ရင်တောင်မှ သူတစ်ပါးထိခိုက်နစ်နာမှာဆိုးလို့ တစ်ယောက်ထဲကြိတ်ပြီး ခံစားခဲ့ရတဲ့ အဖြစ်ပျက်မျိုးတွေ များပါတယ် ။
🅰️မည်သို့ပင်ဆိုစေကာမှု ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ အကျင့်ကြောင့် ဒေါသကြီးသူ စိတ်ကြီးတတ်သူ တစ်ယောက်လို့ ထင်မြင်ချက်ပေးခြင်း ခံရပါလိမ့်မယ် ။
🅰️သို့ပေမဲ့ 🅰️ သွေးများရဲ့ စိတ်ဟာ လွတ်လပ်စွာ နေထိုင်ရခြင်းကို မြတ်နိုးတတ်ပြီး စိတ်ရဲ့ ခံစားချက်တွေကို မည်သူကိုမျှ ဂရုမစိုက်လေပဲပေါက်ကွဲတတ်ကြပါတယ် ။
🅰️အချစ်ရေးမှာတော့ ကိုယ်က အရမ်းချစ်သလောက် ကိုယ်အပေါ် နားလည်ပေးနိုင်တဲ့ ချစ်သူမျိုးနဲ့ တွေ့ဖို့ ခက်ခဲလှပါတယ် ။
🅰️တကယ်တော့ 🅰️သွေးများဟာ အချစ်ရေးမှာ ပျော်ရွှင်ခြင်း ကျေနပ်ပီတိ ရခြင်း သာယာလှပခြင်းဆိုတဲ့ အခြေအနေမျိုးတွေနဲ့ တွေ့ရှိလာဖို့ မလွယ်ပါဘူး ။
🅰️ကိုယ်ဘက်ကပဲ အရမ်း ချစ်နေရတတ်ပါတယ် ။

AB သွေး

ကိုယ်စတိုင်လ်နဲ့ကို နေထိုင်တတ်တဲ့ သွေးမျိုးဖြစ်ပါတယ် ။ သူငယ်ချင်းအပေါင်းအသင်းများအပေါ် အရမ်းခင်မင်ရင်းနှီးတတ်တဲ့ စိတ်မျိုးရှိကြပါတယ် ။
🆎တစ်ယောက်ထဲ နေရတဲ့ အခါမျိုးတွေ ရှိလာခဲ့ရင် ကိုယ်ရဲ့ဘဝကိုသိပ်ပြီး မကျေနပ်သလို မျိုး တွေးနေတတ်ပါတယ် ။
🆎ကိုယ့်ရဲ့ သူငယ်ချင်းက ကိုယ့်အပေါ် ကိုယ်က ခင်သလောက်ပြန်မခင်ဘူးလို့ ထင်နေတတ်ကြပါတယ် ။
🆎ပျော်ရွှင်ခြင်းများကို မြတ်နိုးတတ်တဲ့ စိတ်ဟာ
မည်သို့သော သွေးအမျိုးအစားမျှ လိုက်၍ မမှီနိုင်ပါဘူး ။
🆎အချစ်ရေးမှာတော့ ကံကောင်းခြင်း ကံဆိုးခြင်း တူတူ ညီမျှနေတတ်ပါတယ် ။
🆎 သွေးများ အချစ်ကြီးပြီးဆိုရင် အရမ်း ကြောက်စရာကောင်းလောက်အောင် ချစ်တတ်ကြပါတယ် ။
🆎ဥပေက္ခာ ပြုပြီးဆိုရင်လည်း ဘယ်သွေးအမျိုးအစားမှ ယှဉ်ပြိုင်၍ မရနိုင်ပါ ။

Bသွေး

B သွေးပိုင်ရှင်များဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် အတိုက်အခိုက်အတားအဆီးများတတ်ကြပါတယ် ။
🅱️တခြားသွေးပိုင်ရှင်များထက်ပိုပီးကြိုးစားရုန်းကန်ရတာကြောင့် တစ်ခါတစ်ရံစိတ်ဓာတ်ကျ လုနီးပါးဖြစ်တတ်ပါတယ် ။
🅱️သို့သော်လည်းရုန်းကန်ခြင်းရဲ့အဆုံးသတ်မှာတော့အောင်မြင်မှုတစ်ခုနဲ့ တွေ့ရတတ်ပါတယ် ။
🅱️တစ်ခါတစ်ရံ ကလေးဆန်ပီးမရင့်ကျက်တတ်သလို တစ်ခါတစ်ရံကြတော့လူကြီးသူမ တစ်ယောက်လိုပြောဆိုဆုံးမတတ်တာလည်း သွေးတွေရဲ့အကျင့်စရိုက်တစ်မျိုးပါ ။ ဒေါသထွက်လွယ် စိတ်ကောက်လွယ်ပီး စိတ်မှတ်ကြီးသူများတော့မဟုတ်ကြပါ ။
🅱️ဘယ်အရာဘယ်ကိစ္စကိုမှ တအားကြီးမမျှော်လင့်မထားတတ်ကြပါဘူး ။
🅱️အလုပ်ကိစ္စနဲ့ပတ်သက်လာရင်တော့ လောဘကြီးတတ်ကြပါတယ် ။ အချိန်ကိုလေးစားပီးအလုပ်ကိုတိကျသေသပ်စွာလုပ်တတ်ကြပါတယ် ။
🅱️မိမိ ထက်သူငယ်ချင်းအပေါင်းအသင်းများအပေါ် စိုးရိမ်ပူပန်တတ်ကြပါတယ် ။
🅱️အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ရယူပိုင်ဆိုင်ခြင်းထက် စွန့်လွှတ်အနစ်နာခံခြင်းများကိုပိုမိုနှစ်သက်ကြသူများ ဖြစ်ကြပါတယ် ။
🅱️အချစ်ရေးမှာ သိပ် ကံမကောင်းကြပါဘူး ။
ဒါပေမဲ့ အချစ်စစ် အချစ်မှန်ကို အရမ်း မြတ်နိုးတတ်တဲ့ သွေးမျိုးဖြစ်ကြပါတယ် ။

O သွေး

မိမိဖြစ်ချင်နေတဲ့ ဆန္ဒထက် သူတစ်ပါးပျော်ရွှင်ခြင်းကို ဦးစားပေးနေတတ်တဲ့ သွေးမျိုးဖြစ်ပါတယ် ။
🅾️မိသားစု သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေများပေါ်မှာ အနစ်နာခံတက်တဲ့စိတ်ရှိတာကြောင့် တစ်ခါတလေမှာ မိမိကိုယ်ကို ဥပေက္ခာပြုသလိုဖြစ်နေတက်ပါတယ် ။
🅾️စိတ်တိုင်းမကျခြင်းတွေ အရမ်းများလာခဲ့ရင်တောင်မှ “ငါ့မိသားစု အဆင်ပြေဖို့ အတွက် ငါ့ပေးဆပ်နေတာပဲလေ ငါ့ဘယ်လိုပဲနေနေ ငါ့မိသားစုအဆင်ပြေနေရင် ငါပေးဆပ်ရကျိုးနပ်ပါပြီ”လို့ အမြဲတမ်း စဉ်းစားနေတက်တဲ့ သွေးအမျိုးအစားဖြစ်ပါတယ် ။
🅾️အချစ်ရေးမှာတော့ 🅾️သွေးများဟာ ကိုယ့်ချစ်သူကို သဝန်မတိုတတ်ဘူးလို့ ထင်ရပေမဲ့ မိမိရဲ့အတွင်းစိတ်မှာတော့ အရမ်းချစ်တတ်ပြီး သဝန်တိုတတ်ကြပါတယ် ။
🅾️ကိုယ့်ချစ်သူကို ချစ်လားဆိုပြီး အမြဲတမ်းမေးနေတတ်ပါတယ် ။
🅾️အချစ်အရမ်းကြီးပြီး ခွင့်လွတ်အနစ်နာခံပြီး မိမိ ချစ်သူအပေါ် ပေးဆပ်ရင်းနဲ့ နားလည်မှုပေးစွမ်းနိုင်တာ 🅾️ သွေးတွေ ဖြစ်ကြပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...