Augustလမှာ အနီရောင်ပန်းများ ကပ်လှူပေးရမည့်အချိန်များ

Astrology
Augustလမှာ အနီရောင်ပန်းများ ကပ်လှူပေးရမည့်အချိန်များ

Lucky Day-13.8.2024(အင်္ဂါနေ့)
Lucky Time-7:22Am to 7:46Am

အထက်ပါ နေ့ရက် နှင့် အချိန်ကောင်းမှာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အား
#အနရောင်ပန်းများ ရိုသေစွာဖြင့်
ကပ်လှူပေးပြီး ဆုတောင်းကြရမည်။

ဆုတောင်းစာ

ဘုရားတပြည့်တော်/မ သည် အမြဲထာဝရ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာစွာ အသက်ရှည်စေကာ အနာမဲ့လျက်
ဘေးရန်ခပ်သိမ်းကင်းလွှတ်ငြိမ်းနေကာ စိတ်အေးချမ်း
ကြည်လင်သာယာစွာဖြင့် စီးပွါးဥစ္စာများ အထူးဖွံဖြိုး
တိုးတက်နေ၍ ငွေကြေးလာဘ်လာဘများ ရရှိပိုင်ဆိုင်ပြီး
ချမ်းသာသုခနှင့်ပြည့်စုံနေရပါလို၏ အရှင်မြတ်ဘုရား…။

အနီရောင်ပန်း(၃)ပွင့် အနည်းဆုံး ကပ်လှူပေးကြပါ။

အနီရောင်ပန်းကို မည်သည့်ပန်းအမျိုးအစားမဆို
ယုံကြည်စွာ ကပ်လှူပေးနိုင်ပါတယ် ခင်ဗျ…။

သတ်မှတ်ထားသည့် Lucky Day နှင့် Lucky Timeမှာ
အနီရောင်ပန်းများ ကပ်လှူပေးခြင်းက အကောင်းဆုံးပါ။

တစ်လမှာတစ်ရက် အကောင်းဆုံးတွက်ချက် ရွေးချယ်ထား
သောကြောင့် ထိုရက်၊ထိုအချိန်မှာ အနီရောင်ပန်းများကို
သေချာသတိတရ ကပ်လှူပေးမည်ဆိုလျှင်….

*စီးပွါးရေးလုပ်ငန်းများအဆင်ပြေချော့မွေ့စေခြင်း

*ငွေကြေးလာဘ်လာဘများ ပေါရွှင်စေခြင်း

*ချမ်းသာကြွယ်ဝလာစေခြင်း….စသည့်
အကျိုးကျေးဇူးများရရှိစံစားနေရပါမည်။

ကျေးဇူးရှင် ဆရာဦးမင်းနိုင် သင်ပြပေးထားသည့်
လောကီပညာရပ်များမှ အကောင်းဆုံးတွက်ချက်ပြီး
တစ်လမှာ တစ်ရက်သာရမည့် Lucky Day လေးမှာ
#အနရောင်ပန်းများ ကပ်လှူပေးရမည့် Postကို
လစဉ် လတိုင်း ဒါနပြု တင်ပေးဖြစ်နေမှာပါ။

ငွေ‌ကြေးအခက်အခဲဟူသမျှ တွေ့ကြုံခံစားနေရသူ
ဆရာ့မိတ်ဆွေများ အခုယတြာ လုပ်ဆောင်ဖွယ်ရာဖြင့်
အထောက်အပံ့ကောင်းများစွာ ရရှိ၍ အဆင်ပြေကြပါစေ။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...